Apple ရဲ့ မနှစ်က ထွက်ရှိခဲ့တဲ့ Apple iPhone X ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၉၉၉ ကနေ စတင်ခဲ့တဲ့အတွက် ထွက်ရှိခဲ့သမျှ iPhone တွေထဲမှာ ဈေးအကြီးဆုံးသော ဖုန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Apple က ဒီနှစ်မှာလည်း မနှစ်ကထက် ဈေးပိုကြီးတဲ့ iPhone ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

Source : Phone Arena

နောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ Apple ဟာ ဒီနှစ်ထွက်ရှိလာမယ့် iPhone X မျိုးဆက်သစ်ဖုန်းကို ဒေါ်လာ ၁၁၀၀ လောက်ကနေ စတင်ရောင်းချသွားမယ်လို့ သိရပြီးတော့ ဒေါ်လာ ၁၂၀၀ ဝန်းကျင်လောက်လည်း ဖြစ်နိုင်တယ်လို့ အချို့ကပြောနေကြပါတယ်။ အခုထွက်ရှိလာမယ့် iPhone X ရဲ့ မျိုးဆက်သစ်ဖုန်းတွေက Screen အရွယ်အစား ၂ မျိုးနဲ့ ထွက်ရှိလာဦးမယ်လို့ သိရပါတယ်။

Apple အနေနဲ့ အခုလိုမျိုး iPhone X မျိုးဆက်ဖုန်းတွေကို ဈေးနှုန်းအမြင့်ပိုင်းနဲ့ ရောင်းချတယ်ဆိုပေမယ့် ဈေးနှုန်းအနည်းငယ်သက်သာတဲ့ LCD Display နဲ့ iPhone တစ်မျိုးကိုပါ ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ iPhone SE စမတ်ဖုန်းကိုလည်း ဒေါ်လာ ၃၀၀ အောက်အထိဈေးချသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Source : CNET

အချို့ကလည်း အခုလိုမျိုး iPhone SE ကို ဈေးလျော့ပြီးရောင်းချဖို့ ပြုလုပ်နေတာက iPhone SE 2 ထွက်လာနိုင်တဲ့အတွက်ဖြစ်တယ်လို့ ပြောနေကြပါသေးတယ်။ iPhone SE 2 ဟာ ဒီတစ်ခါမှာတော့ Foxconn ကုမ္ပဏီက ထုတ်လုပ်မှာမဟုတ်ပဲ အိန္ဒိယနိုင်ငံမှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲက iPhone တွေရဲ့ ဈေးကို ဒေါ်လာ ၆၀၀ ဝန်းကျင်ကနေ အခုလိုမျိုး တဖြည်းဖြည်း ဒေါ်လာ ၁၀၀၀ ကျော်လာတဲ့အထိ မြှင့်တင်လာခဲ့တာဖြစ်ပါတယ်။