Huawei အနေနဲ့ Nova 3 ရဲ့ အရောင်သစ်ကို စတင်မိတ်ဆက်ပေးခဲ့ပြီး shop.com.mm, rgo47 တို့နဲ့ ပူးပေါင်းကာ Customer များအတွက် အထူးသီးသန့် အရောင်းပရိုမိုရှင်း အစီအစဉ်များ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Huawei Device Myanmar က အသစ်ထပ်မံထွက်ရှိမယ့် Nova 3 ပိတောက်ရောင်ဖုန်းများကို e-commerce platform များဖြစ်တယ့် Shop.com.mm နဲ့ rgo47 တို့မှတစ်ဆင့် စက်တင်ဘာလ၂၅ရက်နေ့မှ ၃၀ရက်နေ့အထိ flash sales အနေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အချိန်ကာလအတွင်း Shop.com.mm က ဖုန်းအလုံး ၃၀ ကိုရောင်းချပေးသွားမှာ ဖြစ်ပြီး၊ rgo47 က ၁၀ လုံးအထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဝယ်ယူသူများကိုကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ၇၅,၀၀၀ကျပ် တန်ဖိုးရှိ Telenor Broadband များကို မေတ္တာလက်ဆောင်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် အသစ်ထွက်ရှိမယ့် ပိတောက်ရောင် Nova 3 ဖုန်းများကို မူရင်းဈေး ၅၈၉,၀၀၀ ကျပ်ရဲ့ တစ်ဝက်ဈေးဝန်းကျင်ဖြစ်တဲ့ ၃၇၉,၀၀၀ကျပ်နဲ့ စက်တင်ဘာလ ၂၇ရက်နေ့ မှာ ၉လုံး၊ စက်တင်ဘာလ ၃၀ရက်နေ့မှာ ၂၉ လုံးအထိ Shop.com.mm က ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Huawei Device Myanmar ရဲ့ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “ကျွန်မတို့ဟာ customer တွေကို ကတိပေးထားတဲ့အတိုင်း စိတ်ဝင်စားဖို့ကောင်းတဲ့ online ဈေးရောင်းပွဲတော်တွေကို မကြာခဏ ကျင်းပဖို့ အစွမ်းကုန်ကြိုးပမ်းပေးနေပါတယ်။ ဒီတစ်ခါမှာလည်း customer တွေအနေနဲ့ Nova 3 ရဲ့ အရောင်သစ်ဖြစ်တဲ့ ပိတောက်အရောင်ကို ဝယ်ယူခွင့် ရှိနိုင်မယ့် စိတ်ဝင်စားဖွယ် ဈေးရောင်းပွဲတော် ကို ထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။ ပရိုမိုးရှင်း အစီအစဉ်တွေက ဒီလကုန်မှာပြီးဆုံးမှာဖြစ်ပြီး ဒီထုတ်ကုန်သစ်ကို အပြင်မှာ ရောင်းချမှုကိုတော့ နောက်လအစမှာ စတင်မှာဖြစ်ပါတယ်။ အဲဒီအခါမှာတော့ ပရိုမိုးရှင်း အစီအစဉ်တွေ ပါဝင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်ဟာ Nova ချစ်သူတွေအတွက် အရမ်းကောင်းတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ မကြာမီက ပြုလုပ်သွားတဲ့ online အရောင်းပွဲတော်ရဲ့ ရလဒ်အရ ဝယ်ယူသူတွေကို အမြန်ဆုံး ဝယ်ယူကြဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ e-commerce platform တွေရဲ့သဘောအရ ဒီဖုန်းတစ်မျိုးတည်းကိုပဲ ဝယ်ဖို့ လူတွေဘယ်လောက် တန်းစီပြီးစောင့်နေလဲဆိုတာ မသိနိုင်ပါဘူး။ ကျွန်မတို့ နောက်ဆုံးပြုလုပ်သွားတဲ့ ပရိုမိုးရှင်းမှာ စက္ကန့်အနဲငယ်အတွင်း Nova 3i ပစ္စည်းပြတ်သွားတဲ့ အပေါ် တုံ့ပြန်မှုတွေနဲ့ ပတ်သတ်ပြီး အရမ်းကိုအံ့သြခဲ့ရပြီး ဒီတစ်ခါမှာတော့ အထူးပရိုမိုးရှင်းကို ရရှိနိုင်ဖို့ အခွင့်အရေးပိုမိုရရှိအောင် စီစဉ်ပေးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Nova 3 ဟာ 24MP နဲ့ 2MP အရှေ့ကင်မရာများ၊ 24MP နဲ့ 16MP အနောက်ကင်မရာများပါဝင်ပြီး hardware HDR နဲ့ 3D portrait lighting effect တို့ကိုလုပ်ဆောင်နိုင်သောကြောင့် အစွမ်းထက်ပြီး ဖက်ရှင်ကျတဲ့ AI ကင်မရာ စမတ်ဖုန်းဖြစ်ပါတယ်။ ဒါ့အပြင် 6.3-inch FullView Display၊ 3,750mAh ဘက်ထရီနဲ့ အဆင့်မြင့်လုပ်ဆောင်ချက်များအတွက် 6GB RAM နဲ့ 128GB storage တို့တွဲဖက် ပါရှိပါတယ်။ Nova 3 ကို ပြည်တွင်းဈေးကွက်မှာ Iris Purple, အနက်, အနီ နဲ့ ပိတောက် အရောင် ဆိုပြီး အရောင် ၄မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။