[Zawgyi]

MWC 2019 ပြဲေတာ္ဟာနီးကပ္လာၿပီျဖစ္ၿပီး စမတ္ဖုန္းကုမၸဏီေတြကလည္း သူတုိ႔ရဲ႕ထုတ္ကုန္သစ္ေတြကို မိတ္ဆက္ဖို႔အတြက္ ႀကိဳတင္ေလသံပစ္ေနပါၿပီ။ တက္ေရာက္ျပသလာမယ့္ ကုမၸဏီေတြထဲမွာ Sony, Xiaomi, LG, Huawei နဲ႔ Oppo တုိ႔လို နာမည္ေက်ာ္ေတြ ပါဝင္ေနပါတယ္။

ေနာက္ထပ္ၿပီး ပြဲေတာ္မွာ ဆင္ႏႊဲလာမယ့္သူကေတာ့ HMD Global ပဲျဖစ္ၿပီး သူတုိ႔ရဲ႕ Chief Product Officer ျဖစ္သူ Juho Sarvikas ရဲ႕တြစ္တာအေကာင့္ကေနတဆင့္ ၂၄ ေဖေဖာ္ဝါရီမွာ စတင္က်င္းပမယ့္ ဘာစီလိုနာမွ MWC ပြဲေတာ္အား လူႀကီးမင္းတုိ႔ ၾကြေရာက္ၾကဖုိ႔ တကယ့္တကယ္တကယ့္ကို ေမွ်ာ္လင့္ေနတယ္ ဆုိၿပီး ပုိစ့္တင္ထားခဲ့ကာ ထုတ္ကုန္သစ္ကို မိတ္ဆက္လာမွာျဖစ္ေၾကာင္း အတည္ျပဳလုိက္ပါတယ္။

တကယ့္တကယ္ဆုိတဲ့ေနရာမွာ “Really Really” ဆုိတဲ့ စာလုံးမ်ားစြာပါတဲ့ Meme အေနနဲ႔ သုံးလာတာျဖစ္ၿပီး တျခား အမွတ္တံဆိပ္ေတြလို စိတ္ဝင္စားစရာ ပုိစတာေလးေတြနဲ႔ Tease လုပ္လာတာေတာ့ မေတြ႕ရေသးပါဘူး။ ဒါ့အျပင္ “Tune into Barcelona Showdown” လို႔ သုံးႏႈန္းထားတဲ့အတြက္ တစ္ကမာၻလုံးက ပရိသတ္ေတြလည္း သူတုိ႔ ထုတ္ကုန္အသစ္ကို ျမင္ေတြ႕ႏုိင္ေအာင္ စပိန္ၿမိဳ႕ေတာ္ကေန Live Stream လႊင့္သြားမယ္လို႔ ယူဆရပါတယ္။

Nokia 9 Pureview ဟာ HMD Global အတြက္ေတာ့ ၾကာျမင့္စြာျပင္ဆင္လာတဲ့ လက္နက္တစ္ခုျဖစ္ၿပီး သူ႕ရဲ႕ေနာက္ဘက္ကင္မရာငါးလုံးပါတဲ့ ပုံစံေၾကာင့္ လူစိတ္ဝင္စားမႈကို ရရွိထားပါတယ္။ HMD Global ဟာ အျခား Nokia ဖုန္းေတြကိုလည္း ျပင္ဆင္လာမွာျဖစ္ေပမယ့္ Nokia 9 Pureview ကို ရည္ညႊန္းၿပီး ေၾကျငာလာတယ္လို႔ ထင္စရာပါ။

Ref – GSM Arena

[Unicode]

MWC 2019 ပွဲတော်ဟာနီးကပ်လာပြီဖြစ်ပြီး စမတ်ဖုန်းကုမ္ပဏီတွေကလည်း သူတို့ရဲ့ထုတ်ကုန်သစ်တွေကို မိတ်ဆက်ဖို့အတွက် ကြိုတင်လေသံပစ်နေပါပြီ။ တက်ရောက်ပြသလာမယ့် ကုမ္ပဏီတွေထဲမှာ Sony, Xiaomi, LG, Huawei နဲ့ Oppo တို့လို နာမည်ကျော်တွေ ပါဝင်နေပါတယ်။

နောက်ထပ်ပြီး ပွဲတော်မှာ ဆင်နွှဲလာမယ့်သူကတော့ HMD Global ပဲဖြစ်ပြီး သူတို့ရဲ့ Chief Product Officer ဖြစ်သူ Juho Sarvikas ရဲ့တွစ်တာအကောင့်ကနေတဆင့် ၂၄ ဖေဖော်ဝါရီမှာ စတင်ကျင်းပမယ့် ဘာစီလိုနာမှ MWC ပွဲတော်အား လူကြီးမင်းတို့ ကြွရောက်ကြဖို့ တကယ့်တကယ်တကယ့်ကို မျှော်လင့်နေတယ် ဆိုပြီး ပိုစ့်တင်ထားခဲ့ကာ ထုတ်ကုန်သစ်ကို မိတ်ဆက်လာမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

တကယ့်တကယ်ဆိုတဲ့နေရာမှာ “Really Really” ဆိုတဲ့ စာလုံးများစွာပါတဲ့ Meme အနေနဲ့ သုံးလာတာဖြစ်ပြီး တခြား အမှတ်တံဆိပ်တွေလို စိတ်ဝင်စားစရာ ပိုစတာလေးတွေနဲ့ Tease လုပ်လာတာတော့ မတွေ့ရသေးပါဘူး။ ဒါ့အပြင် “Tune into Barcelona Showdown” လို့ သုံးနှုန်းထားတဲ့အတွက် တစ်ကမ္ဘာလုံးက ပရိသတ်တွေလည်း သူတို့ ထုတ်ကုန်အသစ်ကို မြင်တွေ့နိုင်အောင် စပိန်မြို့တော်ကနေ Live Stream လွှင့်သွားမယ်လို့ ယူဆရပါတယ်။

Nokia 9 Pureview ဟာ HMD Global အတွက်တော့ ကြာမြင့်စွာပြင်ဆင်လာတဲ့ လက်နက်တစ်ခုဖြစ်ပြီး သူ့ရဲ့နောက်ဘက်ကင်မရာငါးလုံးပါတဲ့ ပုံစံကြောင့် လူစိတ်ဝင်စားမှုကို ရရှိထားပါတယ်။ HMD Global ဟာ အခြား Nokia ဖုန်းတွေကိုလည်း ပြင်ဆင်လာမှာဖြစ်ပေမယ့် Nokia 9 Pureview ကို ရည်ညွှန်းပြီး ကြေငြာလာတယ်လို့ ထင်စရာပါ။

Ref – GSM Arena