[Zawgyi]

Nokia အမွတ္တံဆိပ္ရဲ႕ မၾကာခင္ထြက္လာမယ့္ Flagship အသစ္ Nokia 9 PureView ဖုန္းဟာ အသင့္ျဖစ္ေနၿပီး MWC မတုိင္ခင္ ျမင္ေတြ႕ရႏုိင္ေျခရွိေနပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ မတ္လမတိုင္ခင္ ေရာက္ရွိလာမယ္လို႔ ယူဆရပါတယ္။

Nokia ဟာ ဒီဖုန္းကို အျခားစမတ္ဖုန္းထုတ္လုပ္သူႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ႏုိင္ေအာင္ အထူးဂရုတစုိက္ ဖန္တီးေနခဲ့တာပါ။ Nokia 9 PureView ရဲ႕ေနာက္ဘက္မွာ ကင္မရာငါးလုံးတြဲနဲ႔ ထြက္ရွိလာမွာျဖစ္တယ္။ အေျခခံ ဗားရွင္းမွာ 5.9” လက္မအရြယ္ OLED Display ကိုအသုံးျပဳထားကာ 2560x1440p Resolution ရရွိႏုိင္မွာပါ။

Snapdragon 845 ပရုိဆက္ဆာကို အသုံးျပဳထားၿပီး RAM မန္မုိရီက 6GB သို႔မဟုတ္ 8GB နဲ႔ 128GB Storage ပမာဏတုိ႔ ပါဝင္မွာျဖစ္တယ္။ Android Pie OS သုံးစြဲလာကာ 4,150 mAh ဘကၳရီတစ္လုံး ထည့္သြင္းလာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Nokia 9 PureView မွာ Fingerprint ကိုလည္း ဖုန္းေရွ႕မ်က္ႏွာျပင္မွာ ထည့္လာဦးမွာျဖစ္ၿပီး Nokia အတြက္ ပထမဆုံး Screen မွာ Fingerprint ပါလာမယ့္ထုတ္ကုန္ပါပဲ။

SD845 ကုိ ႏွာေခါင္းရႈံ႕ခ်င္ေသးရင္ေတာ့ Nokia 9 PureView ဟာ Snapdragon 855 ခ်စ္ပ္ဆက္သုိ႔ တုိးျမွင့္ထားတဲ့ ဗားရွင္းအသစ္လည္း ထြက္လာဖို႔ ရွိၿပီး စမ္းသပ္အဆင့္ကို ေရာက္ေနၿပီလို႔ ဆုိပါတယ္။ ဗားရွင္း အသစ္က 5G နက္ဝပ္ကိုပါ ေထာက္ပံ့ေပးမွာပါ။ Nokia 9 PureView ဖုန္းအသစ္ကို တရုတ္ယြမ္ေငြ ၆,၀၀၀ (ျမန္မာေငြ ၁၃ သိန္းခြဲခန္႔) ျဖင့္ ေရာင္းခ်သြားမယ္လို႔ ဆုိပါတယ္။

Ref – Gizchina

[Unicode]

Nokia အမှတ်တံဆိပ်ရဲ့ မကြာခင်ထွက်လာမယ့် Flagship အသစ် Nokia 9 PureView ဖုန်းဟာ အသင့်ဖြစ်နေပြီး MWC မတိုင်ခင် မြင်တွေ့ရနိုင်ခြေရှိနေပါပြီ။ ဈေးကွက်ထဲကိုတော့ မတ်လမတိုင်ခင် ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

Nokia ဟာ ဒီဖုန်းကို အခြားစမတ်ဖုန်းထုတ်လုပ်သူကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် အထူးဂရုတစိုက် ဖန်တီးနေခဲ့တာပါ။ Nokia 9 PureView ရဲ့နောက်ဘက်မှာ ကင်မရာငါးလုံးတွဲနဲ့ ထွက်ရှိလာမှာဖြစ်တယ်။ အခြေခံ ဗားရှင်းမှာ 5.9” လက်မအရွယ် OLED Display ကိုအသုံးပြုထားကာ 2560x1440p Resolution ရရှိနိုင်မှာပါ။

Snapdragon 845 ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM မန်မိုရီက 6GB သို့မဟုတ် 8GB နဲ့ 128GB Storage ပမာဏတို့ ပါဝင်မှာဖြစ်တယ်။ Android Pie OS သုံးစွဲလာကာ 4,150 mAh ဘက္ထရီတစ်လုံး ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Nokia 9 PureView မှာ Fingerprint ကိုလည်း ဖုန်းရှေ့မျက်နှာပြင်မှာ ထည့်လာဦးမှာဖြစ်ပြီး Nokia အတွက် ပထမဆုံး Screen မှာ Fingerprint ပါလာမယ့်ထုတ်ကုန်ပါပဲ။

SD845 ကို နှာခေါင်းရှုံ့ချင်သေးရင်တော့ Nokia 9 PureView ဟာ Snapdragon 855 ချစ်ပ်ဆက်သို့ တိုးမြှင့်ထားတဲ့ ဗားရှင်းအသစ်လည်း ထွက်လာဖို့ ရှိပြီး စမ်းသပ်အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ဗားရှင်း အသစ်က 5G နက်ဝပ်ကိုပါ ထောက်ပံ့ပေးမှာပါ။ Nokia 9 PureView ဖုန်းအသစ်ကို တရုတ်ယွမ်ငွေ ၆,၀၀၀ (မြန်မာငွေ ၁၃ သိန်းခွဲခန့်) ဖြင့် ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Ref – Gizchina