ZTE Nubia V18 စမတ်ဖုန်းကို တရားဝင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု စမတ်ဖုန်းဟာ Specifications အရ မဆိုးဘူးလို့ပြောလို့ရတဲ့အပြင် ဈေးနှုန်းအရလည်း မြန်မာငွေ ငွေကျပ် ၂ သိန်းခွဲကျော်ပဲရှိမှာဖြစ်ပါတယ်။

ZTE Nubia ဟာ 6.01″ ရှိတဲ့ 18:9 Ratio Full HD+ Resolution Display ကို ထည့်သွင်းထားပြီးတော့ Qualcomm Snapdragon 625 Processor ကို RAM 4GB နဲ့ တွဲဖက်ထားတာပဲဖြစ်ပါတယ်။

ZTE Nubia V18 စမတ်ဖုန်းဟာ Single Camera ကိုပဲအသုံးပြုထားတာဖြစ်ပြီးတော့ 13MP Back Camera နဲ့ Front Selfie Camera ကိုလည်း 8MP ကိုထည့်သွင်းထားမှာပါ။

Storage ကိုလည်း 64GB ထည့်သွင်းထားမှာဖြစ်ပြီးတော့ Battery အနေနဲ့တော့ ကြီးမားတဲ့ 4000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Fast Charging စနစ်ကိုလည်း Support လုပ်မယ်လို့ သိရပါတယ်။