Zawgyi


 




 

Ref: gizmochina

Unicode

Nubia Z18 ရဲ့ Van Gogh Starry Night Collector’s Edition ကို တရားဝင် စရောင်းပြီ

ZTE ရဲ့ Brand ခွဲတစ်ခု ဖြစ်တဲ့ Nubia ဟာ Z18 စမတ်ဖုန်းကို တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာ Zubia Z18 အပြင် Nubia Z18 Van Gogh Starry Night Collector’s Edition ကိုပါ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဆိုပါ Edition စမတ်ဖုန်းကို တရုတ်ငွေ ၃၅၉၉ ယွမ် (မြန်မာငွေ ၈သိန်း ဝန်းကျင်)နဲ့ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း Nubia က တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Nubia Z18 Edition စမတ်ဖုန်းရဲ့ Display အပိုင်းအတွက် ၆လက်မမျက်နှာပြင် အကျယ်ရှိ Full-HD+ “Infinite Waterdrop” Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2180 pixels ရှိပါမယ်။ Processor အပိုင်းအတွက် Snapdragon 845 AIE SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပါတယ်။

ကင်မရာ အပိုင်းအတွက် 16MP+24MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ Operating System အပိုင်းမှာတော့ Android Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ Nubia UI 6.0 နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ဘက်ထရီ သိုလှောင်မှု ပမာဏ 3450mAh ပါဝင်မှာပါ။ ဒါ့အပြင် NeoPower 3.0 Smart Power Saving နည်းပညာနဲ့ NeoCharge 2.5 အမြန်အားသွင်းစနစ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: gizmochina