CES 2018 မှာ Nvidia ကမိတ်ဆက်ပေးလိုက်တဲ့ Display ဟာ ၆၅လက်မအကျယ် 4K HDR Display တစ်ခုဖြစ်ပြီး ရုပ်ရှင်ကြည့်ဖိုအတွက်ထက် Gaming ပိုင်းကို ဦးစားပေးပြီး ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Nvidia ကတော့ အခုမိတ်ဆက်ပေးလိုက်တဲ့ Display တွေကို Big Format Gaming Displays (BFGD)လို့အမည်ပေးထားပါတယ်။

ဒီ ၆၅လက်မ 4K HDR Display ဖြစ်တဲ့ Big Format Gaming Display တွေမှာ Nvidia ရဲ့ အလန်းစား နည်းပညာတွေ အများကြီး ပါဝင်ပါတယ်။ Screen Tearing ကိုကာကွယ်ဖို့အတွက် Nvidia ရဲ့ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တဲ့ G-SYNC နည်းပညာ ပါဝင်မှာဖြစ်တဲ့အပြင် Nividia ရဲ့ Shield Function လည်း Built-In အနေနဲ့ ပါဝင်မှာဖြစ်ပါတယ်။

Nvidia အနေနဲ့ BFGD Display တွေကို HP, ASUS, Acer တို့နဲ့ပူးပေါင်းပြီး ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအချက်ကလည်း နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Nvidia နဲ့ လက်တွဲမယ့် ကုမ္ပဏီသုံးခုလုံးမှာ အရင်တုန်းက Screen အရွယ်အစား ကြီးမားတဲ့ Display တွေထုတ်လုပ်ဘူးတဲ့ အတွေ့အကြုံ မရှိကြပါဘူး။

အသစ်ထွက်ရှိလာမယ့် BFGD Display တွေမှာ 120Hz Refresh Rate, Full-Array Backlighting, Peak Brightness 1000 Nits, Full DCI-P3 Color Gamut Support စတဲ့ Feature တွေလည်း ပါဝင်အုံးမှာဖြစ်ပါတယ်။ BFGD Display တွေဟာ ဂိမ်မာတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် Low Latency Feature လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Nvidia ရဲ့ Shield Platform လည်း Built-In အနေနဲ့ ပါဝင်တဲ့အတွက် Amazon Prime Video, Netflix, YouTube စတဲ့ Channel တွေကို Stream ကြည့်နိုင်အုံးမှာ ဖြစ်တဲ့အပြင် Google Assistant ကိုလည်း Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ BFGD Display တွေနဲ့ အတူ Remote နဲ့ Gaming Controller ကိုပါ ထုတ်လုပ် ရောင်းချသွားမယ်လို့ သိရပါတယ်။

အားနည်းချက်အနေနဲ့ ပြောရမယ်ဆိုရင် BFGD Display မှာ LED နည်းပညာကိုသာ အသုံးပြု ထားပါတယ်။ အခုအချိန်မှာ ကြီးမားတဲ့ Screen အရွယ်အစားရှိတဲ့ Display တော်တော်များများမှာ OLED နည်းပညာကို အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ OLED နဲ့ G-Sync ကို Support ပေးမယ့် Nvidia ရဲ့ BFGD Display တွေကို တွေ့လာရနိုင်ပါတယ်။ CES 2018 ပွဲမှာ HP ရဲ့ BFGD ကိုရှေ့ပြေးမော်ဒယ်အဖြစ် ပြသသွားခဲ့ပေမယ့် ဈေးနှုန်းကိုတော့ ကြေငြာခဲ့ခြင်း မရှိပါဘူး။

REF: The Verge