[Zawgyi]

အေမရိကန္ဆက္သြယ္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ Verizon ကေနတဆင့္ Nokia ရဲ႕ Android Go ဟန္းဆက္ အသစ္ျဖစ္တဲ့ Nokia 2 V ကိုမိတ္ဆက္လာခဲ့ပါၿပီ။ သူ႕ရဲ႕နက္ဝက္အတြက္ Nokia 2.1 ဟန္းဆက္ကို ျပန္လည္ ျပဳျပင္လာခဲ့တဲ့ ဖုန္းဟာ Android Go စက္ႏွင္စနစ္ကို အသုံးျပဳထားၿပီး ေဒၚလာ ၇၀ သာ ရွိပါတယ္။

Nokia 2 V စမတ္ဖုန္းမွာ Snapdragon 425 ခ်စ္ပ္ဆက္ပါဝင္ၿပီး Quad-core 1.4GHz CPU နဲ႔ 1GB RAM မန္မုိရီတုိ႔ ပါဝင္တယ္။ Android 8.1 Oreo ကုိအေျခခံထားတဲ့ Go Edition မုိဘုိင္း OS စက္ႏွင္စနစ္ကို အသုံးျပဳထားကာ Gmail Go, Maps Go, YouTube Go တုိ႔လို ပိုမုိေပါ့ပါးေစတဲ့ Go မိသားစုဝင္ App ေတြ တစ္ခါတည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ Storage ပမာဏကေတာ့ 8GB သာ ပါဝင္ေပမယ့္ MicroSD Slot နဲ႔ 128GB ထိ ထပ္မံတုိးျမွင့္ႏုိင္မွာပါ။

Nokia 2 V ရဲ႕မ်က္ႏွာျပင္ကေတာ့ 5.5” လက္မအရြယ္ျဖစ္ၿပီး 16:9 Ratio နဲ႔ပါ။ Physical ခလုတ္ေတြ သိပ္မပါဝင္သလို Fingerprint လည္းပဲ မပါပါဘူး။ ဘကၳရီက 4,000 mAh ေတာင္ရွိၿပီး Micro USB Port မွ ပုံမွန္ 10W ႏႈန္းျဖင့္ အားသြင္းႏုိင္မွာပါ။

အေရွ႕ဘက္ကို မ်က္ႏွာမူထားတဲ့ Dual စပီကာအစုံလည္း ပါဝင္ပါတယ္။ အဓိက ကင္မရာက 8MP ျဖစ္ၿပီး ဆယ္ဖီအျဖစ္ 5MP လည္း ပါဝင္ပါတယ္။ အေရာင္က အျပာနဲ႔ ေငြေရာင္ႏွစ္မ်ဳိး ထြက္လာပါတယ္။ Nokia 2 V ဟာ သူ႕ေစ်းႏႈန္းနဲ႔ယွဥ္ရင္ စမတ္ဖုန္းတစ္လုံးမွာ ပါသင့္တဲ့ အရာေတြ ေကာင္းမြန္စြာပါလာတဲ့ ရွားရွားပါးပါး ဖုန္းတစ္လုံး ျဖစ္ေပမယ့္ အေမရိကန္ေစ်းကြက္အျပင္ဘက္ကို ထြက္လာမလား ဆုိတာကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Verizon ကနေတဆင့် Nokia ရဲ့ Android Go ဟန်းဆက် အသစ်ဖြစ်တဲ့ Nokia 2 V ကိုမိတ်ဆက်လာခဲ့ပါပြီ။ သူ့ရဲ့နက်ဝက်အတွက် Nokia 2.1 ဟန်းဆက်ကို ပြန်လည် ပြုပြင်လာခဲ့တဲ့ ဖုန်းဟာ Android Go စက်နှင်စနစ်ကို အသုံးပြုထားပြီး ဒေါ်လာ ၇၀ သာ ရှိပါတယ်။

Nokia 2 V စမတ်ဖုန်းမှာ Snapdragon 425 ချစ်ပ်ဆက်ပါဝင်ပြီး Quad-core 1.4GHz CPU နဲ့ 1GB RAM မန်မိုရီတို့ ပါဝင်တယ်။ Android 8.1 Oreo ကိုအခြေခံထားတဲ့ Go Edition မိုဘိုင်း OS စက်နှင်စနစ်ကို အသုံးပြုထားကာ Gmail Go, Maps Go, YouTube Go တို့လို ပိုမိုပေါ့ပါးစေတဲ့ Go မိသားစုဝင် App တွေ တစ်ခါတည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Storage ပမာဏကတော့ 8GB သာ ပါဝင်ပေမယ့် MicroSD Slot နဲ့ 128GB ထိ ထပ်မံတိုးမြှင့်နိုင်မှာပါ။

Nokia 2 V ရဲ့မျက်နှာပြင်ကတော့ 5.5” လက်မအရွယ်ဖြစ်ပြီး 16:9 Ratio နဲ့ပါ။ Physical ခလုတ်တွေ သိပ်မပါဝင်သလို Fingerprint လည်းပဲ မပါပါဘူး။ ဘက္ထရီက 4,000 mAh တောင်ရှိပြီး Micro USB Port မှ ပုံမှန် 10W နှုန်းဖြင့် အားသွင်းနိုင်မှာပါ။

အရှေ့ဘက်ကို မျက်နှာမူထားတဲ့ Dual စပီကာအစုံလည်း ပါဝင်ပါတယ်။ အဓိက ကင်မရာက 8MP ဖြစ်ပြီး ဆယ်ဖီအဖြစ် 5MP လည်း ပါဝင်ပါတယ်။ အရောင်က အပြာနဲ့ ငွေရောင်နှစ်မျိုး ထွက်လာပါတယ်။ Nokia 2 V ဟာ သူ့ဈေးနှုန်းနဲ့ယှဉ်ရင် စမတ်ဖုန်းတစ်လုံးမှာ ပါသင့်တဲ့ အရာတွေ ကောင်းမွန်စွာပါလာတဲ့ ရှားရှားပါးပါး ဖုန်းတစ်လုံး ဖြစ်ပေမယ့် အမေရိကန်ဈေးကွက်အပြင်ဘက်ကို ထွက်လာမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena