[Zawgyi]

ေနာက္ဆုံးေပၚ ႏိုဝင္ဘာလ Security patch နဲ႔အတူ Google ဟာ Huawei ရဲ႕ ထုတ္ကုန္ျဖစ္တဲ့ Nexus 6P နဲ႔ LG ရဲ႕ ထုတ္ကုန္ျဖစ္တဲ့ Nexus 5X တို႔ရဲ႕ Firmware updates ေတြကို အျပည့္အဝ ေထာက္ပံ့ေပးႏိုင္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ ဒီဖုန္းေတြဟာ Android update ၂ ႏွစ္ နဲ႔ Security Patches ၃ ႏွစ္သက္တမ္း ရရွိေစမယ္လို႔ အာမခံထားၾကတာ ျဖစ္ပါတယ္။

ဒီသတင္းရဲ႕ ေနာက္ဆက္တြဲအဓိပၸါယ္ကေတာ့ အဲဒီ Nexus device ေတြအေနနဲ႔ Android Pie ကို ရမွာမဟုတ္ဘူး ဆိုတာပါပဲ။ Google ရဲ႕ Update စည္းမ်ဥ္းအရ သူတို႔ရဲ႕ ေနာက္ဆုံး Android update ဟာ Android Oreo 8.1 ျဖစ္ပါတယ္။

ေနာက္ဆုံး Nexus ႏွစ္ခုဟာ ၂၀၁၅ စက္တင္ဘာမွာ စတင္ေရာင္းခ်ခဲ့တာပါ။ Google ကေတာ့ OTA updates ေတြကို အခုထက္ပိုၿပီး သိပ္ၾကာၾကာ ေထာက္ပံ့ဖို႔ အာမခံေတာ့မွာ မဟုတ္ပါဘူး။ ဒါျဖင့္ရင္ Google အေနနဲ႔ Nexus 5X နဲ႔ 6P တို႔ကို Update ေပးဖို႔ ဆုံးျဖတ္ႏိုင္ေသးလားလို႔ ေမးစရာ ရွိပါတယ္။ ျဖစ္ခ်င္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ Android update policy အရ Google ဟာ သိပ္ၿပီးေတာ့ ၾကာရွည္ေဆာင္႐ြက္ေပးေတာ့မွာ မဟုတ္ပါဘူး။

Google ဟာ ၿပီးခဲ့တဲ့လတုန္းက သူတို႔ရဲ႕ တတိယမ်ိဳးဆက္ Pixel ဖုန္းကို ပြဲထုတ္ခဲ့ပါေသးတယ္။ ၂၀၁၆ မွာ ပထမဆုံး Google Smartphone ျဖစ္တဲ့ Pixel ကို ထုတ္ၿပီးတဲ့ေနာက္ပိုင္း Nexus အမွတ္တံဆိပ္နဲ႔ Devices ေတြကို ဆက္လုပ္ဖို႔ ဆႏၵမရွိေတာ့တာ ျဖစ္ပါတယ္။ Android fans ေတြနဲ႔ Developers ေတြကို သိပ္ၿပီး ပစ္မွတ္မထားေတာ့တဲ့ ပုံလည္း ျဖစ္ပါတယ္။ Pixel ဖုန္းေတြကလည္း သာမန္ Android ဖုန္းေတြထက္ အၿမဲတမ္းလိုလို ပိုေကာင္းတဲ့ ပုံစံကို တစ္ခုမဟုတ္ တစ္ခုပါဝင္ေနပါတယ္။

အကယ္၍ စာဖတ္သူက Nexus 5X ဒါမွမဟုတ္ Nexus 6P သုံးေနတယ္ဆိုရင္ေတာ့ Android Pie ရဖို႔အတြက္ တရားမဝင္ နည္းလမ္းနဲ႔ လုပ္မွပဲ ရေတာ့မွာပါ။ Nexus devices ေတြအတြက္ တရားဝင္ Update ကာလက ကုန္ဆုံးေတာ့မွာပါ။

Ref: gsmarena

 

[Unicode]

နောက်ဆုံးပေါ် နိုဝင်ဘာလ Security patch နဲ့အတူ Google ဟာ Huawei ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Nexus 6P နဲ့ LG ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Nexus 5X တို့ရဲ့ Firmware updates တွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒီဖုန်းတွေဟာ Android update ၂ နှစ် နဲ့ Security Patches ၃ နှစ်သက်တမ်း ရရှိစေမယ်လို့ အာမခံထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းရဲ့ နောက်ဆက်တွဲအဓိပ္ပါယ်ကတော့ အဲဒီ Nexus device တွေအနေနဲ့ Android Pie ကို ရမှာမဟုတ်ဘူး ဆိုတာပါပဲ။ Google ရဲ့ Update စည်းမျဉ်းအရ သူတို့ရဲ့ နောက်ဆုံး Android update ဟာ Android Oreo 8.1 ဖြစ်ပါတယ်။

နောက်ဆုံး Nexus နှစ်ခုဟာ ၂၀၁၅ စက်တင်ဘာမှာ စတင်ရောင်းချခဲ့တာပါ။ Google ကတော့ OTA updates တွေကို အခုထက်ပိုပြီး သိပ်ကြာကြာ ထောက်ပံ့ဖို့ အာမခံတော့မှာ မဟုတ်ပါဘူး။ ဒါဖြင့်ရင် Google အနေနဲ့ Nexus 5X နဲ့ 6P တို့ကို Update ပေးဖို့ ဆုံးဖြတ်နိုင်သေးလားလို့ မေးစရာ ရှိပါတယ်။ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Android update policy အရ Google ဟာ သိပ်ပြီးတော့ ကြာရှည်ဆောင်ရွက်ပေးတော့မှာ မဟုတ်ပါဘူး။

Google ဟာ ပြီးခဲ့တဲ့လတုန်းက သူတို့ရဲ့ တတိယမျိုးဆက် Pixel ဖုန်းကို ပွဲထုတ်ခဲ့ပါသေးတယ်။ ၂၀၁၆ မှာ ပထမဆုံး Google Smartphone ဖြစ်တဲ့ Pixel ကို ထုတ်ပြီးတဲ့နောက်ပိုင်း Nexus အမှတ်တံဆိပ်နဲ့ Devices တွေကို ဆက်လုပ်ဖို့ ဆန္ဒမရှိတော့တာ ဖြစ်ပါတယ်။ Android fans တွေနဲ့ Developers တွေကို သိပ်ပြီး ပစ်မှတ်မထားတော့တဲ့ ပုံလည်း ဖြစ်ပါတယ်။ Pixel ဖုန်းတွေကလည်း သာမန် Android ဖုန်းတွေထက် အမြဲတမ်းလိုလို ပိုကောင်းတဲ့ ပုံစံကို တစ်ခုမဟုတ် တစ်ခုပါဝင်နေပါတယ်။

အကယ်၍ စာဖတ်သူက Nexus 5X ဒါမှမဟုတ် Nexus 6P သုံးနေတယ်ဆိုရင်တော့ Android Pie ရဖို့အတွက် တရားမဝင် နည်းလမ်းနဲ့ လုပ်မှပဲ ရတော့မှာပါ။ Nexus devices တွေအတွက် တရားဝင် Update ကာလက ကုန်ဆုံးတော့မှာပါ။

Ref: gsmarena