[Zawgyi]

ေနာက္ဆုံးထြက္ေပၚလာတဲ့ Nokia 8.1 Plus ဖုန္းအတြက္ Render ပုံမွာ HMD ရဲ႕ေျပာင္းလဲမႈကို ျမင္ေတြ႕လာရၿပီး ေရွ႕မ်က္ႏွာျပင္မွာ ဆယ္ဖီကင္မရာအတြက္ Punch-Hole တစ္ခု ပါဝင္လာပါတယ္။ ပုံရိပ္ေတြမွာ ေမးခြန္းထုတ္စရာေတြ ရွိေနေပမယ့္ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္တစ္ခုပါ။

“Plus” လို႔အမည္ေပးလာေပမယ့္ ဒီဖုန္းမွာ ပုံမွန္ Nokia 8.1 နဲ႔တူညီတဲ့ အရြယ္အစားပဲ ျဖစ္ေနၿပီး Screen က 6.22” လက္မအရြယ္သာ ရွိပါတယ္။ ကုိယ္ထည္အခ်ဳိးကလည္း အရမ္းတူညီေနၿပီး ပုံမွန္ဖုန္းက 154.8 x 75.8 x 8mm ရွိတဲ့အခါမွာ ဖုန္းအသစ္က 156.9 x 76.2 x 7.9mm ဆုိေတာ့ ကြာျခားမႈက မီလီမီတာေလာက္ပဲ ရွိေနတာပါ။

Nokia 8.1 မွာတုန္းက Notch အႀကီးတစ္ခုနဲ႔ဆုိေတာ့ အခု Camera-Hole နဲ႔ဒီဇုိင္းမွာ Screen-to-Body အခ်ဳိး ပိုထြက္လာမွာ အမွန္ပါပဲ။ ဒါေပမယ့္ သိသာေလာက္တဲ့ ပမာဏေတာ့ မဟုတ္ေသးပါဘူး။ ေနာက္ဘက္ကို ၾကည့္မယ္ဆုိရင္ Zeiss ဆင္ဆာနဲ႔ Dual-Camera ကိုေတြ႕ရမယ္။ သတင္းထြက္ေနတဲ့ Nokia 9 လိုေတာ့ ကင္မရာငါးလုံးကုိ ျမင္ရမွာ မဟုတ္ပါဘူး။

ေနာက္ဘက္မွာ ပုံမွန္ Fingerprint တစ္ခုလည္း ပါေသးတာေၾကာင့္ Nokia 8 စီးရီးရဲ႕ Premium Mid-Range အတန္းဝင္ ဆုိတာကို အတည္ျပဳေနေပးလိုက္တာပါပဲ။ ဒါေပမယ့္ Plus မွာ Nokia 8.1 ရဲ႕ Snapdragon 710 ခ်စ္ပ္ဆက္ထက္ ပိုစြမ္းေဆာင္ရည္ေကာင္းတဲ့ Flagship Chipset တစ္ခုကို သုံးလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

Render ပုံထဲမွာ Nokia 8.1 Plus ရဲ႕ေအာက္ေျခမွာ USB-C Port တစ္ခုနဲ႔ စပီကာတုိ႔ကို ျမင္ေတြ႕ရပါတယ္။ အေပၚမွာလည္း 3.5mm Jack ကိုေတြ႕ရမွာပါ။ ဖုန္းအသစ္ရဲ႕ ထြက္ရွိရက္၊ ေစ်းႏႈန္း စတာေတြကိုေတာ့ ေနာက္ထပ္ထြက္လာမယ့္ သတင္းေတြကို ေစာင့္ၾကည့္ရဦးမွာပါပဲ။

Ref – GSM Arena

[Unicode]

နောက်ဆုံးထွက်ပေါ်လာတဲ့ Nokia 8.1 Plus ဖုန်းအတွက် Render ပုံမှာ HMD ရဲ့ပြောင်းလဲမှုကို မြင်တွေ့လာရပြီး ရှေ့မျက်နှာပြင်မှာ ဆယ်ဖီကင်မရာအတွက် Punch-hole တစ်ခု ပါဝင်လာပါတယ်။ ပုံရိပ်တွေမှာ မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပါ။

“Plus” လို့အမည်ပေးလာပေမယ့် ဒီဖုန်းမှာ ပုံမှန် Nokia 8.1 နဲ့တူညီတဲ့ အရွယ်အစားပဲ ဖြစ်နေပြီး Screen က 6.22” လက်မအရွယ်သာ ရှိပါတယ်။ ကိုယ်ထည်အချိုးကလည်း အရမ်းတူညီနေပြီး ပုံမှန်ဖုန်းက 154.8 x 75.8 x 8mm ရှိတဲ့အခါမှာ ဖုန်းအသစ်က 156.9 x 76.2 x 7.9mm ဆိုတော့ ကွာခြားမှုက မီလီမီတာလောက်ပဲ ရှိနေတာပါ။

Nokia 8.1 မှာတုန်းက Notch အကြီးတစ်ခုနဲ့ဆိုတော့ အခု Camera-hole နဲ့ဒီဇိုင်းမှာ Screen-to-body အချိုး ပိုထွက်လာမှာ အမှန်ပါပဲ။ ဒါပေမယ့် သိသာလောက်တဲ့ ပမာဏတော့ မဟုတ်သေးပါဘူး။ နောက်ဘက်ကို ကြည့်မယ်ဆိုရင် Zeiss ဆင်ဆာနဲ့ Dual-camera ကိုတွေ့ရမယ်။ သတင်းထွက်နေတဲ့ Nokia 9 လိုတော့ ကင်မရာငါးလုံးကို မြင်ရမှာ မဟုတ်ပါဘူး။

နောက်ဘက်မှာ ပုံမှန် Fingerprint တစ်ခုလည်း ပါသေးတာကြောင့် Nokia 8 စီးရီးရဲ့ Premium Mid-range အတန်းဝင် ဆိုတာကို အတည်ပြုနေပေးလိုက်တာပါပဲ။ ဒါပေမယ့် Plus မှာ Nokia 8.1 ရဲ့ Snapdragon 710 ချစ်ပ်ဆက်ထက် ပိုစွမ်းဆောင်ရည်ကောင်းတဲ့ Flagship Chipset တစ်ခုကို သုံးလာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Render ပုံထဲမှာ Nokia 8.1 Plus ရဲ့အောက်ခြေမှာ USB-C Port တစ်ခုနဲ့ စပီကာတို့ကို မြင်တွေ့ရပါတယ်။ အပေါ်မှာလည်း 3.5mm Jack ကိုတွေ့ရမှာပါ။ ဖုန်းအသစ်ရဲ့ ထွက်ရှိရက်၊ ဈေးနှုန်း စတာတွေကိုတော့ နောက်ထပ်ထွက်လာမယ့် သတင်းတွေကို စောင့်ကြည့်ရဦးမှာပါပဲ။

Ref – GSM Arena