[Zawgyi]

HMD Global အေနနဲ႔ Nokia စမတ္ဖုန္း ေတာ္ေတာ္မ်ားမ်ားကို ဒီႏွစ္ထဲမွာ မိတ္ဆက္ေပးခဲ့ပါတယ္။ Notch Display နဲ႔ Dual Rear Camera Setup ပါတဲ့ စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့တာျဖစ္ၿပီး ကင္မရာ ၅လုံးပါမယ္ဆိုတဲ့ ဖုန္းႀကီးကေတာ့ ခုခ်ိန္ထိ ေပၚထြက္လာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ လာမယ့္ ၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ ေနာက္ေက်ာဘက္မွာတင္ ကင္မရာ ၅လုံးပါမယ့္ Nokia 9 PureView စမတ္ဖုန္းကို ပြဲထုတ္လာႏိုင္ပါတယ္။

ဒီေန႔ ၾကားသိခဲ့ရတဲ့ သတင္းအရဆိုရင္ေတာ့ HMD Global ပြဲထုတ္ဖို႔ ျပင္ဆင္ေနတဲ့ ဖုန္းက Nokia 9 PureView တစ္လုံးတည္း မဟုတ္ပါဘူး။ Notch မပါ၊ Display အေပါက္မပါ၊ ေနာက္ကင္မရာ ၃လုံးနဲ႔ ဖုန္းတစ္မ်ိဴးကိုလည္း မၾကာခင္ မိတ္ဆက္လာႏိုင္ပါတယ္။ အဆိုပါဖုန္းဟာ Snapdragon 845 SoC ကို အသုံးျပဳထားမယ့္ Flagship စမတ္ဖုန္း တစ္မ်ိဴးျဖစ္ေၾကာင္းကိုလည္း ခန္႔မွန္းေျပာဆိုထားၾကပါေသးတယ္။

အြန္လိုင္းကေနတစ္ဆင့္ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓာတ္ပုံမွာဆိုရင္ အမည္မသိ Nokia ဖုန္းရဲ႕ ေဘးေဘာင္နဲ႔ အထက္ေဘာင္ေတြရဲ႕ အ႐ြယ္အစားက တူညီေနတာ ေတြ႕ရပါတယ္။ ေအာက္ေဘာင္ (Chin) ကေတာ့ သာမန္ထက္ ပိုႀကီးေနပါတယ္။ အထက္ေဘာင္ (Bezel) မွာ Selfie Camera ထည့္သြင္းဖို႔ ေနရာအလုံအေလာက္ မရွိသလို ေအာက္ဘက္ Chin ထဲမွာလည္း Selfie Camera ထည့္သြင္းထားတာ မေတြ႕ရပါဘူး။ ဒါ့ေၾကာင့္ Pop-up Slider Camera ကို အသုံးျပဳထားမွာလား ဒါမွမဟုတ္ Selfie Camera အတြက္ နည္းပညာအသစ္အဆန္း တစ္ခုခုကို ျမင္ေတြ႕ရမွာလား ဆိုတာ ေတာ္ေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းေနပါတယ္။

ေနာက္ေက်ာဘက္ကို ႐ိုက္ကူးထားတဲ့ ဓာတ္ပုံမွာဆိုရင္လည္း ကင္မရာ ၃လုံးကို ေဒါင္လိုက္ တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ Triple Camera Setup မွာ ZEISS အမွတ္တံဆိပ္ပါဝင္တာ မေတြ႕ရသလို Fingerprint Sensor တပ္ဆင္ထားတာလည္း မေတြ႕ရပါဘူး။ ဒါ့ေၾကာင့္ Under-display Fingerprint Sensor နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

Notch မပါ၊ Display အပေါက်မပါ၊ နောက်ကင်မရာ ၃လုံးနဲ့ အမည်မသိ Nokia ဖုန်းတစ်လုံး

HMD Global အနေနဲ့ Nokia စမတ်ဖုန်း တော်တော်များများကို ဒီနှစ်ထဲမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ Notch Display နဲ့ Dual Rear Camera Setup ပါတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီး ကင်မရာ ၅လုံးပါမယ်ဆိုတဲ့ ဖုန်းကြီးကတော့ ခုချိန်ထိ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၁၉ခုနှစ် အစောပိုင်းမှာ နောက်ကျောဘက်မှာတင် ကင်မရာ ၅လုံးပါမယ့် Nokia 9 PureView စမတ်ဖုန်းကို ပွဲထုတ်လာနိုင်ပါတယ်။

 

ဒီနေ့ ကြားသိခဲ့ရတဲ့ သတင်းအရဆိုရင်တော့ HMD Global ပွဲထုတ်ဖို့ ပြင်ဆင်နေတဲ့ ဖုန်းက Nokia 9 PureView တစ်လုံးတည်း မဟုတ်ပါဘူး။ Notch မပါ၊ Display အပေါက်မပါ၊ နောက်ကင်မရာ ၃လုံးနဲ့ ဖုန်းတစ်မျိူးကိုလည်း မကြာခင် မိတ်ဆက်လာနိုင်ပါတယ်။ အဆိုပါဖုန်းဟာ Snapdragon 845 SoC ကို အသုံးပြုထားမယ့် Flagship စမတ်ဖုန်း တစ်မျိူးဖြစ်ကြောင်းကိုလည်း ခန့်မှန်းပြောဆိုထားကြပါသေးတယ်။

အွန်လိုင်းကနေတစ်ဆင့် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံမှာဆိုရင် အမည်မသိ Nokia ဖုန်းရဲ့ ဘေးဘောင်နဲ့ အထက်ဘောင်တွေရဲ့ အရွယ်အစားက တူညီနေတာ တွေ့ရပါတယ်။ အောက်ဘောင် (Chin) ကတော့ သာမန်ထက် ပိုကြီးနေပါတယ်။ အထက်ဘောင် (Bezel) မှာ Selfie Camera ထည့်သွင်းဖို့ နေရာအလုံအလောက် မရှိသလို အောက်ဘက် Chin ထဲမှာလည်း Selfie Camera ထည့်သွင်းထားတာ မတွေ့ရပါဘူး။ ဒါ့ကြောင့် Pop-up Slider Camera ကို အသုံးပြုထားမှာလား ဒါမှမဟုတ် Selfie Camera အတွက် နည်းပညာအသစ်အဆန်း တစ်ခုခုကို မြင်တွေ့ရမှာလား ဆိုတာ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းနေပါတယ်။

နောက်ကျောဘက်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာဆိုရင်လည်း ကင်မရာ ၃လုံးကို ဒေါင်လိုက် တပ်ဆင်ထားတာ တွေ့ရပါတယ်။ Triple Camera Setup မှာ ZEISS အမှတ်တံဆိပ်ပါဝင်တာ မတွေ့ရသလို Fingerprint Sensor တပ်ဆင်ထားတာလည်း မတွေ့ရပါဘူး။ ဒါ့ကြောင့် Under-display Fingerprint Sensor နဲ့ ပွဲထွက်လာနိုင်ပါတယ်။

Ref : gizmochina