Nokia ဖုန်းဆိုရင် ဘယ်လောက်ပြုတ်ပြုတ်ကျကျဆိုတဲ့အချိန်တွေကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခု Nokia တွေကတော့ Screen ကြီးကြီး Android ဖုန်းတွေဖြစ်နေလို့ သဘောမကျသူတွေအတွက် တစ်ကယ့် Nokia လေးတွေပြန်ထွက်လာပါတယ်။ ဒါပေမယ့် အရင်ကလို မဟုတ်ပဲ ပိုပြီးဆန်းသစ်တဲ့ Design တွေနဲ့ပါ။

ဖုန်းကို ဖုန်းပြောတာကလွဲလို့ ဘာမှသိပ်မသုံးချင်သူတွေအတွက် Nokia ကရှိနေဦးမှာပါ။ Banana Phone လို့နာမည်ကြီးနေတဲ့ Keypad ဖုန်းလေးတွေ မကြာခင်မြန်မာနိုင်ငံကို တရားဝင် ရောက်လာတော့မယ်လို့ယူဆရပါတယ်။ လက်ရှိမှာတော့ Singapore နဲ့ Vietnam တို့မှာရောင်းချတော့မယ်လို့ သတင်းရထားပါတယ်။

အားတစ်ခါသွင်းထားရင် ရက် ၂၀ အထိခံနိုင်မှာဖြစ်တာကြောင့် ဖုန်းဆိုမှာဖုန်းပဲ သုံးချင်သူတွေအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါ။ မြန်မာငွေခန့်မှန်းဈေးကတော့ ၈၀၀၀၀ ဝန်းကျင်ရှိနိုင်ပါတယ်။ အရေးကြီးကိစ္စတွေအတွက် ဖုန်းတစ်လုံး အမြဲအပိုရှိချင်သူတွေအတွကတော့ ဒီလိုဖုန်းလေးတွေက တော်တော်လေးအဆင်ပြေပါတယ်။ သယ်သွားရတာလည်း လွယ်တာကြောင့် အရံဖုန်းအနေနဲ့ဆောင်ထားသင့်ပါတယ်။

Nokia ဆိုတာကို လူတွေကောင်းကောင်းမှတ်မိစေတာကလည်း အခုလို Keypad ဖုန်းလေးတွေပါ။ နာမည်ကြီးခဲ့တာကတော့ ဈေးကွက်ထဲက အခြားဖုန်းတော်တော်များများထက် ပိုပြီးအကြမ်းခံတာ၊ Battery ပိုကြာကြာအသုံးခံတာ စတာတွေကြောင့်ပါ။ အခုထပ်ထုတ်တဲ့ Nokia ဖုန်းအသစ်လေးတွေကလည်း သင့်လက်ထဲက Grollia Glass သုံးထားတဲ့ဆိုတဲ့ ဖုန်းတွေထက်တော့ အကြမ်းခံမှာ သေခြာပါတယ်။