Nokia ဖုန်းကုမ္ပဏီက ဖုန်းကင်မရာတွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ Zeiss ကုမဏီနဲ့ ပူးပေါင်းပြီး Nokia 8 စမတ်ဖုန်းကို ထုတ်လုပ်နေပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်ဝန်းကျင်ကလည်း Nokia ကုမ္ပဏီက Zeiss ကုမ္ပဏီနဲ့ပူးပေါင်းပြီး Megapixel 40 ကျော်ရှိတဲ့ ကမ္ဘာ့ Resolution အမြင့်ဆုံးဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။

ဒါကြောင့် ဒီတစ်ခါမှာလည်း Zeiss ကုမ္ပဏီနဲ့ ထပ်မံပူးပေါင်းပြီး Nokia 8 ကို ထုတ်လုပ်နေတာကြောင့် စိတ်ဝင်တစား စောင့်ကြည့်မှုတွေကိုခံနေရပါတယ်။

မျက်နှာပြင်အရွယ်အစား ၅.၃ လက်မရှိပြီး Curve စခရင်နဲ့ ထုတ်လုပ်မယ်လို့လည်း ထွက်ရှိနေပါတယ်။

ဖုန်းမှာ Snapdragon 835 ကို တပ်ဆင်ပြီး RAM ကလည်း 4 GB နဲ့ 6 GB အမျိုးအစား ၂ မျိုးနဲ့ ထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒီအတိုင်းတာဆိုရင်တော့ ဂိမ်းဆော့လို့ ကောင်းမယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

အဲ့ဒီအပြင် 2K Resolution နဲ့လည်း ထုတ်လုပ်မှာဖြစ်တာကြောင့် ဖုန်းတွေထဲမှာ Resolution အကောင်းဆုံး ဖုန်းဖြစ်လာဖို့ ရှိပါတယ်။

Dual-lens ကင်မရာစနစ်ကိုလည်း 13 Megapixel ဆင်ဆာ ၂ခုလည်းနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၇၅ အထက်လောက်နဲ့ ထုတ်လုပ်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

(ယခုသုံးထားတဲ့ ဓာတ်ပုံတွေက Nokia 8 ဖြစ်လာမယ့် ပုံစံကို မှန်းပြီး နည်းပညာ Websites တွေက ဖန်တီးထားတာဖြစ်ပါတယ်။)