[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္က မိတ္ဆက္ခဲ့တဲ့ Nubia X ဟာ တ႐ုတ္ႏိုင္ငံတြင္းမွာေတာ့ လူႀကိဳက္မ်ားတဲ့ ဖုန္းတစ္လုံး ျဖစ္ခဲ့ပါတယ္။ ကုမၸဏီရဲ႕ ပထမဆုံး Flash Sale မွာ ပစ္မွတ္ထားခဲ့တဲ့ Nubia X အလုံးေရ တစ္သိန္းကို ၅၇ စကၠန႔္နဲ႔တင္ ေရာင္းခ်ႏိုင္ခဲ့တယ္လို သိရပါတယ္။

Nubia X ဟာ Selfie Camera မပါဘဲ ေက်ာဘက္ ကင္မရာႏွစ္လုံးသာ တပ္ဆင္ေပးထားတဲ့ ဖုန္းျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ထူးျခားခ်က္က မ်က္ႏွာျပင္ ႏွစ္ခုပါဝင္တာပါပဲ။ Selfie ႐ိုက္ခ်င္သူေတြအတြက္ ေက်ာဘက္ကင္မရာနဲ႔ပဲ႐ိုက္၊ ေက်ာဘက္ မ်က္ႏွာျပင္နဲ႔ပဲ ျပန္ၾကည့္ရတဲ့ ဖုန္းအမ်ိဳးအစား ျဖစ္ပါတယ္။ ဒီလို အသြင္ထူးေၾကာင့္ပဲလားေတာ့ မသိပါဘူး၊ သူတို႔ရဲ႕ ပထမဆုံး Flash Sale က အလြန္ပဲ လွ်င္ျမန္စြာနဲ႔ ၿပီးဆုံးခဲ့ရတာ ျဖစ္ပါတယ္။

Nubia X ဟာ 19:9, 6.26-inch LCD, FHD+ (1080 x 2280 pixels) Resolution, 93.6% Screen-to-body အမ်ိဳးအစားကို အဓိကမ်က္ႏွာျပင္အျဖစ္ အသုံးျပဳထားပါတယ္။ ေနာက္ေက်ာဘက္က ဒုတိယမ်က္ႏွာျပင္ကေတာ့ 19:9, 5.1-inch OLED, HD+ (720 x 1520) resolution ျဖစ္ပါတယ္။ ေက်ာဘက္ Dual Camera မွာ တစ္လုံးကေတာ့ 16MP f/1.8 နဲ႔ျဖစ္ၿပီး ေနာက္တစ္လုံးကေတာ့ 24MP f/1.7 ျဖစ္ပါတယ္။ 3,800 mAh ဘက္ထရီနဲ႔ Qualcomm Snapdragon 845 Chipset ကို အသုံးျပဳထားပါတယ္။ 6GB RAM/64GB နဲ႔ 8GB RAM/256GB ေတြမွာမွ အေရာင္အလိုက္ Version ေတြ ခြဲထားပါေသးတယ္။

ကုမၸဏီကေတာ့ ပထမအႀကိမ္ Flash sale ကို ေအာင္ျမင္စြာနဲ႔ ျပဳလုပ္ႏိုင္ခဲ့တဲ့အတြက္ လာမယ့္ ႏိုဝင္ဘာ ၁၁ ရက္ေနံ ေဈးေရာင္းပြဲေတာ္မွာ ဒုတိယအႀကိမ္ ထပ္ၿပီးေအာင္ပြဲခံႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ႏိုဝင္ဘာ ၁၁ ညသန္းေခါင္ယံအခ်ိန္ဟာ Global Shopping Festival Day in China လို႔ လူသိမ်ားတဲ့ ေဈးေရာင္းပြဲေတာ္ရက္ပဲ ျဖစ္ပါတယ္။ 6GB RAM/64GB က Standard Version ျဖစ္ၿပီး ($473) ဝန္းက်င္ ျဖစ္ပါတယ္။ ေဈးႏႈန္းေတြကေတာ့ 8GB RAM/256GB Standard ကို($530), 8GB RAM/256GB Deep Gray, Black Gold ကို ($602), 8GB RAM/256GB Sea Light Blue ကို အပိုေဆာင္း ($15) ေပးရမယ္လို႔ သိရပါတယ္။

