အဆိုပါ workshop က Huawei ဖုန်းအသုံးပြုသူများအတွက် Nova စမတ်ဖုန်းရဲ့ အကောင်းဆုံးသော လုပ်ဆောင်ချက်များကို ပိုမိုနားလည်သိရှိစေရန်နဲ့ ဆန်းသစ်ပြီးရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတယ့် Nova culture နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်၊ မြန်မာ၊ ၇ ရက် စက်တင်ဘာ ၂၀၁၈ – Huawei Device Myanmar က စက်တင်ဘာလ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်မှာ Huawei ဖုန်းအသုံးပြုသူများအတွက် ဓာတ်ပုံနဲ့သက်ဆိုင်တဲ့ Nova Academy workshop ကို The Galleria 9 café မှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ workshop အား “Love Diary” ရဲ့ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ်ပြီး ASIA WPA ရဲ့ International Photography & Videography Competition First-Half 2018 မှာ Excellence Award နှစ်ဆုရရှိထားတဲ့အပြင် “Unlock Workshops” မှာ Photography Educator တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ကိုဝေလင်းမှ ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

အဆိုပါ Workshop အတွက် စာရင်းပေးခြင်းကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ကာ Facebook ပေါ်တွင် တစ်ပတ်အကြာအထိ ပြုလုပ်မှာဖြစ်ပြီး Huawei သုံးစွဲသူ စုစုပေါင်း ၂၅ဦးအား ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ Workshop မှာ ဓာတ်ပုံရိုက်ကူးမှု အခြေခံအယူအဆများ၊ Long Exposure နဲ့ portrait ဓာတ်ပုံရိုက်ကူးမှု (in door ဓာတ်ပုံရိုက်ကူးမှု)၊ AI ဆိုင်ရာလုပ်ဆောင်မှုများနဲ့ ပတ်သက်တယ့် သိမှတ်ဖွယ်အချက်များကို ကိုဝေလင်းမှ လက်တွေ့သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

Nova ရဲ့ culture ဖြစ်တယ့် နောက်ဆုံးပေါ်နည်းပညာများဖြင့် စိတ်လှုပ်ရှားဖွယ် ဖန်တီးမှုအသစ်အဆန်းများကို အတိုင်းအဆမရှိဖော်ထုတ်ခြင်းကို အားပေးပံ့ပိုးသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် Nova Academy workshop များအား ကျင်းပပြုလုပ်ပေးလျှက်ရှိပါတယ်။ The Nova Academy က ပညာရပ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို workshop များအသွင်ဖြင့် Nova အသုံးပြုသူများ မိမိတို့ကိုင်ဆောင်နေတဲ့ ဖုန်းရဲ့ လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည်ပြီး အကျိုးရှိရှိအသုံးချနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။

Huawei Myanmar မှ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “ယနေ့ကျင်းပပြုလုပ်တဲ့ Nova Academy ကနေ ကျွန်မတို့ Huawei ဖုန်းအသုံးပြုသူတွေဟာ Huawei စမတ်ဖုန်းများရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုသိရှိနိုင်ရုံသာမက၊ နည်းပညာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ Huawei Nova workshop တွေကနေ ကျွန်မတို့ရဲ့ Nova stars လေးတွေဟာ Nova စမတ်ဖုန်းတွေကို အကောင်းဆုံးအသုံးချပြီး မိမိတို့ ဝါသနာပါရာကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ကူညီပေးချင်ပါတယ်။ အဆင်မြင့်စွမ်းဆောင်ချက်တွေပါတဲ့ စမတ်ဖုန်းတစ်လုံးကိုဝယ်ယူထားပြီး အပြည့်အဝ အသုံးချနိုင်မှသာ အမှန်တကယ်အကျိုးရှိမှာဖြစ်တဲ့အတွက် ကျွန်မတို့ Huawei Device Myanmar က ယခုလို ပျော်စရာလည်းကောင်းပြီး အတွေ့အကြုံတွေလည်း အများကြီးရရှိစေမယ့် သင်ကြားရေးအစီအစဉ်တစ်ခုကို ပြုလုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ workshop တွင် လတ်တလော ထွက်ရှိထားပြီး၊ ဈေးနှုန်းသင့်တင့်မှုကြောင့် ဆယ်ကျော်သက် လူငယ်များအကြား ရေပန်းစားနေသည့် Huawei Nova 3 နှင့် Nova 3i ဖုန်းများကို အသုံးပြုသွားမှာ ဖြစ်ပါသည်။