Zawgyi

ေနာက္ဆံုးေတာ့ ရက္ေပါင္းအေတာ္ၾကာ သတင္းေတြထြက္ေနခဲ့တဲ့ Nokia X7 ကို တရုတ္ႏိုင္ငံ ေဘဂ်င္းျမိဳ႕မွာ စတင္မိတ္ဆက္လိုိုက္ပါျပီ။ Nokia X7 မွာပါဝင္တဲ့ စိတ္ဝင္စားစရာ Feature ေတြကေတာ့ Snapdragon 710 Chipset နဲ႔ Zeiss ကင္မရာေတြပါပဲ။ Qualcomm ရဲ႕ Premium Mid-Range SoC ျဖစ္တဲ့ Snapdragon 710 ကို 2.2GHz အျမန္ႏွုန္းရွိတဲ့ Core ႏွစ္လံုးနဲ႔ 1.7GHz ရွိတဲ့ Core ေလးလံုးနဲ႔ ဖြဲ႔စည္းထားျပီး GPU ကေတာ့ Adreno 616 ပါ။ 6.2-inch ရွိတဲ့ FHD+ LCD Display ကို Gorilla Glass 3 နဲ႔ ဖံုးအုပ္ေပးထားလို႔ အစင္းရာေတြနဲ႔ သာမာန္ ထိမိခိုက္မိတဲ့ ဒဏ္ေတြကို ခံႏိုင္မွာပါ။

ကင္မရာပိုင္းအတြက္ကေတာ့ Zeiss အမွတ္တံဆိပ္ Dual Camera စနစ္ပါဝင္ပါတယ္။ Dual Camera စနစ္အတြက္ Aperture f/1.8 ရွိတဲ့ 12MP ကင္မရာနဲ႔ 13MP ကင္မရာေတြပါဝင္ပါတယ္။ အေရွ႕ဘက္မွာေတာ့ Aperture f/2.0 ရွိတဲ့ 20MP ရွိ Selfie ကင္မရာပါဝင္ျပီး 1.4-micron Pixels ပါဝင္တဲ့အျပင္ AI လုပ္ေဆာင္ခ်က္ေတြပါ ပါဝင္တဲ့အတြက္ Selfie သမားေတြအတြက္ အရမ္းအဆင္ေျပေစပါတယ္။ အေနာက္ဘက္ ကင္မရာေတြဟာ 4K အဆင့္ရွိတဲ့ ဗီဒီယိုေတြကို ရိုက္ကူးႏုိင္ျပီး လက္တုန္ခါတာေၾကာင့္ ပံုရိပ္ေတြ မဝါးသြားေစဖို႔ EIS လည္းပါဝင္ပါေသးတယ္။ ျမင္ကြင္း အမ်ိဳးအစား အမ်ိဳးမ်ိဳးနဲ႔ အရာ၀တၳဳအမ်ိဳးမ်ိဳးကို ခြဲျခား သိရွိနားလည္တဲ့ AI ပါဝင္တာေၾကာင့္ ဘယ္ျမင္ကြင္း ဘယ္ အရာ၀တၳဳကိုပဲ ရိုက္ရိုက္ အေကာင္းဆံုး ပံုထြက္ ရရွိဖို႔ AI ကေနျပီး အလိုအေလ်ာက္ ခ်ိန္ညွိေပးမွာပါ။

Game UI Assistant ဆိုတဲ့ ဂိမ္း ေဆာ့ေနရင္း အေႏွာင့္အယွက္ကင္းေစဖို႔ ကူညီေပးတဲ့ Feature အသစ္ ေလးတစ္ခုလည္း ပါဝင္လာပါေသးတယ္။ အဆိုပါ Feature အသစ္ဟာ AI အေျခခံ Floating Ball ေလးအေနနဲ႔ ပါဝင္လာျပီး ဂိမ္းေဆာ့ေနရင္း တစ္ျခား Third Party App ေတြရဲ႕ Notification ေတြကိုပိတ္ေပးတာေၾကာင့္ ဂိမ္းေဆာ့ေနတာကို အေႏွာင့္အယွက္မျဖစ္ေစေတာ့ပါဘူး။ Operating System နဲ႔ UI အပိုင္းမွာေတာ့ Google ရဲ႕ Android One ကိုပဲ အသံုးျပဳေပးထားပါတယ္။ Android One ေၾကာင့္ အသံုးျပဳရတာ လွ်င္ျမန္သြက္လက္ျပီး Android ရဲ႕ နဂိုမူလ အသြင္အျပင္ကိုလည္း ျမင္ေတြ႔ခံစားႏုိင္ပါေသးတယ္။ ဒါ့အျပင္ Android Update ေတြလည္း တစ္ျခား Android One မဟုတ္တဲ့ ဖုန္းေတြထက္ ပိုျပီး ့ျမန္ျမန္ဆန္ဆန္ ရရွိမွာပါ။ Bluetooth5.0, APTX HD နဲ႔ OZO Audio အစရွိတဲ့ ေနာက္ဆံုးေပၚ အဆင့္ျမင့္ Feature ေတြလည္းပါဝင္မွာပါ။

