[Zawgyi]

HMD Global ရဲ႕ ေနာက္ထြက္မယ့္ Flagship စမတ္ဖုန္း Nokia 9 Pureview ကို ဇႏၷဝါရီလ အေစာပိုင္းမွာ က်င္းပမယ့္ CES နည္းပညာပြဲေတာ္နဲ႔ ေဖေဖာ္ဝါရီလကုန္မွာ က်င္းပေလ့ရွိတဲ့ MWC ပြဲတုိ႔ၾကားထဲမွာ သီးသန္႔ မိတ္ဆက္လာမယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒါ့အျပင္ ရုရွအေျခစိုက္ Nokia အမာခံပရိသတ္အဖြဲ႕ရဲ႕ တြစ္တာအေကာင့္မွာ Nokia 9 Pureview ကိုမိတ္ဆက္ဖို႔ တစ္လသာ လိုေတာ့တယ္လို႔ ေၾကျငာလာတာကိုလည္း ေတြ႕ရွိရပါတယ္။

သူတုိ႔ရဲ႕ VK ဆုိရွယ္စာမ်က္ႏွာမွာေတာ့ Nokia Anew ဟာ အမာခံပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ Nokia 9 Pureview ကို ဇႏၷဝါရီလကုန္မွာ ျမင္ေတြ႕ရမယ္လို႔ ေၾကျငာထားတယ္။ ဒီဖုန္းကို ထူးထူးျခားျခား ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ အေၾကာင္းရင္းကေတာ့ ZEISS စံခ်ိန္မီ ကင္မရာငါးလုံးကို ေနာက္ေက်ာမွာ ထည့္သြင္းလာတဲ့ ထူးထူးဆန္းဆန္း ဒီဇုိင္းေၾကာင့္ပါပဲ။

ထြက္ေပၚႏွင့္ေနတဲ့ Nokia 9 Pureview ရဲ႕ပုံရိပ္ေတြမွာေတာ့ Notch မပါတဲ့ Display ကိုျမင္ေတြ႕ရၿပီး 18:9 အခ်ဳိးလို႔ ယူဆရပါတယ္။ ဖုန္းရဲ႕ေရွ႕ဒီဇုိင္းကေတာ့ Nokia 8 နဲ႔ Nokia 8 Sirocco စမတ္ဖုန္းမ်ားနဲ႔ေတာ့ သိပ္မကြာပါဘူး။ အေပၚ Bezel ေဘာင္ႀကီးမွာ ဆယ္ဖီကင္မရာအႀကီးတစ္ခုနဲ႔ Sensor ေတြ ပါဝင္လာမယ္။ Nokia 8 Sirocco မွာ 3.5mm Audio Jack မပါသလိုပဲ 9 Pureview မွာလည္း ဒါကို ခ်န္ခဲ့မယ္လို႔ ထင္ရပါတယ္။

Nokia 9 Pureview ဟန္းဆက္မွာ Snapdragon 845 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ၿပီး 8GB RAM မန္မုိရီ ပါဝင္မွာပါ။ ဘကၳရီကေတာ့ 4,150 mAh ဘကၳရီႀကီးျဖစ္ၿပီး ႀကိဳးမဲ့အားသြင္းစနစ္ ပါပါလိမ့္မယ္။

Ref – Playful Droid

[Unicode]

HMD Global ရဲ့ နောက်ထွက်မယ့် Flagship စမတ်ဖုန်း Nokia 9 Pureview ကို ဇန္နဝါရီလ အစောပိုင်းမှာ ကျင်းပမယ့် CES နည်းပညာပွဲတော်နဲ့ ဖေဖော်ဝါရီလကုန်မှာ ကျင်းပလေ့ရှိတဲ့ MWC ပွဲတို့ကြားထဲမှာ သီးသန့် မိတ်ဆက်လာမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါ့အပြင် ရုရှအခြေစိုက် Nokia အမာခံပရိသတ်အဖွဲ့ရဲ့ တွစ်တာအကောင့်မှာ Nokia 9 Pureview ကိုမိတ်ဆက်ဖို့ တစ်လသာ လိုတော့တယ်လို့ ကြေငြာလာတာကိုလည်း တွေ့ရှိရပါတယ်။

သူတို့ရဲ့ VK ဆိုရှယ်စာမျက်နှာမှာတော့ Nokia Anew ဟာ အမာခံပရိသတ်တွေ မျှော်လင့်နေတဲ့ Nokia 9 Pureview ကို ဇန္နဝါရီလကုန်မှာ မြင်တွေ့ရမယ်လို့ ကြေငြာထားတယ်။ ဒီဖုန်းကို ထူးထူးခြားခြား မျှော်လင့်စောင့်စားနေကြတဲ့ အကြောင်းရင်းကတော့ ZEISS စံချိန်မီ ကင်မရာငါးလုံးကို နောက်ကျောမှာ ထည့်သွင်းလာတဲ့ ထူးထူးဆန်းဆန်း ဒီဇိုင်းကြောင့်ပါပဲ။

ထွက်ပေါ်နှင့်နေတဲ့ Nokia 9 Pureview ရဲ့ပုံရိပ်တွေမှာတော့ Notch မပါတဲ့ Display ကိုမြင်တွေ့ရပြီး 18:9 အချိုးလို့ ယူဆရပါတယ်။ ဖုန်းရဲ့ရှေ့ဒီဇိုင်းကတော့ Nokia 8 နဲ့ Nokia 8 Sirocco စမတ်ဖုန်းများနဲ့တော့ သိပ်မကွာပါဘူး။ အပေါ် Bezel ဘောင်ကြီးမှာ ဆယ်ဖီကင်မရာအကြီးတစ်ခုနဲ့ Sensor တွေ ပါဝင်လာမယ်။ Nokia 8 Sirocco မှာ 3.5mm Audio Jack မပါသလိုပဲ 9 Pureview မှာလည်း ဒါကို ချန်ခဲ့မယ်လို့ ထင်ရပါတယ်။

Nokia 9 Pureview ဟန်းဆက်မှာ Snapdragon 845 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး 8GB RAM မန်မိုရီ ပါဝင်မှာပါ။ ဘက္ထရီကတော့ 4,150 mAh ဘက္ထရီကြီးဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ် ပါပါလိမ့်မယ်။

Ref – Playful Droid