[Zawgyi]

ေနာက္ ၉ရက္အၾကာ ဒီဇင္ဘာ ၁၇ရက္ေန႔မွာေတာ့ Huawei က သူ႔ရဲ႕ Nova Series ထဲက ဖုန္းအသစ္တစ္လံုးကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ သူကေတာ့ Huawei ထဲမွာ InScreen Selfie ကင္မရာကို ပထမဆံုးသံုးထားမယ့္ ဖုန္းတစ္လံုး ျဖစ္လာမွာပါ။

Huawei က အျမဲတမ္းလုပ္ေနက်အတိုင္း ဖုန္းအသစ္မိတ္မဆက္ခင္မွာ အရမ္းကို Hype ျဖစ္ေအာင္ လုပ္ေလ့ရိွတာ အက်င့္လိုကို ျဖစ္ေနပါျပီ။ ခုထြက္လာမယ့္ ဖုန္းကလည္း သိသေလာက္ထိဆိုရင္ Samsung ရဲ႕ Galaxy A8s နဲ႔ ေတာ္ေတာ္မ်ားမ်ားေတာင္ တူေနပါတယ္။

အခုေတာ့ Huawei ကေန သူ႔ရဲ႕ Nova 4 ဖုန္းအတြက္ ပထမဆံုး Official Video Teaser ကို တင္လိုက္ပါျပီ။

Nova 4 ကို ၾကည့္ရတာ Huawei P20 Pro ရဲ႕ ဒီဇုိင္းအသြင္အျပင္ တစ္ခ်ိဳ႕ကို ယူထားသလိုပါပဲ။ အထူးသျဖင့္ကေတာ့ ေက်ာဘက္ ကင္မရာ ၃လံုးဒီဇုိင္းပါ။ ေရွ႕ဘက္ဒီဇုိင္းကေတာ့ Display ရဲ႕ ဘယ္ဘက္ထိပ္ေထာင့္မွာ ကင္မရာအတြက္ အေပါက္နဲ႔ ေအာက္ဘက ္Chin ေလးကလည္း ေတာ္ေတာ္ေလးေသးေတာ့ မ်က္ႏွာျပင္ျပည့္နီးပါးေလာက္ ရိွေနမွာပါ။ Nova Series ထဲမွာေတာ့ Screen က အက်ယ္ဆံုးလို႔ ေျပာလိုရမွာပါ။

ဒီဖုန္းမွာလည္း Huawei ရဲ႕ GPU Turbo စနစ္ပါဝင္လာဦးမွာ ျဖစ္ျပီး အရင္ေျပာခဲ့ဖူးသလို ဖုန္းရဲ႕ GPU စြမ္းေဆာင္ရည္ကို ၆၀%ေလာက္ထိ ျမွင့္ေပးႏုိင္တဲ့ နည္းပညာပါ။ အရင္ Render မွာ ထြက္ခဲ့တဲ့ ပံုနဲ႔လည္း အတူတူပဲျဖစ္ျပီး Hardware Specification ေတြအရေတာ့ Kirin 710 ဒါမွမဟုတ္ Flagship ေတြမွာသံုးတဲ့ Kirin 980 တစ္ခုခုနဲ႔ ထြက္လာႏုိင္ပါတယ္။ RAM ကေတာ့ အနည္းဆံုး RAM 6gB ကေန စထြက္လာမယ္လို႔လည္း သိရပါတယ္။

Ref: GsmArena

[Unicode]

နောက် ၉ရက်အကြာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ Huawei က သူ့ရဲ့ Nova Series ထဲက ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ သူူကတော့ Huawei ထဲမှာ in-Screen Selfie ကင်မရာကို ပထမဆုံးသုံးထားမယ့် ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Huawei က အမြဲတမ်းလုပ်နေကျအတိုင်း ဖုန်းအသစ်မိတ်မဆက်ခင်မှာ အရမ်းကို Hype ဖြစ်အောင်လုပ်လေ့ရှိတာ အကျင့်လိုကိုဖြစ်နေပါပြီ။ ခုထွက်လာမယ့်ဖုန်းကလည်း သိသလောက်ထိဆိုရင် Samsung ရဲ့ Galaxy A8s နဲ့ တော်တော်များများတောင် တူနေပါတယ်

အခုတော့ Huawei ကနေ သူ့ရဲ့ Nova 4 ဖုန်းအတွက် ပထမဆုံး Official Video Teaser ကို တင်လိုက်ပါပြီ။

Nova 4 ကို ကြည့်ရတာ  Huawei P20 Pro ရဲ့ ဒီဇိုင်းအသွင်အပြင်တစ်ချို့ကို ယူထားသလိုပါပဲ။ အထူးသဖြင့်ကတော့ ကျောဘက် ကင်မရာ ၃လုံးဒီဇိုင်းပါ။ ရှေ့ဘက်ဒီဇိုင်းကတော့ Display ရဲ့ ဘယ်ဘက်ထိပ်ထောင့်မှာ ကင်မရာအတွက် အပေါက်နဲ့ အောက်ဘက် Chin လေးကလည်း တော်တော်လေးသေးတော့ မျက်နှာပြင်ပြည့်နီးပါးလောက် ရှိနေမှာပါ။ Nova Series ထဲမှာတော့ Screen အကျယ်ဆုံးလို့ ပြောလို့ရမှာပါ။

ဒီဖုန်းမှာလည်း Huawei ရဲ့ GPU Turbo စနစ် ပါဝင်လာဦးမှာဖြစ်ပြီး အရင်ပြောခဲ့ဖူးသလို ဖုန်းရဲ့ GPU စွမ်းဆောင်ရည်ကို ၆၀% လောက်ထိ မြှင့်ပေးနိုင်တဲ့ နည်းပညာပါ။ အရင် Render မှာ ထွက်ခဲ့တဲ့ပုံနဲ့လည်း အတူတူပဲ ဖြစ်ပြီး Hardware Specification တွေအရတော့ Kirin 710 ဒါမှမဟုတ် Flagship တွေမှာ သုံးတဲ့ Kirin 980 တစ်ခုခုနဲ့ထွက်လာနိုင်ပါတယ်။ RAM ကတော့ အနည်းဆုံး RAM 6GB ကနေ စထွက်လာမယ်လို့ သိရပါတယ်။

Ref: GsmArena