ေစ်းႏွုန္းေတြကေတာ့ RAM 4GB + Internal Storage 64GB ကို $250 ရွိျပီး RAM 6 + Internal Storage 64GB ကေတာ့ $288 ရွိပါတယ္။ အျမင့္ဆံုး ေမာ္ဒယ္ျဖစ္တဲ့ RAM 6GB + Internal Storage 128GB ကေတာ့ $ 360 ရွိပါတယ္။ အေရာင္ေတြကေတာ့ Night Blue, Evening Red, Magic Night Silver နဲ႔ Night Black ဆိုျပီး ေလးေရာင္ ထုတ္ေပးထားပါတယ္။

Ref: XiaomiToday

Unicode

နောက်ဆုံးတော့ ရက်ပေါင်းအတော်ကြာ သတင်းတွေထွက်နေခဲ့တဲ့ Nokia X7 ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ စတင်မိတ်ဆက်လိုက်ပါပြီ။ Nokia X7 မှာပါဝင်တဲ့ စိတ်ဝင်စားစရာ Feature တွေကတော့ Snapdragon 710 Chipset နဲ့ Zeiss ကင်မရာတွေပါပဲ။ Qualcomm ရဲ့ Premium Mid-Range SoC ဖြစ်တဲ့ Snapdragon 710 ကို 2.2GHz အမြန်နှုန်းရှိတဲ့ Core နှစ်လုံးနဲ့ 1.7GHz ရှိတဲ့ Core လေးလုံးနဲ့ ဖွဲ့စည်းထားပြီး GPU ကတော့ Adreno 616 ပါ။ 6.2-inch ရှိတဲ့ FHD+ LCD Display ကို Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားလို့ အစင်းရာတွေနဲ့ သာမာန် ထိမိခိုက်မိတဲ့ ဒဏ်တွေကို ခံနိုင်မှာပါ။

ကင်မရာပိုင်းအတွက်ကတော့ Zeiss အမှတ်တံဆိပ် Dual Camera စနစ်ပါဝင်ပါတယ်။ Dual Camera စနစ်အတွက် Aperture f/1.8 ရှိတဲ့ 12MP ကင်မရာနဲ့ 13MP ကင်မရာတွေပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ Aperture f/2.0 ရှိတဲ့ 20MP ရှိ Selfie ကင်မရာပါဝင်ပြီး 1.4-micron Pixels ပါဝင်တဲ့အပြင် AI လုပ်ဆောင်ချက်တွေပါ ပါဝင်တဲ့အတွက် Selfie သမားတွေအတွက် အရမ်းအဆင်ပြေစေပါတယ်။ အနောက်ဘက် ကင်မရာတွေဟာ 4K အဆင့်ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး လက်တုန်ခါတာကြောင့် ပုံရိပ်တွေ မဝါးသွားစေဖို့ EIS လည်းပါဝင်ပါသေးတယ်။ မြင်ကွင်း အမျိုးအစား အမျိုးမျိုးနဲ့ အရာဝတ္ထုအမျိုးမျိုးကို ခွဲခြား သိရှိနားလည်တဲ့ AI ပါဝင်တာကြောင့် ဘယ်မြင်ကွင်း ဘယ် အရာဝတ္ထုကိုပဲ ရိုက်ရိုက် အကောင်းဆုံး ပုံထွက် ရရှိဖို့ AI ကနေပြီး အလိုအလျောက် ချိန်ညှိပေးမှာပါ။

Game UI Assistant ဆိုတဲ့ ဂိမ်း ဆော့နေရင်း အနှောင့်အယှက်ကင်းစေဖို့ ကူညီပေးတဲ့ Feature အသစ် လေးတစ်ခုလည်း ပါဝင်လာပါသေးတယ်။ အဆိုပါ Feature အသစ်ဟာ AI အခြေခံ Floating Ball လေးအနေနဲ့ ပါဝင်လာပြီး ဂိမ်းဆော့နေရင်း တစ်ခြား Third Party App တွေရဲ့ Notification တွေကိုပိတ်ပေးတာကြောင့် ဂိမ်းဆော့နေတာကို အနှောင့်အယှက်မဖြစ်စေတော့ပါဘူး။ Operating System နဲ့ UI အပိုင်းမှာတော့ Google ရဲ့ Android One ကိုပဲ အသုံးပြုပေးထားပါတယ်။ Android One ကြောင့် အသုံးပြုရတာ လျှင်မြန်သွက်လက်ပြီး Android ရဲ့ နဂိုမူလ အသွင်အပြင်ကိုလည်း မြင်တွေ့ခံစားနိုင်ပါသေးတယ်။ ဒါ့အပြင် Android Update တွေလည်း တစ်ခြား Android One မဟုတ်တဲ့ ဖုန်းတွေထက် ပိုပြီး့မြန်မြန်ဆန်ဆန် ရရှိမှာပါ။ Bluetooth5.0, APTX HD နဲ့ OZO Audio အစရှိတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် Feature တွေလည်းပါဝင်မှာပါ။

ဈေးနှုန်းတွေကတော့ RAM 4GB + Internal Storage 64GB ကို $250 ရှိပြီး RAM 6 + Internal Storage 64GB ကတော့ $288 ရှိပါတယ်။ အမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ RAM 6GB + Internal Storage 128GB ကတော့ $ 360 ရှိပါတယ်။ အရောင်တွေကတော့ Night Blue, Evening Red, Magic Night Silver နဲ့ Night Black ဆိုပြီး လေးရောင် ထုတ်ပေးထားပါတယ်။

Ref: XiaomiToday