32-bit Operating Systems ကို အသုံးပြုနေတဲ့ သူဆိုတာ ခုခေတ်ကြီးထဲမှာ တော်တော်ကိုရှားနေပြီပဲ ဖြစ်ပါတယ်။ Older Architecture ကို ဖက်တွယ်နေလို့ ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ မရှိပါဘူး။ နောက်ဆုံးပေါ် Hardware တွေ Software တွေ ထွက်လာခဲ့ရင်လည်း အသုံးပြုလို့ ရမှာ မဟုတ်သလို Malware တွေ ဗိုင်းရပ်စ်တွေ တိုက်ခိုက်တာကို ခံရနိုင်ခြေလည်း ပိုများပါတယ်။

ဒါ့အပြင် သင်က ဂိမ်းဆော့ရတာကို ကြိုက်တယ်၊ သင့်ရဲ့ ကွန်ပြူတာ မှာ Nvidia ရဲ့ Graphic Card ကို အသုံးပြုထားတယ်၊ ဒါပေမယ့် 32-bit Operating System ကို အသုံးပြုနေတုန်းပဲ ဆိုရင်တော့ 64-bit Operating System ကို ပြောင်းသုံးလိုက်ပါလို့ အကြံပေးပါရစေ။

ဘာဖြစ်လို့လည်းဆိုတော့ Nividia အနေနဲ့ သူ့ရဲ့ Graphic Driver တွေကို 32-bit Operating System အသုံးပြုထားတဲ့ Windows တွေ Linux တွေ FreeBSD တွေအတွက် ထပ်ပြီးတော့ Update ထုတ်ပေးမှာ မဟုတ်တော့ လို့ပါပဲ။

၂၀၁၉ ဇန်နဝါရီလ မှာ ထွက်ရှိလာနိုင်တဲ့ Nividia’s Graphic Driver Version “Release 390” ဟာ ဆိုရင် 32-Bit Operating System သုံးထားတဲ့ Windows(7,8,8.1,10), Linux, Free BSD တို့ကို Fully Support လုပ်ပေးမယ့် နောက်ဆုံး Update ပဲ ဖြစ်ပါတယ်။

“Release 390 နောက်ပိုင်းမှာ ထွက်လာမယ့် Drivers တွေမှာ ပါဝင်တဲ့ Driver Enhancements, Driver Optimizations, Operating System Features တွေဟာ Release 390 နဲ့ Release 390 မတိုင်မီ ထွက်ခဲ့တဲ့ Driver Versions တွေက Features တွေနဲ့ မသက်ဆိုင်တော့ပါဘူး “ လို့ Nvidia က ကြေညာ သွားခဲ့ပါတယ်။

32-bit OS တွေအတွက် Security Update Driver တွေကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်း အထိ ထုတ်ပေးအုံးမှာပါ။ တကယ်လို့ Graphic Card အသစ် ဝယ်စိုက်လိုက်မယ် ဒါမှမဟုတ် အခုစက်မှာ သုံးထားတဲ့ Graphic Card Driver ဒိတ်အောက်နေလို့ Performance ပိုကောင်းအောင် Driver Update Download ဆွဲချင်တယ် ဆိုရင်တော့ 64-bit Operating System ကို သုံးထားမှ ရမှာပါ။

Ref: TechRadar