[Zawgyi]

Vivo ဟာ ၂၀၁၈ ဒီဇင္ဘာ ၂၉ တုန္းက NEX Dual Display စမတ္ဖုန္းကို တရားဝင္ ေၾကညာသြားခဲ့ပါတယ္။ High-end စမတ္ဖုန္းတစ္လုံးအတြက္ အျမင္အာ႐ုံမွာ အေႏွာင့္အယွက္လိုျဖစ္ေနတဲ့ Notch ကို ေနာက္ထပ္ပုံစံတစ္မ်ိဳးနဲ႔ ေျဖရွင္းထားတဲ့ ဒီဖုန္းက မ်က္ႏွာျပင္ႏွစ္ဖက္နဲ႔ ျဖစ္လာပါတယ္။

အဓိကမ်က္ႏွာျပင္ကေတာ့ Notch လည္းမပါေတာ့သလို၊ Selfie ကင္မရာအတြက္ ေနရာလည္း မလိုေတာ့တာေၾကာင့္ Vivo ကသုံးေနက်စကားလုံးအတိုင္း FullView လို႔ပဲ ေျပာရမွာပါ။ Bezel ေတြကလည္း အေတာ္ေလးကို ပါးေနပါၿပီ။ ေက်ာဘက္က ဒုတိယမ်က္ႏွာျပင္ကေတာ့ Selfie ႐ိုက္တဲ့အခ်ိန္မွာ အေကာင္းဆုံး အေထာက္အပံ့ျဖစ္ပါလိမ့္မယ္။

အခုေတာ့ Vivo အေနနဲ႔ ဒီဖုန္းကို ပိုၿပီးေဈးသက္သာတဲ့အမ်ိဳးအစားအျဖစ္ ထုတ္လုပ္ေရာင္းခ်ဖို႔ အလုပ္ရႈပ္ေနတယ္လို႔ သတင္းၾကားသိရပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ဇူလိုင္တုန္းကလည္း NEX S အျပင္ ေဈးသက္သာတဲ့ NEX A ကို ထုတ္ခဲ့ပါေသးတယ္။ အခုထပ္ထုတ္မယ့္ NEX Dual Display Edition အသစ္က Snapdragon 710 chipset ကို အသုံးျပဳထားၿပီး RAM ကေတာ့ 8GB ျဖစ္သြားမယ္လို႔ သိရပါတယ္။ Storage ကလည္း 128GB ျဖစ္သြားၿပီး ထပ္တိုးခ်ဲ႕လို႔ ရမွာမဟုတ္ဘူးလို႔ သိရပါတယ္။

ကင္မရာပိုင္းမွာလည္း အနည္းငယ္ေတာ့ ကြဲျပားမႈရွိမယ္လို႔လည္း GSMarena မွာ ေဖာ္ျပထားတာကိုေတြ႕ရပါတယ္။ ေဈးသက္သာတဲ့ Model ဟာ 12MP + 13MP + 2MP ကင္မရာသုံးလုံးနဲ႔ျဖစ္ပါလိမ့္မယ္။ ဒါ့အျပင္ ဘက္ထရီပိုင္းမွာလည္း 3,425 mAh ဘက္ထရီ ျဖစ္သြားမယ္လို႔ သိရပါတယ္။ ကိုယ္ထည္အတိုင္းအတာကေတာ့ 157.19 x 75.3 x 8.09mm ျဖစ္ပါတယ္။ အေလးခ်ိန္က 200.19g ပါ။ အေရာင္အေနနဲ႔ Gold တစ္ေရာင္ပဲ ရွိတာျဖစ္ပါတယ္။

TENAA မွာ အခ်က္အလက္ေတြကို ေတြ႕ရွိရေပမယ့္ ႐ုပ္ပုံကိုေတာ့ မေတြ႕ရပါဘူး။ ဒါ့အျပင္ ကုမၸဏီအေနနဲ႔ ေဈးသက္သာတဲ့ ဒီမူကြဲအမ်ိဳးအစားကို ဘယ္အခ်ိန္မွာ တရားဝင္ထုတ္ျပန္ေၾကညာမလဲဆိုတာကို မသိရေသးေပမယ့္ သိပ္မၾကာဘူးလို႔ေတာ့ ယူဆရပါတယ္။

