Zawgyi

HUAWEI ရဲ႕ Brand အခြဲျဖစ္တဲ့ Honor ကေန မၾကာေသးခင္ကမွ Honor View 20 ကို မိတ္ဆက္ခဲ့ၿပီး စမတ္ဖုန္းေလာကမွ ေတာ္ေတာ္ေလး နာမည္ႀကီးသြားပါတယ္။ Punch Hole လို႔ေခၚတဲ့ မ်က္ႏွာျပင္ အေပါက္ေလးနဲ႕ အတူ 48 Mega Pixel ရွိတဲ့ အရည္အေသြးျမင့္ ေနာက္ေက်ာ ကင္မရာေတြေၾကာင့္ စိတ္ဝင္စားသူအေတာ္ေလးမ်ားျပားခဲ့ပါတယ္။ ဒါေပမယ့္ HUAWEI ရဲ႕ ပထမဆုံး Punch Hole Display နဲ႕ဖုန္းက Nova 4 ပါ။ စမတ္ဖုန္းေလာကကို အေတာ္ေလး လႈပ္ခါေစခဲ့တဲ့ Punch Hole လို႔ေခၚတဲ့ မ်က္ႏွာျပင္ Selfie ကင္မရာေပါက္ ပါဝင္လာတဲ့ Nova 4 ကို မေလးရွားမွာ စတင္မိတ္ဆက္ေတာ့မွာပါ။

HUAWEI Malaysia ကေန ဇန္နဝါရီ ၁၆ မွာ က်င္းပမယ့္ Nova 4 မိတ္ဆက္ပြဲအတြက္ ဖိတ္ၾကားလႊာေတြ ျဖန႔္ေဝေနပါၿပီ။ အမွန္တစ္ကယ္ေတာ့ တ႐ုတ္ျပည္မွာ စတင္မိတ္ဆက္ခဲ့တဲ့ Nova 4 ဟာ ဗားရွင္းႏွစ္မ်ိဳးရွိပါတယ္။ 48MP ဗားရွင္းအျပင္ ေစ်းအနည္းငယ္သက္သာတဲ့ 20MP ဗားရွင္းကိုပါ ထုတ္ထားပါေသးတယ္။ မေလးရွားမွာမိတ္ဆက္မယ့္ပြဲမွာေတာ့ အဆိုပါ ေမာ္ဒယ္ႏွစ္ခုလုံးကို မိတ္ဆက္မလားဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။

Nova 4 ဟာ HUAWEI ရဲ႕ High-end ဖုန္းတစ္လုံးျဖစ္ၿပီး အရည္အေသြးျမင့္ ဖြဲ႕စည္းတည္ေဆာက္ပုံနဲ႕ ကင္မရာစနစ္ေတြေၾကာင့္ နာမည္ႀကီး ဖုန္းတစ္လုံးျဖစ္လာပါတယ္။ HUAWEI Nova 4 ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ ေအာက္ပါအတိုင္းပါပဲ။

Ref: XDA

Unicode

HUAWEI ရဲ့ Brand အခွဲဖြစ်တဲ့ Honor ကနေ မကြာသေးခင်ကမှ Honor View 20 ကို မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းလောကမှ တော်တော်လေး နာမည်ကြီးသွားပါတယ်။ Punch Hole လို့ခေါ်တဲ့ မျက်နှာပြင် အပေါက်လေးနဲ့ အတူ 48 Mega Pixel ရှိတဲ့ အရည်အသွေးမြင့် နောက်ကျော ကင်မရာတွေကြောင့် စိတ်ဝင်စားသူအတော်လေးများပြားခဲ့ပါတယ်။ ဒါပေမယ့် HUAWEI ရဲ့ ပထမဆုံး Punch Hole Display နဲ့ဖုန်းက Nova 4 ပါ။ စမတ်ဖုန်းလောကကို အတော်လေး လှုပ်ခါစေခဲ့တဲ့ Punch Hole လို့ခေါ်တဲ့ မျက်နှာပြင် Selfie ကင်မရာပေါက် ပါဝင်လာတဲ့ Nova 4 ကို မလေးရှားမှာ စတင်မိတ်ဆက်တော့မှာပါ။

HUAWEI Malaysia ကနေ ဇန်နဝါရီ ၁၆ မှာ ကျင်းပမယ့် Nova 4 မိတ်ဆက်ပွဲအတွက် ဖိတ်ကြားလွှာတွေ ဖြန့်ဝေနေပါပြီ။ အမှန်တစ်ကယ်တော့ တရုတ်ပြည်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Nova 4 ဟာ ဗားရှင်းနှစ်မျိုးရှိပါတယ်။ 48MP ဗားရှင်းအပြင် စျေးအနည်းငယ်သက်သာတဲ့ 20MP ဗားရှင်းကိုပါ ထုတ်ထားပါသေးတယ်။ မလေးရှားမှာမိတ်ဆက်မယ့်ပွဲမှာတော့ အဆိုပါ မော်ဒယ်နှစ်ခုလုံးကို မိတ်ဆက်မလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

Nova 4 ဟာ HUAWEI ရဲ့ High-end ဖုန်းတစ်လုံးဖြစ်ပြီး အရည်အသွေးမြင့် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကင်မရာစနစ်တွေကြောင့် နာမည်ကြီး ဖုန်းတစ်လုံးဖြစ်လာပါတယ်။ HUAWEI Nova 4 ရဲ့ အသေးစိတ် အချက်အလက်တွေကတော့ အောက်ပါအတိုင်းပါပဲ။

Ref: XDA