Zawgyi

မၾကာေသးခင္ကပဲ HMD Global ကေနၿပီး Punch Hole Display တပ္ဆင္ထားတဲ့ Nokia 6.2 နဲ႕ 8.1 Plus တို႔ကို MWC 2019 ပြဲမွာ မိတ္ဆက္မယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့တာပါ။ HMD Global ဟာကင္မရာ ငါးလုံးပါဝင္တဲ့ Nokia 9 Pure View ကို MWC 2019 မွာ ေသခ်ာေပါက္ မိတ္ဆက္မွာျဖစ္ၿပီး MWC 2019 မွာ မိတ္ဆက္မယ့္ဖုန္းဟာ Nokia 9 Pure View တစ္လုံးတည္း မျဖစ္နိုင္ဘူးလို႔ ခန႔္မွန္းေနခဲ့ၾကတာပါ။

HMD ရဲ႕ MWC 2019 အတြက္ ပိုစတာ တစ္ခုလည္း အြန္လိုင္းေပၚပ်ံ့ႏွံ႕ေနခဲ့ၿပီး အဆိုပါ ပိုစတာအရ Nokia 9 Pure View အျပင္ HMD Global မွာ ဖုန္း အသစ္ႏွစ္လုံး မိတ္ဆက္ဖို႔ရွိေနတယ္ဆိုတဲ့ သတင္းစာ ေသခ်ာသြားတာပါ။ Nokia 9 Pure View မွာ Punch Hole Display မသုံးထားတာေၾကာင့္ အဆိုပါ ဖုန္းဟာ Punch Hole Display သုံးထားတဲ့ ဖုန္းအသစ္ျဖစ္ပါတယ္။ အဲ့တာေၾကာင့္ပဲ ေပါက္ၾကားေနခဲ့တဲ့ သတင္းေတြအရ အဆိုပါ Punch Hole ဖုန္းေတြဟာ Nokia 6.2 နဲ႕ 8.1 Plus ဆိုတာ ေသခ်ာသြားတာပါ။

Nokia 6.2 ဟာ နာမည္အတိုင္းပဲ 6.2-inch ရွိ မ်က္ႏွာျပင္ပါဝင္တဲ့ ဖုန္းတစ္လုံးျဖစ္ၿပီး Snapdragon 625 ထက္ စြမ္းေဆာင္ရည္ အနည္းငယ္ ပိုျမင့္တဲ့ Snapdragon 632 SoC ကို တပ္ဆင္ေပးထားၿပီး 4GB/6GB RAM ပါဝင္ပါမယ္။ Android 9 Pie လည္း တစ္ပါလည္း ပါဝင္လာမွာပါ။ 8.1 Plus ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ သိရျခင္းမရွိေသးပါဘူး။ ခန႔္မွန္းခ်က္ေတြအရေတာ့ Nokia ထုံးစံ Zeiss Lens ေတြနဲ႕ Dolby Speaker ေတြ ပါဝင္လာမယ္လို႔ေတာ့ တပ္အပ္ေျပာနိုင္ပါတယ္။ MWC ပြဲက်င္းပဖို႔လည္း သိပ္မလိုေတာ့တာေၾကာင့္ အဆိုပါ သတင္းေတြ မွန္မမွန္ MWC ပြဲက်မွပဲ ေသခ်ာသိနိုင္မွာပါ။

Ref: Gizmo China

Unicode

Punch Hole ပါဝင်တဲ့ Nokia 6.2 နဲ့ 8.1 Plus တို့ကို MWC မှာ မိတ်ဆက်မည်

မကြာသေးခင်ကပဲ HMD Global ကနေပြီး Punch Hole Display တပ်ဆင်ထားတဲ့ Nokia 6.2 နဲ့ 8.1 Plus တို့ကို MWC 2019 ပွဲမှာ မိတ်ဆက်မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ HMD Global ဟာကင်မရာ ငါးလုံးပါဝင်တဲ့ Nokia 9 Pure View ကို MWC 2019 မှာ သေချာပေါက် မိတ်ဆက်မှာဖြစ်ပြီး MWC 2019 မှာ မိတ်ဆက်မယ့်ဖုန်းဟာ Nokia 9 Pure View တစ်လုံးတည်း မဖြစ်နိုင်ဘူးလို့ ခန့်မှန်းနေခဲ့ကြတာပါ။

HMD ရဲ့ MWC 2019 အတွက် ပိုစတာ တစ်ခုလည်း အွန်လိုင်းပေါ်ပျံ့နှံ့နေခဲ့ပြီး အဆိုပါ ပိုစတာအရ Nokia 9 Pure View အပြင် HMD Global မှာ ဖုန်း အသစ်နှစ်လုံး မိတ်ဆက်ဖို့ရှိနေတယ်ဆိုတဲ့ သတင်းစာ သေချာသွားတာပါ။ Nokia 9 Pure View မှာ Punch Hole Display မသုံးထားတာကြောင့် အဆိုပါ ဖုန်းဟာ Punch Hole Display သုံးထားတဲ့ ဖုန်းအသစ်ဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ ပေါက်ကြားနေခဲ့တဲ့ သတင်းတွေအရ အဆိုပါ Punch Hole ဖုန်းတွေဟာ Nokia 6.2 နဲ့ 8.1 Plus ဆိုတာ သေချာသွားတာပါ။

Nokia 6.2 ဟာ နာမည်အတိုင်းပဲ 6.2-inch ရှိ မျက်နှာပြင်ပါဝင်တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Snapdragon 625 ထက် စွမ်းဆောင်ရည် အနည်းငယ် ပိုမြင့်တဲ့ Snapdragon 632 SoC ကို တပ်ဆင်ပေးထားပြီး 4GB/6GB RAM ပါဝင်ပါမယ်။ Android 9 Pie လည်း တစ်ပါလည်း ပါဝင်လာမှာပါ။ 8.1 Plus ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သိရခြင်းမရှိသေးပါဘူး။ ခန့်မှန်းချက်တွေအရတော့ Nokia ထုံးစံ Zeiss Lens တွေနဲ့ Dolby Speaker တွေ ပါဝင်လာမယ်လို့တော့ တပ်အပ်ပြောနိုင်ပါတယ်။ MWC ပွဲကျင်းပဖို့လည်း သိပ်မလိုတော့တာကြောင့် အဆိုပါ သတင်းတွေ မှန်မမှန် MWC ပွဲကျမှပဲ သေချာသိနိုင်မှာပါ။

Ref: Gizmo China