[Zawgyi]

Qualcomm ဟာ ဟာဝိုင္ယီမွာ က်င္းပျပဳလုပ္တဲ့ သူ႔ရဲ႕ ႏွစ္ပတ္လည္အစည္းအေဝးမွာ Chipset အသစ္ Snapdragon 855 ကို တရားဝင္ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ပုံမွန္အတိုင္းဆိုရင္ေတာ့ အစည္းအေဝးပထမေန႔မွာ မိတ္ဆက္႐ုံသာ မိတ္ဆက္ေၾကညာၿပီး ဒုတိယေန႔မွာမွ Specs Sheet အျပည့္အစုံကို ထုတ္ျပန္တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Qualcomm ရဲ႕ Chipset အသစ္ဟာ Snapdragon 855 ျဖစ္ေၾကာင္း သိလိုက္ရၿပီျဖစ္ပါတယ္။ Twitter Leakster Roland Quandt က TSMC ကထုတ္လုပ္ေၾကာင္းနဲ႔ 7nm process ျဖစ္ေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။ Snapdragon 855 ကေတာ့ Platform သစ္ရဲ႕ Internal name ျဖစ္ေၾကာင္းလည္း ေဖာ္ျပသြားခဲ့ပါတယ္။

Snapdragon 855 ဟာ Snapdragon X50 modem နဲ႔ျဖစ္ၿပီး 5G ခ်ိတ္ဆက္မႈအတြက္ အေျဖပဲျဖစ္တယ္လို႔ သိရပါတယ္။ CPU ကေတာ့ အေစာပိုင္းက သတင္းထြက္ခဲ့တဲ့အတိုင္းပဲ Clusters သုံးခုနဲ႔ပဲ ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။ အျမင့္ဆုံး Clocked ကေတာ့ 2.84 GHz ျဖစ္ၿပီး GPU ကေတာ့ Andreno 640 ျဖစ္ပါလိမ့္မယ္။

Snapdragon 855 ဟာ AI performance ကို တိုးျမႇင့္ထားၿပီး Huawei ရဲ႕ GPU Turbo နဲ႔ Oppo ရဲ႕ Hyper Boost တို႔ကို ယွဥ္ၿပိဳင္ႏိုင္မယ္လို႔ ဆိုရမွာပါ။ Qualcomm အေနနဲ႔ အဆင့္ျမင့္ ဂိမ္းမင္းပိုင္းေတြကိုပါ ေကာင္းမြန္စြာ ကစားႏိုင္ဖို႔ ပိုၿပီးအာ႐ုံစိုက္လာတယ္လို႔ သုံးသပ္ရမွာပါ။ တရားဝင္ အခ်က္အလက္ေတြနဲ႔ ေၾကညာမႈေတြကိုေတာ့ ဒီတစ္ပတ္တြင္းမွာပဲ ထုတ္ျပန္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

 

Ref: GSMarena

 

[Unicode]

Qualcomm ဟာ ဟာဝိုင်ယီမှာ ကျင်းပပြုလုပ်တဲ့ သူ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ Chipset အသစ် Snapdragon 855 ကို တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အစည်းအဝေးပထမနေ့မှာ မိတ်ဆက်ရုံသာ မိတ်ဆက်ကြေညာပြီး ဒုတိယနေ့မှာမှ Specs Sheet အပြည့်အစုံကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Qualcomm ရဲ့ Chipset အသစ်ဟာ Snapdragon 855 ဖြစ်ကြောင်း သိလိုက်ရပြီဖြစ်ပါတယ်။ Twitter Leakster Roland Quandt က TSMC ကထုတ်လုပ်ကြောင်းနဲ့ 7nm process ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ Snapdragon 855 ကတော့ Platform သစ်ရဲ့ Internal name ဖြစ်ကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ်။

Snapdragon 855 ဟာ Snapdragon X50 modem နဲ့ဖြစ်ပြီး 5G ချိတ်ဆက်မှုအတွက် အဖြေပဲဖြစ်တယ်လို့ သိရပါတယ်။ CPU ကတော့ အစောပိုင်းက သတင်းထွက်ခဲ့တဲ့အတိုင်းပဲ Clusters သုံးခုနဲ့ပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ အမြင့်ဆုံး Clocked ကတော့ 2.84 GHz ဖြစ်ပြီး GPU ကတော့ Andreno 640 ဖြစ်ပါလိမ့်မယ်။

Snapdragon 855 ဟာ AI performance ကို တိုးမြှင့်ထားပြီး Huawei ရဲ့ GPU Turbo နဲ့ Oppo ရဲ့ Hyper Boost တို့ကို ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုရမှာပါ။ Qualcomm အနေနဲ့ အဆင့်မြင့် ဂိမ်းမင်းပိုင်းတွေကိုပါ ကောင်းမွန်စွာ ကစားနိုင်ဖို့ ပိုပြီးအာရုံစိုက်လာတယ်လို့ သုံးသပ်ရမှာပါ။ တရားဝင် အချက်အလက်တွေနဲ့ ကြေညာမှုတွေကိုတော့ ဒီတစ်ပတ်တွင်းမှာပဲ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

 

Ref: GSMarena