Zawgyi

Notch ဆိုတဲ့ အရာဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကစလို႔ လက္ရွိ ၂၀၁၈ခုႏွစ္ အထိ စမတ္ဖုန္းေလာကထဲမွာ ေရပန္းစားေနတဲ့ ဒီဇိုင္း တစ္ခုပါ။ iPhone X ကို Notch စတင္ပါဝင္လာခဲ့တဲ့ စမတ္ဖုန္းအျဖစ္ လူသိမ်ားခဲ့ေပမယ့္၊ တကယ့္ တကယ္မွာေတာ့ Essential PH-1 ကသာ Notch ပါဝင္တဲ့ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။

Essential PH-1 ကို Android ရယ္လို႔ ျဖစ္လာေအာင္ တီထြင္ဖန္တီးခဲ့တဲ့ Android ရဲ႕ ဖခင္ႀကီး Andy Rubin က ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ေမလတုန္းက စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလမွာ Apple က Notch ပါဝင္တဲ့ စမတ္ဖုန္း iPhone X ကို မိတ္ဆက္ခဲ့ပါတယ္။ iPhone X ဟာ ထင္မွတ္မထားတဲ့ ဒီဇိုင္းနဲ႔ ပြဲထြက္ခဲ့တာ ျဖစ္သလို အရင္မ်ိဴးဆက္ iPhone ေတြနဲ႔လည္း ကြဲျပားျခားနားခဲ့တာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး Notch ရယ္လို႔ လူသိမ်ားခဲ့ၾကတာ ျဖစ္ပါတယ္။ တကယ္ေတာ့ Notch ဆိုတာ မေအာင္ျမင္ေသးတဲ့ နည္းပညာ တစ္ခုကို ထုတ္ေဖာ္ႂကြားဝါထားတဲ့ ဒီဇိုင္းပါ။

Apple က သူတို႔ရဲ႕ မ်ိဴးဆက္သစ္ iPhone X အတြက္ Screen-to-body ratio လည္း မ်ားခ်င္တယ္၊ Selfie Camera နဲ႔ Receiver ေတြကိုလည္း ဘယ္နားထားရမွန္း မသိတာေၾကာင့္ Notch ဆိုတဲ့ ဒီဇိုင္းကို တီထြင္ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါ့ေပမယ့္လည္း Apple ရဲ႕ Notch က အဓိပၸါယ္ ရွိပါတယ္။ Selfie Camera အတြက္ သာမက လက္ရွိ လုံၿခဳံေရး စနစ္ေတြထဲမွာ အေကာင္းဆုံးလို႔ ေျပာလို႔ရတဲ့ 3D Face ID အတြက္ပါ Sensor ေတြ ထည့္သြင္းထားတာ ျဖစ္ၿပီး၊ Sensors စုစုေပါင္း ၈ခုအထိ ပါဝင္ပါတယ္။ Apple ရဲ႕ Notch ဒီဇိုင္းကို လူအမ်ားက သေဘာက် ႏွစ္သက္ခဲ့တာေၾကာင့္ တျခား ကုမၸဏီေတြကလည္း Notch ဒီဇိုင္းကို လိုက္ခိုး၊ ဘုမသိ ဘမသိနဲ႔ Trend ေနာက္ကိုလိုက္၊ ကြၽန္ေတာ္တို႔လို Consumer ေတြကို Notch နဲ႔ ဆြဲေဆာင္ၿပီး ေစ်းကြက္ကို ခ်ဲ႕ထြင္လာၾကပါတယ္။

 

“တျခား ကုမၸဏီေတြ” လို႔ ေျပာလိုက္တဲ့အထဲမွာ Samsung မပါတာေတာ့ အားလုံး သိၿပီးသား ျဖစ္မွာပါ။ Samsung က လုပ္ရင္လည္း လုပ္မယ္၊ မလုပ္ရင္လည္း မလုပ္ဘူး ဆိုတဲ့ သေဘာမ်ိဴးနဲ႔ ေခါင္းမာမာ ရပ္တည္ေနတဲ့ ကုမၸဏီႀကီး တစ္ခုလို႔ ေျပာရမွာပါ။ Samsung အေနနဲ႔ သူတို႔ကိုယ္တိုင္ Notch ဒီဇိုင္းကို အသုံးမျပဳတဲ့ အျပင္ သူမ်ားရဲ႕ Notch ဒီဇိုင္းေတြကိုေတာင္ ေလွာင္ေျပာင္ၿပီး ျပက္ရယ္ျပဳေလ့ ရွိတာေၾကာင့္ ေနာင္လာမယ့္ စမတ္ဖုန္းေတြမွာလည္း Samsung Notch ဒီဇိုင္းကို ျမင္ေတြ႕ႏိုင္မွာ မဟုတ္ပါဘူး။ အလားတူ Notch ဆိုတဲ့ စကားလုံးဟာလည္း စမတ္ဖုန္း ေလာကထဲမွာ မၾကာခင္ ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။

