Zawgyi Font Version

လေပါင္းမ်ားစြာၾကာ အေမရိကန္ နည္းပညာကုမၸဏီေတြဟာ ေဒၚလာ သန္းေပါင္း (၂၀၀) တန္ဖိုးရွိတဲ့ တရုတ္ျပည္က သြင္းကုန္ပစၥည္းေတြအေပၚအခြန္ေကာက္ခံမွာကိုစိုးရိမ္ခဲ့ၾကပါတယ္။ စိုးရိမ္ခဲ့တဲ့အတိုင္းပဲ နည္းပညာထုတ္ကုန္ေတြကို ပစၥည္းတန္ဖိုးရဲ႕ (၂၅) ရာခိုင္ႏွုန္းထိ အခြန္ေကာက္ခံမယ္လို႔ အေမရိကန္အစိုးရဘက္က သတင္းထုတ္ျပန္လိုက္ပါတယ္။ ဒီေန႔မွာေတာ့ အေမရိကန္ နည္းပညာေလာကၾကီးအတြက္ သတင္းေကာင္းတစ္္ခုထြက္ေပၚလာပါတယ္။ Bloomberge ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ အဆိုပါ အခြန္ေကာက္ခံမွုအသစ္မွာ အသံေတြကိုဖမ္းယူျပီး ျပန္လႊင့္တဲ့ Device ေတြမပါဝင္ဘူးလို႔သိရပါတယ္။ အဆိုပါ Device အမ်ိဳးအစားထဲမွာ Apple Watch ေတြ၊ Fitbits, Sonos Speakers ေတြ အစရွိတဲ့ Fitness Tracker ေတြနဲ႔ Speakers, Headphones, Earphones ေတြမပါဝင္ေတာ့ပါဘူး။

သြင္းကုန္ပစၥည္းေတြအေပၚအခြန္ေကာက္မယ့္ ႏွုန္းထားကိုလည္း အိမ္ျဖဴေတာ္မွာပဲ ျပန္လည္ေဆြးေႏြးသံုးသပ္ခဲ့ျပီး အခြန္ေကာက္ႏွုန္းကိုေလွ်ာ့ခ်ေပးခဲ့ပါတယ္။ Wall Street Journal ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ အခြန္ေကာက္မယ့္ ပစၥည္းေတြကို ပစၥည္းတန္ဖိုးရဲ႕ (၁၀) ရာခိုင္ႏွုန္းထိ ေလွ်ာ့ခ်ေပးခဲ့တယ္လို႔သိရပါတယ္။ မၾကာေသးခင္ ၾသဂုတ္လအတြင္းမွာပဲ ပစၥည္းတန္ဖိုးရဲ႕ (၂၅) ရာခိုင္ႏွုန္းကို အခြန္ေပးေဆာင္ေစဖို႔ Trump က ဆံုးျဖတ္ခဲ့တာျဖစ္ျပီး ေဝဖန္သံေတြနဲ႔ နည္းပညာေလာကၾကား မတည္မျငိမ္ျဖစ္လာတာေၾကာင့္ အခြန္ေကာက္ႏွုန္းကို ျပန္လည္ေလွ်ာ့ခ်ခဲ့တာပါ။

Apple ရဲ႕ Apple Watch, Earpods, Airpods, Beats Headphones ေတြနဲ႔ တစ္ျခား အသံထုတ္လႊတ္ေပးတဲ့ Device ေတြဟာ အခြန္ေကာက္မယ့္ စာရင္းထဲမပါဝင္ေတာ့လို႔ ေစ်းထပ္မတက္ေတာ့ပါဘူး။ ဒါေပမယ့္လည္း အေမရိကားကို သက္သက္ တင္သြင္းလာတဲ့ iPhone ေတြအတြင္းသံုးမယ့္ Circuit Board ေတြနဲ႔ တစ္ျခား အားသြင္း Adapter ေတြနဲ႔ အားသြင္းၾကိဳးေတြကိုေတာ့ အခြန္ေကာက္ခံမွာပါ။