Ref: gsmarena

 

[Unicode]

ပြီးခဲ့တဲ့ တစ်ပတ်က မိတ်ဆက်ခဲ့တဲ့ Nubia X ဟာ တရုတ်နိုင်ငံတွင်းမှာတော့ လူကြိုက်များတဲ့ ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး Flash sale မှာ ပစ်မှတ်ထားခဲ့တဲ့ Nubia X အလုံးရေ တစ်သိန်းကို ၅၇ စက္ကန့်နဲ့တင် ရောင်းချနိုင်ခဲ့တယ်လို သိရပါတယ်။

Nubia X ဟာ Selfie Camera မပါဘဲ ကျောဘက် ကင်မရာနှစ်လုံးသာ တပ်ဆင်ပေးထားတဲ့ ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ထူးခြားချက်က မျက်နှာပြင် နှစ်ခုပါဝင်တာပါပဲ။ Selfie ရိုက်ချင်သူတွေအတွက် ကျောဘက်ကင်မရာနဲ့ပဲရိုက်၊ ကျောဘက် မျက်နှာပြင်နဲ့ပဲ ပြန်ကြည့်ရတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ဒီလို အသွင်ထူးကြောင့်ပဲလားတော့ မသိပါဘူး၊ သူတို့ရဲ့ ပထမဆုံး Flash sale က အလွန်ပဲ လျှင်မြန်စွာနဲ့ ပြီးဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Nubia X ဟာ 19:9, 6.26-inch LCD, FHD+ (1080 x 2280 pixels) Resolution, 93.6% Screen-to-body အမျိုးအစားကို အဓိကမျက်နှာပြင်အဖြစ် အသုံးပြုထားပါတယ်။ နောက်ကျောဘက်က ဒုတိယမျက်နှာပြင်ကတော့ 19:9, 5.1-inch OLED, HD+ (720 x 1520) resolution ဖြစ်ပါတယ်။ ကျောဘက် Dual Camera မှာ တစ်လုံးကတော့ 16MP f/1.8 နဲ့ဖြစ်ပြီး နောက်တစ်လုံးကတော့ 24MP f/1.7 ဖြစ်ပါတယ်။ 3,800 mAh ဘက်ထရီနဲ့ Qualcomm Snapdragon 845 Chipset ကို အသုံးပြုထားပါတယ်။ 6GB RAM/64GB နဲ့ 8GB RAM/256GB တွေမှာမှ အရောင်အလိုက် Version တွေ ခွဲထားပါသေးတယ်။

ကုမ္ပဏီကတော့ ပထမအကြိမ် Flash sale ကို အောင်မြင်စွာနဲ့ ပြုလုပ်နိုင်ခဲ့တဲ့အတွက် လာမယ့် နိုဝင်ဘာ ၁၁ ရက်နေံ ဈေးရောင်းပွဲတော်မှာ ဒုတိယအကြိမ် ထပ်ပြီးအောင်ပွဲခံနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၁ ညသန်းခေါင်ယံအချိန်ဟာ Global Shopping Festival Day in China လို့ လူသိများတဲ့ ဈေးရောင်းပွဲတော်ရက်ပဲ ဖြစ်ပါတယ်။ 6GB RAM/64GB က Standard Version ဖြစ်ပြီး ($473) ဝန်းကျင် ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ 8GB RAM/256GB Standard ကို($530), 8GB RAM/256GB Deep Gray, Black Gold ကို ($602), 8GB RAM/256GB Sea Light Blue ကို အပိုဆောင်း ($15) ပေးရမယ်လို့ သိရပါတယ်။

Ref: gsmarena