[Zawgyi]

Nokia 7 Plus တုနး္ကေတာ့ ႏွစ္စပိုင္းေလာက္တုန္းက မိတ္ဆက္ခဲ့တာျဖစ္ျပီးေတာ့ သူ႔ရဲ႕ေနာက္ထြက္လာတဲ့ဖုန္းကေတာ့ Nokia 8.1 ေလးပါ။ ဒီဖုန္းေလးကိုပဲ နာမည္တစ္မ်ိဳးေျပာင္းျပီး Nokia X7 ဆိုျပီးေတာ့ အေနာက္ႏုိင္ငံေစ်းကြက္ထဲကို မိတ္ဆက္လိုက္ပါျပီ။

ဒီဖုန္းေလးကေတာ့ Screen Size 6.18″ ရိွျပီး 1080p Resolution ရိွတဲ့ PureDisplay LCD ကိုသံုးထားတာပါ။ Notch ေလးထဲမွာေတာ့ 20MP Selfie Camera ေလး ထည့္ထားပါတယ္။

ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာေတာ့ 12MP+13MP Dual Camera တပ္ဆင္ထားျပီးေတာ့ Main 12MP Sensor ကေတာ့ Zeiss Optics ကိုမွ Optical Image Stabilization (OIS) ေတာင္ ပါပါေသးတယ္။ ေနာက္တစ္လုံးကေတာ့ 13MP Depth Sensor ပါ။

သံုးထားတဲ့ Chipset ကေတာ့ အမိုက္စားပါ။ Qualcomm ရဲ႕ Snapdragon 710 ျဖစ္ျပီး လက္ရိွအခ်ိန္ထိ Mid-Range Chipset ေတြရဲ႕ ဆရာၾကီးျဖစ္ေနဆဲ Chipset ပါ။ RAM ကေတာ့ 4GB နဲ႔ထြက္ျပီး Storage ကေတာ့ 64GB ကိုမွ MicroSD ကဒ္ ထပ္စိုက္လို႔လည္း ရပါေသးတယ္။

Android Pie run ထားတဲ့  Android One ဖုန္းတစ္လံုးေပမယ့္ OS Updates 2ႏွစ္နဲ႔ Security Update ကို ၃ႏွစ္ဆက္တိုက္ ရဦးမွာပါ။ ဖုန္းရဲ႕ ေက်ာဘက္ကလည္း Glass Body ပဲျဖစ္ျပီး Aluminum Frame နဲ႔ ကြပ္ထားပါတယ္။ အေရာင္ကေတာ့ Blue/ Silver,Steel/ Copper နဲ႔ Iron/Steel ဆိုျပီးလာပါတယ္။

Battery ပမာဏကေတာ့ 3500mAh ျဖစ္ျပီးေတာ့ 18W အျမန္အားသြင္းစနစ္ေတာင္ပါပါေသးတယ္။ ဒီဖုန္းေလးကို UAE မွာေတာ့ ဒီေန႔ပဲ စတင္ Pre-Order လက္ခံေနျပီျဖစ္ျပီးေတာ့ ဒီဇင္ဘာ ၁၅ရက္ေန႔က်ရင္ စေရာင္းေတာ့မွာပါ။ က်န္တဲ့ အေရွ႕အလယ္ပိုင္း ႏုိင္ငံေတြဆိုရင္ေတာ့ ဒီဇင္ဘာ ၂၀ ေလာက္မွာ ေရာက္လာေတာ့မွာပါ။

ေစ်းႏႈန္းကေတာ့ AED 1500 ဆိုေတာ့ ျမန္မာေငြနဲ႔တြက္ၾကည့္ရင္  ၆သိနး္ေက်ာ္ေလာက္ရိွပါတယ္။ တစ္ကမာၻလံုးအတုိင္းအတာနဲ႔ကေတာ့ ဒီ Nokia 8.1 ေလးကို ဒီဇင္ဘာ လလယ္ေလာက္မွာ ရႏုိင္မွာျဖစ္ျပီးေတာ့ ယူရုိ ၄၀၀ ( ျမန္မာေငြ 7သိန္းေက်ာ္) ေလာက္ရိွမွာျဖစ္တယ္လို႔ သိရပါတယ္။

Ref: GsmArena

[Unicode]

Nokia 7 Plus တုန်းကတော့ နှစ်စပိုင်းလောက်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့နောက်ထွက်လာတဲ့ဖုန်းကတော့ Nokia 8.1 လေးပါ။ ဒီဖုန်းလေးကိုပဲ နာမည်တစ်မျိုးပြောင်းပြီး Nokia X7 ဆိုပြီးတော့ အနောက်နိုင်ငံဈေးကွက်ထဲကို မိတ်ဆက်လိုက်ပါပြီ။

ဒီဖုန်းလေးကတော့ Screen Size 6.18″ ရှိပြီး 1080p Resolution ရှိတဲ့ PureDisplay LCD ကိုသုံးထားတာပါ။ Notch လေးထဲမှာတော့ 20MP Selfie Camera လေး ထည့်ထားပါတယ်။

ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ 12MP+13MP Dual Camera တပ်ဆင်ထားပြီးတော့ Main 12MP Sensor ကတော့ Zeiss Optics ကိုမှ Optical Image Stabilization (OIS) တောင် ပါပါသေးတယ်။ နောက်တစ်လုံးကတော့ 13MP Depth Sensor ပါ။

သုံးထားတဲ့ Chipset ကတော့ အမိုက်စားပါ။ Qualcomm ရဲ့ Snapdragon 710 ဖြစ်ပြီး လက်ရှိအချိန်ထိ Mid-Range Chipset တွေရဲ့ ဆရာကြီးဖြစ်နေဆဲ Chipset ပါ။ RAM ကတော့ 4GB နဲ့ထွက်ပြီး Storage ကတော့ 64GB ကိုမှ MicroSD ကဒ် ထပ်စိုက်လို့လည်း ရပါသေးတယ်။

Android Pie run ထားတဲ့  Android One ဖုန်းတစ်လုံးပေမယ့် OS Updates 2နှစ်နဲ့ Security Update ကို ၃နှစ်ဆက်တိုက် ရဦးမှာပါ။ ဖုန်းရဲ့ ကျောဘက်ကလည်း Glass Body ပဲဖြစ်ပြီး Aluminum Frame နဲ့ ကွပ်ထားပါတယ်။ အရောင်ကတော့ Blue/ Silver,Steel/ Copper နဲ့ Iron/Steel ဆိုပြီးလာပါတယ်။

Battery ပမာဏကတော့ 3500mAh ဖြစ်ပြီးတော့ 18W အမြန်အားသွင်းစနစ်တောင်ပါပါသေးတယ်။ ဒီဖုန်းလေးကို UAE မှာတော့ ဒီနေ့ပဲ စတင် Pre-Order လက်ခံနေပြီဖြစ်ပြီးတော့ ဒီဇင်ဘာ ၁၅ရက်နေ့ကျရင် စရောင်းတော့မှာပါ။ ကျန်တဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆိုရင်တော့ ဒီဇင်ဘာ ၂၀ လောက်မှာ ရောက်လာတော့မှာပါ။

ဈေးနှုန်းကတော့ AED 1500 ဆိုတော့ မြန်မာငွေနဲ့တွက်ကြည့်ရင်  ၆သိန်းကျော်လောက်ရှိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကတော့ ဒီ Nokia 8.1 လေးကို ဒီဇင်ဘာ လလယ်လောက်မှာ ရနိုင်မှာဖြစ်ပြီးတော့ ယူရို ၄၀၀ ( မြန်မာငွေ 7သိန်းကျော်) လောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: GsmArena