Zawgyi

HMD Global ကေန Nokia ဖုန္းေတြစထုတ္ကတည္းက အခုခ်ိန္အထိဆို Android Go ဖုန္း ႏွစ္လုံးထုတ္ၿပီးပါၿပီ။ Android Go ဆိုတာကေတာ့ Hardware ပိုင္းလိုအပ္ခ်က္ သိပ္မလိုတဲ့ Android ဗားရွင္းနဲ႕ ေမာင္းႏွင္ထားတဲ့ Android ဖုန္းေတြကို ေခၚတာပါ။ အခုဆိုရင္ေတာ့ Nokia ရဲ႕ တတိယေျမာက္ Android Go ဖုန္းျဖစ္တဲ့ Nokia 1 Plus ကို MWC ပြဲမွာ မိတ္ဆက္ေတာ့မွာပါ။ မိတ္မဆက္ခင္မွာပဲ အခ်က္အလက္ေတြက ေပါက္ၾကား လာျပန္ပါတယ္။

အခုေပါက္ၾကားလာတာကေတာ့ ဖုန္းနဲ႕ ပတ္သက္တဲ့ အခ်က္အလက္ေတြတင္မကပဲ ဖုန္းရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ပါ ေပါက္ၾကားလာတာပါ။ Android Go ဖုန္း ထုံးစံအတိုင္းပဲ RAM 1GB ပါဝင္ၿပီး Internal Storage 8GB နဲ႕ အတူ Micro SD Card အေပါက္လည္း ပါဝင္ပါတယ္။ ပရိုဆက္ဆာကေတာ့ Mediatek ျဖစ္တဲ့ MT6739WW ကိုအသုံးျပဳထားၿပီး 1.5GHz ရွိ Quad-core CPU ေတြနဲ႕ အတူ PowerVR GE8100 GPU ပါဝင္ပါတယ္။

မ်က္ႏွာျပင္အ႐ြယ္အစားကိုေတာ့ ေဖာ္ျပထားျခင္းမရွိပဲ Resolution အေနနဲ႕ကေတာ့ 480 x 960 ျဖစ္ပါတယ္။ သူ႕ အရင္ထြက္ခဲ့တဲ့ Nokia 1 မွာေတာ့ 4.5-inch အ႐ြယ္ မ်က္ႏွာျပင္ကို ထည့္သြင္းေပးထားပါတယ္။ Dual Sim သုံးလို႔ရတဲ့ အခ်က္ေတြလည္း Nokia 1 နဲ႕ အတူတူပဲျဖစ္ပါတယ္။

ဘက္ထရီပမာဏ လည္းမသိရေသးပဲ Nokia 1 နဲ႕ ပမာဏ တူနိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ Operating System ကေတာ့ Android Go ဖုန္း ျဖစ္တဲ့အတြက္ Android Pie Go Version ကိုပဲသုံးထားမွာျဖစ္ပါတယ္။ Nokia 1 Plus ဟာ ေစ်းသက္သက္သာသာနဲ႕ Android ဖုန္းကိုင္ခ်င္ၿပီး ဖုန္းေျပာ႐ုံ၊ Facebook ၾကည့္႐ုံသာ အသုံးျပဳခ်င္တဲ့ သူေတြအတြက္ ကြက္တိပါပဲ။

Ref: Gizmo China

Unicode

Nokia 1 Plus ရဲ့ အချက်အလက်များ ပေါက်ကြား

HMD Global ကနေ Nokia ဖုန်းတွေစထုတ်ကတည်းက အခုချိန်အထိဆို Android Go ဖုန်း နှစ်လုံးထုတ်ပြီးပါပြီ။ Android Go ဆိုတာကတော့ Hardware ပိုင်းလိုအပ်ချက် သိပ်မလိုတဲ့ Android ဗားရှင်းနဲ့ မောင်းနှင်ထားတဲ့ Android ဖုန်းတွေကို ခေါ်တာပါ။ အခုဆိုရင်တော့ Nokia ရဲ့ တတိယမြောက် Android Go ဖုန်းဖြစ်တဲ့ Nokia 1 Plus ကို MWC ပွဲမှာ မိတ်ဆက်တော့မှာပါ။ မိတ်မဆက်ခင်မှာပဲ အချက်အလက်တွေက ပေါက်ကြား လာပြန်ပါတယ်။

အခုပေါက်ကြားလာတာကတော့ ဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေတင်မကပဲ ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင်ပါ ပေါက်ကြားလာတာပါ။ Android Go ဖုန်း ထုံးစံအတိုင်းပဲ RAM 1GB ပါဝင်ပြီး Internal Storage 8GB နဲ့ အတူ Micro SD Card အပေါက်လည်း ပါဝင်ပါတယ်။ ပရိုဆက်ဆာကတော့ Mediatek ဖြစ်တဲ့ MT6739WW ကိုအသုံးပြုထားပြီး 1.5GHz ရှိ Quad-core CPU တွေနဲ့ အတူ PowerVR GE8100 GPU ပါဝင်ပါတယ်။

မျက်နှာပြင်အရွယ်အစားကိုတော့ ဖော်ပြထားခြင်းမရှိပဲ Resolution အနေနဲ့ကတော့ 480 x 960 ဖြစ်ပါတယ်။ သူ့ အရင်ထွက်ခဲ့တဲ့ Nokia 1 မှာတော့ 4.5-inch အရွယ် မျက်နှာပြင်ကို ထည့်သွင်းပေးထားပါတယ်။ Dual Sim သုံးလို့ရတဲ့ အချက်တွေလည်း Nokia 1 နဲ့ အတူတူပဲဖြစ်ပါတယ်။

ဘက်ထရီပမာဏ လည်းမသိရသေးပဲ Nokia 1 နဲ့ ပမာဏ တူနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Operating System ကတော့ Android Go ဖုန်း ဖြစ်တဲ့အတွက် Android Pie Go Version ကိုပဲသုံးထားမှာဖြစ်ပါတယ်။ Nokia 1 Plus ဟာ စျေးသက်သက်သာသာနဲ့ Android ဖုန်းကိုင်ချင်ပြီး ဖုန်းပြောရုံ၊ Facebook ကြည့်ရုံသာ အသုံးပြုချင်တဲ့ သူတွေအတွက် ကွက်တိပါပဲ။

Ref: Gizmo China