Nintendo ရဲ့ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Mario Kart ဂိမ်းဟာ အခုအချိန်မှာတော့ Nintendo Console တွေမှာပဲ Exclusive အနေနဲ့ ရှိနေတော့မှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Nintendo ကုမ္ပဏီကနေ စမတ်ဖုန်းတွေအတွက် Mario Kart Tour နာမည်နဲ့ Mario Kart ဂိမ်းကိုထုတ်လုပ်ပေးတော့မယ်လို့ တရားဝင်ကြေငြာလိုက်တာကြောင့်ဖြစ်ပါတယ်။

Nintendo ရဲ့ အခု Mario Kart Tour ဟာ အခုနှစ် ဧပြီလ ကနေ နောက်နှစ် မတ်လအတွင်းထွက်ရှိလာမယ်လို့ ခန့်မှန်းရပြီး Nintendo ကတော့ ထွက်ရှိမယ့်အချိန်နဲ့ ဂိမ်းအကြောင်းကို အသေးစိတ်ပြောကြားသွားတာတွေမပြုလုပ်ခဲ့ပါဘူး။ အဲ့ဒီအစား Nintendo Switch အလုံး ၁၄.၈၆ သန်း ရောင်းချထားပြီးကြောင်းနဲ့ အဆိုပါ Switch မှာကစားနိုင်တဲ့ Mario Kart 8 Deluxe ဂိမ်းကလည်း ၈ သန်းကျော်ရောင်းချခဲ့ရကြောင်းပဲပြောကြားခဲ့တာဖြစ်ပါတယ်။

Nintendo က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စမတ်ဖုန်းတွေအတွက် ဂိမ်းနဲ့ Application ၅ ခုပဲ ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီးတော့ Super Mario Run ၊ Fire Emblem Heroes ၊ Animal Crossing : Pocket Camp နဲ့ Miitomo Social App တွေပဲ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု Mario Kart Tour Mobile Game ကို ဘယ်အချိန်မှ စမတ်ဖုန်းပေါ်မှာ ဆော့ကစားနိုင်မလဲဆိုတာကတော့ မှန်းရခက်နေပါသေးတယ်။ အချို့သတင်းတွေအရလည်း Nintendo က Legend of Zelda ဂိမ်းကိုလည်း Mobile Platform အတွက်ဖန်တီးနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး Nintendo ရဲ့ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Mario Kart ကို စမတ်ဖုန်းမှာ ဆော့ကစားနိုင်တော့မှာကတော့ စမတ်ဖုန်းဂိမ်မာတွေအတွက် အကောင်းဆုံး သတင်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။