[Zawgyi]

ဒီ ေအာက္တိုဘာ ၃၁ရက္ေန႔မွာဆိုရင္ Screen ၂ခုပါတဲ့ စမတ္ဖုန္းတတစ္လံုးျဖစ္တဲ့ Nubia X ကို မိတ္ဆက္လာေတာ့မွာျဖစ္ျပီး အဲဒီပြဲမွာပဲ ေနာက္ထပ္ ထုတ္ကုန္တစ္ခုကို ထပ္ျမင္ရႏုိင္ေခ်ရိွပါတယ္။ သူကေတာ့ Nubia Hipad ျဖစ္ျပီး အခုဆို သူနဲ႔ပတ္သတ္တဲ့သတင္းေတြ အြန္လိုင္းမွာ ပလူပ်ံလို႔ပါပဲ။

ဒီ Nubia Hipad ကေတာ့ ဂိမ္းအတြက္ဦးစားေပးထုတ္လုပ္ထားမယ့္ Gaming Tablet တစ္လံုးျဖစ္ျပီး သူနဲ႔ပတ္သတ္တဲ့ Specs ေတြ Render ပံုေတြလည္း ထြက္လာပါျပီ။ ေရွ႕ဘက္ဒီဇုိင္းကေတာ့ ေဘးေဘာင္၄ဘက္လံုးက ထူေနျပီးေတာ့ ေနာက္ေက်ာဘက္ဒီဇုိင္းကေတာ့ အကုန္လံုးရင္းႏီွးတဲ့ ဒီဇုိင္းပါ။ Nubia Red Magic Gaming Phone နဲ႔ ေနာက္ဘက္ဒီဇုိင္းဆင္တူျပီးေတာ့ အနီေရာင္ Vent ေတြနဲ႔ အလယ္ေခါင္မွာလည္း LED လိုင္းေလးကို ေတြ႔ရပါတယ္။

ေတြ႔ရတဲ့ Specs ေတြအတုိင္းဆိုရင္ Screen Size 10.1 inch LCD Screen ျဖစ္ျပီး Resolution ကိုေတာ့ မေဖာ္ျပထားေသးပါဘူး။ Chipset ကေတာ့ MediaTek ရဲ႕ Helio X27 Processor ကိုသံုးထားျပီး GPU ကေတာ့ Mali T880 ပါ။ RAM 3GB Storage 32GB ဆိုေတာ့ Storage အတြက္ SD ကဒ္ထပ္စုိက္ျပီး သံုးလို႔ရမယ္လို႔ေတာ့ ထင္ပါတယ္။

သူ႔ရဲ႕ Battery ပမာဏကေတာ့ 7000 mAh ျဖစ္ျပီး Dual-band Wifi ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ Android 8.0 Oreo နဲ႔ ပြဲထြက္လာမွာျဖစ္ျပီး ကင္မရာနဲ႔ပတ္သတ္ျပီးေတာ့ေတာ့ ဘာမွမေဖာ္ျပထားေသးပါဘူး။

Nubia ဘက္ကေတာ့ ဒီ Tablet နဲ႔ ပတ္သတ္ျပီး ဘာမွ အတည္ျပဳ ေဖာ္ျပမထားေပမယ့္ တကယ္ထုတ္ခဲ့မယ္ဆိုရင္လည္း ေသခ်ာပါတယ္ Specs နဲ႔ ဒီဇုိင္းက အခုထြက္ထားတဲ့အတုိင္း တူခ်င္မွတူပါလိမ့္မယ္။ ဆုိေတာ့ ဒါကို ေကာလဟလသတင္းအေနနဲ႔ပဲ ထားျပီး ေနာက္ အတည္ျပဳသြားျပီဆိုတဲ့အခ်ိန္က်မွ အျပည့္အစံုေဖာ္ျပေပးသြားပါမယ္။

Ref: GizmoChina

[Unicode]

ဒီ အောက်တိုဘာ ၃၁ရက်နေ့မှာဆိုရင် Screen ၂ခုပါတဲ့ စမတ်ဖုန်းတတစ်လုံးဖြစ်တဲ့ Nubia X ကို မိတ်ဆက်လာတော့မှာဖြစ်ပြီး အဲဒီပွဲမှာပဲ နောက်ထပ် ထုတ်ကုန်တစ်ခုကို ထပ်မြင်ရနိုင်ချေရှိပါတယ်။ သူကတော့ Nubia Hipad ဖြစ်ပြီး အခုဆို သူနဲ့ပတ်သတ်တဲ့သတင်းတွေ အွန်လိုင်းမှာ ပလူပျံလို့ပါပဲ။

ဒီ Nubia Hipad ကတော့ ဂိမ်းအတွက်ဦးစားပေးထုတ်လုပ်ထားမယ့် Gaming Tablet တစ်လုံးဖြစ်ပြီး သူနဲ့ပတ်သတ်တဲ့ Specs တွေ Render ပုံတွေလည်း ထွက်လာပါပြီ။ ရှေ့ဘက်ဒီဇိုင်းကတော့ ဘေးဘောင်၄ဘက်လုံးက ထူနေပြီးတော့ နောက်ကျောဘက်ဒီဇိုင်းကတော့ အကုန်လုံးရင်းနှီးတဲ့ ဒီဇိုင်းပါ။ Nubia Red Magic Gaming Phone နဲ့ နောက်ဘက်ဒီဇိုင်းဆင်တူပြီးတော့ အနီရောင် Vent တွေနဲ့ အလယ်ခေါင်မှာလည်း LED လိုင်းလေးကို တွေ့ရပါတယ်။

တွေ့ရတဲ့ Specs တွေအတိုင်းဆိုရင် Screen Size 10.1 inch LCD Screen ဖြစ်ပြီး Resolution ကိုတော့ မဖော်ပြထားသေးပါဘူး။ Chipset ကတော့ MediaTek ရဲ့ Helio X27 Processor ကိုသုံးထားပြီး GPU ကတော့ Mali T880 ပါ။ RAM 3GB Storage 32GB ဆိုတော့ Storage အတွက် SD ကဒ်ထပ်စိုက်ပြီး သုံးလို့ရမယ်လို့တော့ ထင်ပါတယ်။

သူ့ရဲ့ Battery ပမာဏကတော့ 7000 mAh ဖြစ်ပြီး Dual-band Wifi ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ Android 8.0 Oreo နဲ့ ပွဲထွက်လာမှာဖြစ်ပြီး ကင်မရာနဲ့ပတ်သတ်ပြီးတော့တော့ ဘာမှမဖော်ပြထားသေးပါဘူး။

Nubia ဘက်ကတော့ ဒီ Tablet နဲ့ ပတ်သတ်ပြီး ဘာမှ အတည်ပြု ဖော်ပြမထားပေမယ့် တကယ်ထုတ်ခဲ့မယ်ဆိုရင်လည်း သေချာပါတယ် Specs နဲ့ ဒီဇိုင်းက အခုထွက်ထားတဲ့အတိုင်း တူချင်မှတူပါလိမ့်မယ်။ ဆိုတော့ ဒါကို ကောလဟလသတင်းအနေနဲ့ပဲ ထားပြီး နောက် အတည်ပြုသွားပြီဆိုတဲ့အချိန်ကျမှ အပြည့်အစုံဖော်ပြပေးသွားပါမယ်။

Ref: GizmoChina