အေမရိကန္အစိုးရက Apple ကို တရုတ္ပစၥည္းေတြနင္းကန္ဝယ္ျပီး တင္သြင္းေနတဲ့ ကုမၸဏီတစ္ခုအျဖစ္ အခြန္ေကာက္ရမယ့္ အဓိက စာရင္းထဲကိုတင္သြင္းခဲ့တာျဖစ္တယ္လို႔ Apple ကိုယ္တိုင္က ျပန္တမ္းတစ္ခုမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ အဆိုပါ အခြန္တိုးျမွင့္ေကာက္ခံမွုေၾကာင့္ အေမရိကန္ နည္းပညာကုမၸဏီေတြဘယ္ေလာက္ အထိနာလဲဆိုတာ လူေတြမသိၾကပါဘူး။ ဝယ္ယူသံုးစြဲသူေတြအေနနဲ႔ေတာ့ သူတို႔သံုးစြဲေနတဲ့ ပစၥည္းေတြေစ်းတက္လာမွသာ သိၾကမွာျဖစ္တယ္လို႔ Apple က သူ႔ရဲ႕ျပန္တမ္းမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အခြန္ေကာက္ခံတဲ့ႏွုန္းထားကို ေလွ်ာ့ခ်လိုက္ေပမယ့္လည္း တရုတ္ကုန္ၾကမ္းပစၥည္းေတြအေပၚမွီခိုေနရတဲ့ နည္းပညာပစၥည္းထုတ္လုပ္တဲ့ နယ္ပယ္မွာေတာ့ ပရမ္းပတာျဖစ္ေနမွာပါပဲ။ အဓိက နည္းပညာထုတ္ကုန္ေတြျဖစ္တဲ့ ဖုန္းေတြနဲ႔ Laptop ေတြအေပၚတိုက္ရိုက္မသက္ေရာက္ေပမယ့္လည္း အတြင္းပိုင္းပစၥည္းေတြကိုအခြန္ေကာက္ခံမွုအေျပာင္းအလဲေၾကာင့္ ပိုမိုေစ်းသက္သာမယ့္ ကုန္ၾကမ္းပစၥည္းေတြရွာရေတာ့မွာမို႔လို႔ ပစၥည္းထုတ္လုပ္တဲ့ေနရာမွာ ေတာ္ေတာ္ေလးကို အေႏွာင့္အယွတ္ျဖစ္မွာပါ။ “ျခံဳငံုသံုးသပ္ရရင္ ဒီ အခြန္ေကာက္ခံမွု အသစ္က အေမရိကန္ နည္းပညာကုမၸဏီေတြကို ထိခိုက္ေစျပီး အခုမွ အသစ္စတင္တည္ေထာင္ေနတဲ့ လုပ္ငန္းအေသးေလးေတြအတြက္ အခက္အခဲျဖစ္ေစတာကလြဲရင္ တစ္ျခားဘာမ်ား ေကာင္းမြန္လဲဆိုတာ မေသခ်ာပါဘူး” လို႔ Peeble ရဲ႕ ပူးေပါင္းတည္ေထာင္သူျဖစ္တဲ့ Rahul Bhagat က ေျပာၾကားထားပါတယ္။

Ref: The Verge

Unicode Version

လပေါင်းများစွာကြာ အမေရိကန် နည်းပညာကုမ္ပဏီတွေဟာ ဒေါ်လာ သန်းပေါင်း (၂၀၀) တန်ဖိုးရှိတဲ့ တရုတ်ပြည်က သွင်းကုန်ပစ္စည်းတွေအပေါ်အခွန်ကောက်ခံမှာကိုစိုးရိမ်ခဲ့ကြပါတယ်။ စိုးရိမ်ခဲ့တဲ့အတိုင်းပဲ နည်းပညာထုတ်ကုန်တွေကို ပစ္စည်းတန်ဖိုးရဲ့ (၂၅) ရာခိုင်နှုန်းထိ အခွန်ကောက်ခံမယ်လို့ အမေရိကန်အစိုးရဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့မှာတော့ အမေရိကန် နည်းပညာလောကကြီးအတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပါတယ်။ Bloomberge ရဲ့ သတင်းထုတ်ပြန်ချက်အရ အဆိုပါ အခွန်ကောက်ခံမှုအသစ်မှာ အသံတွေကိုဖမ်းယူပြီး ပြန်လွှင့်တဲ့ Device တွေမပါဝင်ဘူးလို့သိရပါတယ်။ အဆိုပါ Device အမျိုးအစားထဲမှာ Apple Watch တွေ၊ Fitbits, Sonos Speakers တွေ အစရှိတဲ့ Fitness Tracker တွေနဲ့ Speakers, Headphones, Earphones တွေမပါဝင်တော့ပါဘူး။

