Nokia ကနေ နောက်ထပ် အလယ်အလတ်တန်စားဖုန်းအသစ်တစ်ခုဖြစ်တဲ့ Nokia 7 ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အခု Nokia 7 ဖုန်းသစ်မှာဆိုရင် ယခင် Nokia 8 ဖုန်းရဲ့ အရှေ့ကင်မရာရော အနောက်ကင်မရာရော တစ်ခါထဲရိုက်ကူးနိုင်တဲ့ “Bothie Camera” Feature ကို ထည့်သွင်းလာတဲ့ ဒုတိယမြောက် Nokia ဖုန်းပဲဖြစ်ပါတယ်။

Mid Range ဖုန်းတစ်ခုဖြစ်တဲ့ Nokia 7 ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ပါဝင်တဲ့ Specifications တွေအနေနဲ့လည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။

Nokia 7 ဟာ ပထမဆုံး အရှေ့ရော အနောက်ကိုယ်ထည်ရော မှန်သားနဲ့တည်ဆောက်ထားတဲ့ဖုန်းတစ်ခုဖြစ်ပြီး Screen Display အနေနဲ့တော့ 5.2″ Full HD Screen ပါဝင်မှာဖြစ်ပါတယ်။ Processor ကလည်း Snapdragon 630 CPU ပါဝင်မှာဖြစ်ပြီး RAM 4GB, Internal 64GB ပါဝင်တဲ့ Model နဲ့ RAM 6GB, Internal 128GB ပါဝင်တဲ့ Model ဆိုပြီး ၂ မျိုးရောင်းချသွားမှာဖြစ်ပါတယ်။

Nokia 7 မှာ Front Selfie Camera 5MP နဲ့ Back Camera 16MP ပါဝင်မှာဖြစ်ပြီးတော့ အရှေ့ကင်မရာနဲ့ အနောက်ကင်မရာ ၂ခုစလုံးကို တပြိုင်ထဲရိုက်ကူးနိုင်တဲ့ Bothie Mode လည်း ပါဝင်မှာဖြစ်ပါတယ်။

Nokia 7 ဖုန်းကို လာမယ့်အောက်တိုဘာလမှာစတင်ပြီးတော့ ရောင်းချသွားမှာဖြစ်ပြီး 64GB Version ကို ငွေကျပ် ၅ သိန်းအောက် ( 2499 Yuan) နဲ့ 128GB Version ကို ငွေကျပ် ၅ သိန်းခွဲဝန်းကျင် (2,699 Yuan) နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။