[Zawgyi]

ႏွစ္သစ္ေရာက္လာတာနဲ႔အတူ စမတ္ဖုန္းထုတ္လုပ္သူေတြကလည္း သူတုိ႔ရဲ႕ မ်ဳိးဆက္သစ္ စမတ္ဖုန္း ေတြကို ခ်ျပဖို႔ ျပင္ဆင္လာၿပီး HMD Global လည္း အတူတူပါပဲ။ နာမည္ေက်ာ္ Nokia အမွတ္တံဆိပ္ကို တာဝန္ယူထုတ္လုပ္မယ့္သူဟာ Nokia 6.1 ရဲ႕မ်ဳိးဆက္သစ္အျဖစ္ Nokia 6.2 လို႔အမည္ေပးလာမယ့္ ဖုန္းကို ထုတ္လုပ္လာမွာပါ။

Nokia 6.2 လို႔ေလာေလာဆယ္ သတ္မွတ္ထားရမယ့္ ဖုန္းအတြက္ Specs အခ်ဳိ႕ကိုလည္း Nokia Leaks ရဲ႕တြစ္တာကေန ေဖာ္ထုတ္လာခဲ့ပါတယ္။ သူတုိ႔ရဲ႕ေဖာ္ျပခ်က္မွာ ဖုန္းအသစ္ဟာ ဆယ္ဖီကင္မရာကို Screen ထဲမွာ Punch-hole အျဖစ္ ထည့္သြင္းလာမယ္လို႔ ဆုိထားၿပီး Qualcomm ရဲ႕ Mid-range ပရုိဆက္ဆာအသစ္ Snapdragon 632 နဲ႔ 4GB / 6GB RAM မန္မုိရီတုိ႔ ပါဝင္မွာျဖစ္ေၾကာင္း ေရးသားထားပါတယ္။

ေနာက္ဘက္မွာ 16MP အဓိက ကင္မရာကို Dual-camera ယူနစ္အျဖစ္ ျမင္ရမွာပါ။ Nokia ရဲ႕ OZO Audio စနစ္လည္း ပါဝင္လာမွာျဖစ္ပါတယ္။ ဒီဖုန္းအသစ္ဟာ တရုတ္ေစ်းကြက္က စတင္မိတ္ဆက္လာမွာျဖစ္ၿပီး ဇန္နဝါရီ သုိ႔မဟုတ္ ေဖေဖာ္ဝါရီလအတြင္း ေရာက္လာမွာျဖစ္ကာ ဥေရာပနဲ႔ ႏုိင္ငံတကာေစ်းကြက္သို႔လည္း ထြက္ရွိၿပီးမၾကာခင္ ေျခဆန္႔လာမယ္လို႔ ဆုိပါတယ္။

Ref – GSM Arena

[Unicode]

နှစ်သစ်ရောက်လာတာနဲ့အတူ စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း တွေကို ချပြဖို့ ပြင်ဆင်လာပြီး HMD Global လည်း အတူတူပါပဲ။ နာမည်ကျော် Nokia အမှတ်တံဆိပ်ကို တာဝန်ယူထုတ်လုပ်မယ့်သူဟာ Nokia 6.1 ရဲ့မျိုးဆက်သစ်အဖြစ် Nokia 6.2 လို့အမည်ပေးလာမယ့် ဖုန်းကို ထုတ်လုပ်လာမှာပါ။

Nokia 6.2 လို့လောလောဆယ် သတ်မှတ်ထားရမယ့် ဖုန်းအတွက် Specs အချို့ကိုလည်း Nokia Leaks ရဲ့တွစ်တာကနေ ဖော်ထုတ်လာခဲ့ပါတယ်။ သူတို့ရဲ့ဖော်ပြချက်မှာ ဖုန်းအသစ်ဟာ ဆယ်ဖီကင်မရာကို Screen ထဲမှာ Punch-hole အဖြစ် ထည့်သွင်းလာမယ်လို့ ဆိုထားပြီး Qualcomm ရဲ့ Mid-range ပရိုဆက်ဆာအသစ် Snapdragon 632 နဲ့ 4GB / 6GB RAM မန်မိုရီတို့ ပါဝင်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။

နောက်ဘက်မှာ 16MP အဓိက ကင်မရာကို Dual-camera ယူနစ်အဖြစ် မြင်ရမှာပါ။ Nokia ရဲ့ OZO Audio စနစ်လည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဒီဖုန်းအသစ်ဟာ တရုတ်ဈေးကွက်က စတင်မိတ်ဆက်လာမှာဖြစ်ပြီး ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီလအတွင်း ရောက်လာမှာဖြစ်ကာ ဥရောပနဲ့ နိုင်ငံတကာဈေးကွက်သို့လည်း ထွက်ရှိပြီးမကြာခင် ခြေဆန့်လာမယ်လို့ ဆိုပါတယ်။

Ref – GSM Arena