သွင်းကုန်ပစ္စည်းတွေအပေါ်အခွန်ကောက်မယ့် နှုန်းထားကိုလည်း အိမ်ဖြူတော်မှာပဲ ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့ပြီး အခွန်ကောက်နှုန်းကိုလျှော့ချပေးခဲ့ပါတယ်။ Wall Street Journal ရဲ့ သတင်းထုတ်ပြန်ချက်အရ အခွန်ကောက်မယ့် ပစ္စည်းတွေကို ပစ္စည်းတန်ဖိုးရဲ့ (၁၀) ရာခိုင်နှုန်းထိ လျှော့ချပေးခဲ့တယ်လို့သိရပါတယ်။ မကြာသေးခင် သြဂုတ်လအတွင်းမှာပဲ ပစ္စည်းတန်ဖိုးရဲ့ (၂၅) ရာခိုင်နှုန်းကို အခွန်ပေးဆောင်စေဖို့ Trump က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဝေဖန်သံတွေနဲ့ နည်းပညာလောကကြား မတည်မငြိမ်ဖြစ်လာတာကြောင့် အခွန်ကောက်နှုန်းကို ပြန်လည်လျှော့ချခဲ့တာပါ။

Apple ရဲ့ Apple Watch, Earpods, Airpods, Beats Headphones တွေနဲ့ တစ်ခြား အသံထုတ်လွှတ်ပေးတဲ့ Device တွေဟာ အခွန်ကောက်မယ့် စာရင်းထဲမပါဝင်တော့လို့ ဈေးထပ်မတက်တော့ပါဘူး။ ဒါပေမယ့်လည်း အမေရိကားကို သက်သက် တင်သွင်းလာတဲ့ iPhone တွေအတွင်းသုံးမယ့် Circuit Board တွေနဲ့ တစ်ခြား အားသွင်း Adapter တွေနဲ့ အားသွင်းကြိုးတွေကိုတော့ အခွန်ကောက်ခံမှာပါ။

အမေရိကန်အစိုးရက Apple ကို တရုတ်ပစ္စည်းတွေနင်းကန်ဝယ်ပြီး တင်သွင်းနေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် အခွန်ကောက်ရမယ့် အဓိက စာရင်းထဲကိုတင်သွင်းခဲ့တာဖြစ်တယ်လို့ Apple ကိုယ်တိုင်က ပြန်တမ်းတစ်ခုမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါ အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် အမေရိကန် နည်းပညာကုမ္ပဏီတွေဘယ်လောက် အထိနာလဲဆိုတာ လူတွေမသိကြပါဘူး။ ဝယ်ယူသုံးစွဲသူတွေအနေနဲ့တော့ သူတို့သုံးစွဲနေတဲ့ ပစ္စည်းတွေဈေးတက်လာမှသာ သိကြမှာဖြစ်တယ်လို့ Apple က သူ့ရဲ့ပြန်တမ်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အခွန်ကောက်ခံတဲ့နှုန်းထားကို လျှော့ချလိုက်ပေမယ့်လည်း တရုတ်ကုန်ကြမ်းပစ္စည်းတွေအပေါ်မှီခိုနေရတဲ့ နည်းပညာပစ္စည်းထုတ်လုပ်တဲ့ နယ်ပယ်မှာတော့ ပရမ်းပတာဖြစ်နေမှာပါပဲ။ အဓိက နည်းပညာထုတ်ကုန်တွေဖြစ်တဲ့ ဖုန်းတွေနဲ့ Laptop တွေအပေါ်တိုက်ရိုက်မသက်ရောက်ပေမယ့်လည်း အတွင်းပိုင်းပစ္စည်းတွေကိုအခွန်ကောက်ခံမှုအပြောင်းအလဲကြောင့် ပိုမိုဈေးသက်သာမယ့် ကုန်ကြမ်းပစ္စည်းတွေရှာရတော့မှာမို့လို့ ပစ္စည်းထုတ်လုပ်တဲ့နေရာမှာ တော်တော်လေးကို အနှောင့်အယှတ်ဖြစ်မှာပါ။ “ခြုံငုံသုံးသပ်ရရင် ဒီ အခွန်ကောက်ခံမှု အသစ်က အမေရိကန် နည်းပညာကုမ္ပဏီတွေကို ထိခိုက်စေပြီး အခုမှ အသစ်စတင်တည်ထောင်နေတဲ့ လုပ်ငန်းအသေးလေးတွေအတွက် အခက်အခဲဖြစ်စေတာကလွဲရင် တစ်ခြားဘာများ ကောင်းမွန်လဲဆိုတာ မသေချာပါဘူး” လို့ Peeble ရဲ့ ပူးပေါင်းတည်ထောင်သူဖြစ်တဲ့ Rahul Bhagat က ပြောကြားထားပါတယ်။

Ref: The Verge