[Zawgyi]









Ref: GsmArena

[Unicode]

Nubia Red Magic Mars လေးကတော့ လူတော်တော်များများ စိတ်ဝင်စားလောက်မယ့် အချက်တွေနဲ့ ထွက်လာခဲ့ပြန်ပါပြီ။ Original Red Magic တုန်းက Snapdragon 835 သုံးခဲ့ပြီး ဒီတစ်ခေါက် Red Magic Mars မှာတော့ Snapdragon 845 ကိုမြှင့်ထားပါတယ်။

အဓိက သူ့ရဲ့စိတ်ဝင်စားစရာအချက်က ICE System လို့ခေါ်တဲ့ Heat Pipe+Convection Cooling  (Dual Cooling) စနစ်က ဖုန်းရဲ့အပူကို ဘယ်လောက်ထိ လျှော့ချပစ်နိုင်လဲဆိုတာပါ။

အခုတော့ Red Magic Mars လေးက RAM 10GB Storage 256GB နဲ့ ထွက်လာခဲ့ပါပြီ။ Base Model ကတော့ RAM 6GB, Storage 64GB ကနေ စရှိပြီး Android 9.0 Pie ကို အခြေခံထားတဲ့ Red Magic OS 1.6 နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ဖုန်းမှာ E-Sport ခလုတ်လေးလည်း သက်သက်ပါပါသေးတယ်။

ဖုန်းရဲ့ Screen Size ကတော့ 6″ ရှိပြီး IPS LCD Screen ကို Resolution(1080 x 2160p) နဲ့ပါ။ ဖုန်းရဲ့ ဘေးဘက်မှာတော့ Shoulder Button လို အလုပ်လုပ်မယ့် Touch-Sensitive Area ၂နေရာပါပါတယ်။ “4D Shock” Hepatic Feedback, DTS 7.1 Audio နဲ့ Stereo Speakerတွေသုံးထားပါတယ်။

Bluetooth ချိတ်လို့ရတဲ့ Game Controller လေးတွေလည်း ဝယ်လို့ရသလို USB-C ပေါက် နဲ့ 3.5mm နားကြပ်ပေါက်ဆက်လို့ရတဲ့ Box လေးလည်း ပါပါသေးတယ်။ Microphone နဲ့ တခြား Accessories တွေလည်း ပါပါသေးတယ်။

Battery ကတော့ 3800mAh Battery ကိုသုံးထားပြီး Meteorite Black နဲ့ Flame Red အရောင်ဆိုပြီး ၂ရောင်ထွက်ပါတယ်။ RAM 10GB Model ကတော့ CAMO Version နဲ့ လာမှာပါ။ သူ့ရဲ့အမှတ်အသားအနေနဲ့ RGB LED လိုင်းလေးလည်း ပါပါသေးတယ်။

ကင်မရာကတော့ 16MP (f/1.8) နဲ့လာပြီး အရင် Red Magic တုန်းက 24MP (f/1.7) နဲ့ထွက်ခဲ့တာပါ။ ရှေ့ဘက်မှာတော့ 8MP Selfie Camera ကို ထည့်ထားပါတယ်။

ဈေးနှုန်းကတော့ 6/64GB Model ကို တရုတ်ယွမ် ၂၇၀၀ (~$388, မြန်မာငွေ ၆သိန်းဝန်းကျင်) 8/128GB ကို တရုတ်ယွမ် ၃၂၀၀(~$460, မြန်မာငွေ ၇သိန်းဝန်းကျင်)10/256GB /version ကို တရုတ်ယွမ် ၄၀၀၀ (~$575, မြန်မာငွေ ၉သိန်းဝန်းကျင်)လောက်ရှိမှာဖြစ်ပါတယ်။

Ref: GsmArena