[Zawgyi]

HMD Global အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ Flagship စမတ္ဖုန္းျဖစ္တဲ့ Nokia 9 PureView ကို လာမယ့္ ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔မွာ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ Penta Camera Setup လို႔ေခၚတဲ့ ကင္မရာ ၅လုံး ပူးတြဲတပ္ဆင္ထားမယ့္ Nokia 9 PureView ရဲ႕ ဓာတ္ပုံေတြဟာ စက္႐ုံထဲမွာ စတင္ထုတ္လုပ္ေနခ်ိန္ကစၿပီး ဒီေန႔ အခ်ိန္ထိ အမ်ိဴးမ်ိဴးေသာ ဓာတ္ပုံေတြ ေပၚထြက္ေနပါတယ္။

ဒီေန႔ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြဟာ ျဖစ္ႏိုင္ေျခရွိတဲ့ ဒီဇိုင္းကို ဖန္တီးေရးဆြဲထားတာ မဟုတ္ဘဲ တကယ့္လက္ေတြ႕ဘဝမွာ ကိုင္တြယ္အသုံးျပဳေနတဲ့ Nokia 9 PureView ရဲ႕ ဓာတ္ပုံေတြျဖစ္ပါတယ္။ အဆိုပါ ဓာတ္ပုံေတြဟာ NokiaPowerUser ဝက္ဆိုက္ကေန တစ္ဆင့္ထြက္ေပၚလာတာ ျဖစ္ၿပီး Nokia 9 PureView ရဲ႕ ေရွ႕ဘက္မ်က္ႏွာျပင္နဲ႔ ေနာက္ေက်ာဘက္ဒီဇိုင္းေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ေရွ႕ဘက္မ်က္ႏွာျပင္ကို ေဖာ္ျပထားတဲ့ ဓာတ္ပုံကို ၾကည့္ျခင္းအားျဖင့္ Nokia 9 PureView ဟာ လုံးဝန္းတဲ့ ကိုယ္ထည္ကို အသုံးျပဳထားႏိုင္ၿပီး Display Notch မပါဝင္တာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ အေပၚ၊ ေအာက္ ေဘာင္ေတြကလည္း ေတာ္ေတာ္ေလးထူေနၿပီး အေပၚေဘာင္ထဲမွာေတာ့ Selfie Camera, Earpiece နဲ႔ တျခား Sensor ေတြကို ထည့္သြင္းတပ္ဆင္ထားတာ ေတြ႕ရပါတယ္။

ေနာက္ေက်ာဘက္ ဓာတ္ပုံမွာေတာ့ ေျပာင္ဝင္းေနတဲ့ ကိုယ္ထည္နဲ႔အတူ ေျခာက္လုံးျပဴး ေသနတ္ရဲ႕ က်ည္ကဒ္သဖြယ္ ဖန္တီးျပဳလုပ္ထားတဲ့ Penta Camera Setup , Flashlight နဲ႔ Depth Sensor ေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ အဆိုပါ ကိုယ္ထည္ကို Metal နဲ႔ျပဳလုပ္ထားၿပီး အေပၚကေန Glass နဲ႔ ဖုံးအုပ္ထားေၾကာင္း ခန္႔မွန္းေျပာဆိုေနၾကပါတယ္။

Ref : Gadgets.ndtv

[Unicode]

Nokia 9 PureView ရဲ့ ရှေ့၊ နောက် ဒီဇိုင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရမယ့် ဓာတ်ပုံ ၂ပုံ

HMD Global အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Flagship စမတ်ဖုန်းဖြစ်တဲ့ Nokia 9 PureView ကို လာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Penta Camera Setup လို့ခေါ်တဲ့ ကင်မရာ ၅လုံး ပူးတွဲတပ်ဆင်ထားမယ့် Nokia 9 PureView ရဲ့ ဓာတ်ပုံတွေဟာ စက်ရုံထဲမှာ စတင်ထုတ်လုပ်နေချိန်ကစပြီး ဒီနေ့ အချိန်ထိ အမျိူးမျိူးသော ဓာတ်ပုံတွေ ပေါ်ထွက်နေပါတယ်။

ဒီနေ့ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ ဒီဇိုင်းကို ဖန်တီးရေးဆွဲထားတာ မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာ ကိုင်တွယ်အသုံးပြုနေတဲ့ Nokia 9 PureView ရဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံတွေဟာ NokiaPowerUser ဝက်ဆိုက်ကနေ တစ်ဆင့်ထွက်ပေါ်လာတာ ဖြစ်ပြီး Nokia 9 PureView ရဲ့ ရှေ့ဘက်မျက်နှာပြင်နဲ့ နောက်ကျောဘက်ဒီဇိုင်းတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ရှေ့ဘက်မျက်နှာပြင်ကို ဖော်ပြထားတဲ့ ဓာတ်ပုံကို ကြည့်ခြင်းအားဖြင့် Nokia 9 PureView ဟာ လုံးဝန်းတဲ့ ကိုယ်ထည်ကို အသုံးပြုထားနိုင်ပြီး Display Notch မပါဝင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် အပေါ်၊ အောက် ဘောင်တွေကလည်း တော်တော်လေးထူနေပြီး အပေါ်ဘောင်ထဲမှာတော့ Selfie Camera, Earpiece နဲ့ တခြား Sensor တွေကို ထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပါတယ်။

နောက်ကျောဘက် ဓာတ်ပုံမှာတော့ ပြောင်ဝင်းနေတဲ့ ကိုယ်ထည်နဲ့အတူ ခြောက်လုံးပြူး သေနတ်ရဲ့ ကျည်ကဒ်သဖွယ် ဖန်တီးပြုလုပ်ထားတဲ့ Penta Camera Setup , Flashlight နဲ့ Depth Sensor တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဆိုပါ ကိုယ်ထည်ကို Metal နဲ့ပြုလုပ်ထားပြီး အပေါ်ကနေ Glass နဲ့ ဖုံးအုပ်ထားကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။

Ref : Gadgets.ndtv