HowTo

Facebook မှာ Friendship ပေါ်လာရင် သူငယ်ချင်းတွေ Comment ဝိုင်းမပေးစေဖို့

August 7, 2017

Facebook မှာ Friendship ပေါ်လာရင် သူငယ်ချင်းတွေ Comment ဝိုင်းမပေးစေဖို့


Share this on:

Facebook မှာ တစ်စုံတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ပြီဆိုတဲ့အကြောင်းက သူများတွေရဲ့ News Feed မှာပါ ပေါ်တတ်ပါတယ်။ အဲ့ဒီအခါ သင့်ဘော်ဒါတွေများ ဖြစ်နေရင် Comment တွေဝင်ပေး Mentioned တွေခေါ် ဝင်နှောက်ယှက်ကြပြီပေါ့။

သင်ဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေလဲဆိုတာ မသိစေချင်ရင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေစနောက်တာ မလိုလားလို့ပဲ ဖြစ်ဖြစ် Friendship မပေါ်အောင် လုပ်လို့ရနေပါပြီ။ လွယ်လွယ်လေးပါ။ လုပ်ကြည့်လိုက်ရအောင်။

Go to your Profile > Activity Log > Friends >  Who can see your Friend List

ဒါလေးကတော့ အတိုဆုံးလေးပါ။ နည်းပညာပိုင်းနဲ့ မစိမ်းတဲ့သူတွေအတွက်က ဒီအတိုင်းဝင်သွားရင် ရပါပြီ။ ပိုပြီး သေချာသွားအောင် တစ်ပုံချင်း ကြည့်ကြည့်မယ်။

ပထမဆုံး သင့် Profile ကို အရင်ဆုံးသွားပါ။ အဲ့ဒီမှာ Activity Log ရှိပါမယ်။ အဲ့ဒါကို နှိပ်လိုက်ပါ။

အထဲမှာ Friends ဆိုတာရှိပါမယ်။ အဲ့ဒါကို နှိပ်လိုက်ပါ။

Who can see your friend List ဘေးက Button လေးကို နှိပ်လိုက်ပါ။ Friend Activity can show up in ဆိုတဲ့ Box လေးကျလာပါမယ်။ Box ထဲမှာ Highlights and other Stories, Recent Activity, New Friends Report, Friend List ဆိုတဲ့ အကွက်လေးခု ရှိပါတယ်။ လေးခုလုံးကို Unmarked အမှန်ခြစ်လေးတွေ ဖြုတ်ပေးပါ။ ပြီးလျှင် Okay နှိပ်ပေးပါ။

ဒါတွေအကုန်လုပ်ပြီးသွားရင်တော့ သင်ဘယ်သူနဲ့ပဲ Friend ဖြစ်ဖြစ် ဘယ်သူမှမသိတော့ပါဘူး။

Review

User Rating

4.4 (9 Votes)
error: Alert: Copyright © 2018. MyTech Myanmar