Ref: GSMarena

[Unicode]

Vivo ဟာ ၂၀၁၈ ဒီဇင်ဘာ ၂၉ တုန်းက NEX Dual Display စမတ်ဖုန်းကို တရားဝင် ကြေညာသွားခဲ့ပါတယ်။ High-end စမတ်ဖုန်းတစ်လုံးအတွက် အမြင်အာရုံမှာ အနှောင့်အယှက်လိုဖြစ်နေတဲ့ Notch ကို နောက်ထပ်ပုံစံတစ်မျိုးနဲ့ ဖြေရှင်းထားတဲ့ ဒီဖုန်းက မျက်နှာပြင်နှစ်ဖက်နဲ့ ဖြစ်လာပါတယ်။

အဓိကမျက်နှာပြင်ကတော့ Notch လည်းမပါတော့သလို၊ Selfie ကင်မရာအတွက် နေရာလည်း မလိုတော့တာကြောင့် Vivo ကသုံးနေကျစကားလုံးအတိုင်း FullView လို့ပဲ ပြောရမှာပါ။ Bezel တွေကလည်း အတော်လေးကို ပါးနေပါပြီ။ ကျောဘက်က ဒုတိယမျက်နှာပြင်ကတော့ Selfie ရိုက်တဲ့အချိန်မှာ အကောင်းဆုံး အထောက်အပံ့ဖြစ်ပါလိမ့်မယ်။

အခုတော့ Vivo အနေနဲ့ ဒီဖုန်းကို ပိုပြီးဈေးသက်သာတဲ့အမျိုးအစားအဖြစ် ထုတ်လုပ်ရောင်းချဖို့ အလုပ်ရှုပ်နေတယ်လို့ သတင်းကြားသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်တုန်းကလည်း NEX S အပြင် ဈေးသက်သာတဲ့ NEX A ကို ထုတ်ခဲ့ပါသေးတယ်။ အခုထပ်ထုတ်မယ့် NEX Dual Display Edition အသစ်က Snapdragon 710 chipset ကို အသုံးပြုထားပြီး RAM ကတော့ 8GB ဖြစ်သွားမယ်လို့ သိရပါတယ်။ Storage ကလည်း 128GB ဖြစ်သွားပြီး ထပ်တိုးချဲ့လို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ကင်မရာပိုင်းမှာလည်း အနည်းငယ်တော့ ကွဲပြားမှုရှိမယ်လို့လည်း GSMarena မှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဈေးသက်သာတဲ့ Model ဟာ 12MP + 13MP + 2MP ကင်မရာသုံးလုံးနဲ့ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဘက်ထရီပိုင်းမှာလည်း 3,425 mAh ဘက်ထရီ ဖြစ်သွားမယ်လို့ သိရပါတယ်။ ကိုယ်ထည်အတိုင်းအတာကတော့ 157.19 x 75.3 x 8.09mm ဖြစ်ပါတယ်။ အလေးချိန်က 200.19g ပါ။ အရောင်အနေနဲ့ Gold တစ်ရောင်ပဲ ရှိတာဖြစ်ပါတယ်။

TENAA မှာ အချက်အလက်တွေကို တွေ့ရှိရပေမယ့် ရုပ်ပုံကိုတော့ မတွေ့ရပါဘူး။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ ဈေးသက်သာတဲ့ ဒီမူကွဲအမျိုးအစားကို ဘယ်အချိန်မှာ တရားဝင်ထုတ်ပြန်ကြေညာမလဲဆိုတာကို မသိရသေးပေမယ့် သိပ်မကြာဘူးလို့တော့ ယူဆရပါတယ်။

Ref: GSMarena