Unicode

Notch ဆိုတဲ့ စကားလုံး Samsung ရာဇဝင်မှာ မရှိ

Notch ဆိုတဲ့ အရာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ လက်ရှိ ၂၀၁၈ခုနှစ် အထိ စမတ်ဖုန်းလောကထဲမှာ ရေပန်းစားနေတဲ့ ဒီဇိုင်း တစ်ခုပါ။ iPhone X ကို Notch စတင်ပါဝင်လာခဲ့တဲ့ စမတ်ဖုန်းအဖြစ် လူသိများခဲ့ပေမယ့်၊ တကယ့် တကယ်မှာတော့ Essential PH-1 ကသာ Notch ပါဝင်တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

Essential PH-1 ကို Android ရယ်လို့ ဖြစ်လာအောင် တီထွင်ဖန်တီးခဲ့တဲ့ Android ရဲ့ ဖခင်ကြီး Andy Rubin က ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် မေလတုန်းက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ Apple က Notch ပါဝင်တဲ့ စမတ်ဖုန်း iPhone X ကို မိတ်ဆက်ခဲ့ပါတယ်။ iPhone X ဟာ ထင်မှတ်မထားတဲ့ ဒီဇိုင်းနဲ့ ပွဲထွက်ခဲ့တာ ဖြစ်သလို အရင်မျိူးဆက် iPhone တွေနဲ့လည်း ကွဲပြားခြားနားခဲ့တာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး Notch ရယ်လို့ လူသိများခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ Notch ဆိုတာ မအောင်မြင်သေးတဲ့ နည်းပညာ တစ်ခုကို ထုတ်ဖော်ကြွားဝါထားတဲ့ ဒီဇိုင်းပါ။

Apple က သူတို့ရဲ့ မျိူးဆက်သစ် iPhone X အတွက် Screen-to-body ratio လည်း များချင်တယ်၊ Selfie Camera နဲ့ Receiver တွေကိုလည်း ဘယ်နားထားရမှန်း မသိတာကြောင့် Notch ဆိုတဲ့ ဒီဇိုင်းကို တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပေမယ့်လည်း Apple ရဲ့ Notch က အဓိပ္ပါယ် ရှိပါတယ်။ Selfie Camera အတွက် သာမက လက်ရှိ လုံခြုံရေး စနစ်တွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ 3D Face ID အတွက်ပါ Sensor တွေ ထည့်သွင်းထားတာ ဖြစ်ပြီး၊ Sensors စုစုပေါင်း ၈ခုအထိ ပါဝင်ပါတယ်။ Apple ရဲ့ Notch ဒီဇိုင်းကို လူအများက သဘောကျ နှစ်သက်ခဲ့တာကြောင့် တခြား ကုမ္ပဏီတွေကလည်း Notch ဒီဇိုင်းကို လိုက်ခိုး၊ ဘုမသိ ဘမသိနဲ့ Trend နောက်ကိုလိုက်၊ ကျွန်တော်တို့လို Consumer တွေကို Notch နဲ့ ဆွဲဆောင်ပြီး စျေးကွက်ကို ချဲ့ထွင်လာကြပါတယ်။

“တခြား ကုမ္ပဏီတွေ” လို့ ပြောလိုက်တဲ့အထဲမှာ Samsung မပါတာတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ Samsung က လုပ်ရင်လည်း လုပ်မယ်၊ မလုပ်ရင်လည်း မလုပ်ဘူး ဆိုတဲ့ သဘောမျိူးနဲ့ ခေါင်းမာမာ ရပ်တည်နေတဲ့ ကုမ္ပဏီကြီး တစ်ခုလို့ ပြောရမှာပါ။ Samsung အနေနဲ့ သူတို့ကိုယ်တိုင် Notch ဒီဇိုင်းကို အသုံးမပြုတဲ့ အပြင် သူများရဲ့ Notch ဒီဇိုင်းတွေကိုတောင် လှောင်ပြောင်ပြီး ပြက်ရယ်ပြုလေ့ ရှိတာကြောင့် နောင်လာမယ့် စမတ်ဖုန်းတွေမှာလည်း Samsung Notch ဒီဇိုင်းကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ အလားတူ Notch ဆိုတဲ့ စကားလုံးဟာလည်း စမတ်ဖုန်း လောကထဲမှာ မကြာခင် ပျောက်ကွယ်သွားနိုင်ပါတယ်။