Zawgyi

HMD Global ရဲ႕ 2019 Flagship ဖုန္းျဖစ္တဲ့ Nokia 9 PureView ကို မၾကာခင္ ျမင္ေတြ႕ရေတာ့မယ္လို႔ သတင္းေတြထြက္ေနပါၿပီ။ အဆိုပါ ေနာက္ေက်ာဘက္ ကင္မရာ ငါးလုံးပါ ဖုန္းရဲ႕ အခ်က္အလက္နဲ႕ ပုံရိပ္ေတြဟာ အင္တာနက္ေပၚမွာ ပ်ံ့ႏွံ႕ေနတာ လြန္ခဲ့တဲ့ ၂၀၁၈ စက္တင္ဘာလ ကတည္းကပါပဲ။ Rendered Image (ကြန္ျပဴတာနဲ႕ေရးဆြဲထားတဲ့ ဒီဇိုင္း) ေတြ ထြက္ေပၚလာကတည္းက အဆိုပါ ေနာက္ေက်ာဘက္ ကင္မရာ ငါးလုံးေၾကာင့္ပဲ Nokia 9 ကို စိတ္ဝင္စားတဲ့သူေတြ အေတာ္မ်ားခဲ့ပါတယ္။ အခ်ိဳ႕ကလည္း အဆိုပါ ေပါက္ၾကားလာတဲ့ ပုံဟာ Concept Design သာျဖစ္ေၾကာင္းထင္ေၾကးေပးခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Nokia 9 ဟာ အမွန္တစ္ကယ္ပဲ ေနာက္ေက်ာ္ဘက္ ကင္မရာ ငါးလုံးနဲ႕ ထြက္ေပၚလာေတာ့မွာပါ။

၂၀၁၈ ကုန္ခါနီးတုန္းကေတာ့ အဆိုပါ ကင္မရာ ငါးလုံးဖုန္းကို MWC 2019 ပြဲမွာ ျပသနိုင္တယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ အခုေတာ့ MWC 2019 ပြဲထက္ ေစာၿပီး ပြဲထုတ္ေတာ့မွာပါ။ Nokia 9 ဟာ HMD Global က ထုတ္ဖူးသမွ် ဖုန္းေတြမွာ ကင္မရာ နည္းပညာ အဆင့္ျမင့္ဆုံး ဖုန္းတစ္လုံးျဖစ္လာမွာပါ။ PureView ဆိုတဲ့ နာမည္ဟာ အသစ္အဆန္းမဟုတ္ဘဲ Nokia ရဲ႕ ကင္မရာ နည္းပညာေဟာင္းတစ္ခုရဲ႕ နာမည္ပါ။

HMD Global ဟာ Nokia 9 PureView ကို ပြဲထုတ္ဖို႔ အဆင့္သင့္ျဖစ္ေနၿပီး အဆိုပါ ဖုန္းရဲ႕ Internal Spec ေတြလည္း ထြက္ေပၚေနပါၿပီ။ ၂၀၁၉ ခုႏွစ္ရဲ႕ Qualcomm Flagship SoC ျဖစ္တဲ့ Snapdragon 855 ကို တပ္ဆင္ေပးသြားမွာျဖစ္ၿပီး In-Display Fingerprint Scanner လဲပါဝင္မွာပါ။ ေဖေဖာ္ဝါရီလ အေစာပိုင္းမွာ မိတ္ဆက္နိုင္ၿပီး ေဖေဖာ္ဝါရီ လကုန္မွာ က်င္းပမယ့္ MWC 2019 ပြဲကို တမင္တကာေရွာင္တာျဖစ္နိုင္ပါတယ္။

Ref: XDA

Unicode

Nokia 9 PureView ကို MWC ပွဲ မတိုင်ခင် မြင်တွေ့ရဖွယ်ရှိ

HMD Global ရဲ့ 2019 Flagship ဖုန်းဖြစ်တဲ့ Nokia 9 PureView ကို မကြာခင် မြင်တွေ့ရတော့မယ်လို့ သတင်းတွေထွက်နေပါပြီ။ အဆိုပါ နောက်ကျောဘက် ကင်မရာ ငါးလုံးပါ ဖုန်းရဲ့ အချက်အလက်နဲ့ ပုံရိပ်တွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတာ လွန်ခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလ ကတည်းကပါပဲ။ Rendered Image (ကွန်ပြူတာနဲ့ရေးဆွဲထားတဲ့ ဒီဇိုင်း) တွေ ထွက်ပေါ်လာကတည်းက အဆိုပါ နောက်ကျောဘက် ကင်မရာ ငါးလုံးကြောင့်ပဲ Nokia 9 ကို စိတ်ဝင်စားတဲ့သူတွေ အတော်များခဲ့ပါတယ်။ အချို့ကလည်း အဆိုပါ ပေါက်ကြားလာတဲ့ ပုံဟာ Concept Design သာဖြစ်ကြောင်းထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Nokia 9 ဟာ အမှန်တစ်ကယ်ပဲ နောက်ကျော်ဘက် ကင်မရာ ငါးလုံးနဲ့ ထွက်ပေါ်လာတော့မှာပါ။

၂၀၁၈ ကုန်ခါနီးတုန်းကတော့ အဆိုပါ ကင်မရာ ငါးလုံးဖုန်းကို MWC 2019 ပွဲမှာ ပြသနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုတော့ MWC 2019 ပွဲထက် စောပြီး ပွဲထုတ်တော့မှာပါ။ Nokia 9 ဟာ HMD Global က ထုတ်ဖူးသမျှ ဖုန်းတွေမှာ ကင်မရာ နည်းပညာ အဆင့်မြင့်ဆုံး ဖုန်းတစ်လုံးဖြစ်လာမှာပါ။ PureView ဆိုတဲ့ နာမည်ဟာ အသစ်အဆန်းမဟုတ်ဘဲ Nokia ရဲ့ ကင်မရာ နည်းပညာဟောင်းတစ်ခုရဲ့ နာမည်ပါ။

HMD Global ဟာ Nokia 9 PureView ကို ပွဲထုတ်ဖို့ အဆင့်သင့်ဖြစ်နေပြီး အဆိုပါ ဖုန်းရဲ့ Internal Spec တွေလည်း ထွက်ပေါ်နေပါပြီ။ ၂၀၁၉ ခုနှစ်ရဲ့ Qualcomm Flagship SoC ဖြစ်တဲ့ Snapdragon 855 ကို တပ်ဆင်ပေးသွားမှာဖြစ်ပြီး In-Display Fingerprint Scanner လဲပါဝင်မှာပါ။ ဖေဖော်ဝါရီလ အစောပိုင်းမှာ မိတ်ဆက်နိုင်ပြီး ဖေဖော်ဝါရီ လကုန်မှာ ကျင်းပမယ့် MWC 2019 ပွဲကို တမင်တကာရှောင်တာဖြစ်နိုင်ပါတယ်။

Ref: XDA