Zawgyi

Xiaomi ရဲ႕ Brand ခြဲဖုန္းတစ္လံုးအျဖစ္ ထြက္ရွိလာတဲ့ POCO F1 ဟာ အခုဆိုရင္ ေနာက္ဆံုးထြက္ Android Version ျဖစ္တဲ့ Android 9.0 ေခၚ Android Pie Update ကို စမ္းသပ္ဗားရွင္း Beta အျဖစ္တရားဝင္ရရွိပါျပီ။ Xiaomi ဟာ POCO F1 ကို ဘယ္သူမွ ထင္မွတ္ထားျခင္းမရွိတဲ့ ေစ်းနဲ႔ ေရာင္းခ်ခဲ့တာပါ။ Qualcomm ရဲ႕ Flagship SoC ျဖစ္တဲ့ Snapdragon 845 အသံုးျပဳဖုန္းတစ္လံုးကို Mid-range ဖုန္းတစ္လံုးေစ်းနဲ႔ ေရာင္းခ်ခဲ့တဲ့ အတြက္ လူအမ်ားရဲ႕ စိတ္ဝင္စားမွုကိုခံခဲ့ရပါတယ္။ POCO F1 ဟာ OnePlus 6 နဲ႔ အဓိက ယွဥ္ျပိဳင္ခဲ့ျပီး Flagship စြမ္းေဆာင္ရည္မ်ိဳးကို OnePlus 6 ထက္ အမ်ားၾကီး ပိုိနည္းတဲ့ ေစ်းနဲ႔ ေရာင္းခ်ႏိုင္ခဲ့တာက POCO F1 ကို ေရာင္းအားအမ်ားၾကီးတက္သြားေစတာပါပဲ။ ဒါေပမယ့္လည္း ဘယ္လိုပဲ OnePlus 6 နဲ႔ယွဥ္ပါေစ Build Quality နဲ႔ Performance ပိုင္းမွာေတာ့ OnePlus 6 ကိုမမွီေသးပါဘူး။

စြမ္းေဆာင္ရည္ပိုင္းမွာ မမွီဘူးလို႔ဆိုေပမယ့္ ကိန္းဂဏန္းေလးေတြအရသာ OnePlus 6 ထက္ေနာက္က်ေနတာပါ။ Build Quality ပိုင္းကိုေတာ့ ယွဥ္လို႔မရေပမယ့္ အသံုးျပဳထားတဲ့ ပရိုဆက္ဆာ ခ်င္းက အတူတူပဲမို႔လို႔ စြမ္းေဆာင္ရည္ပိုင္းကို Software ပိုင္းျမွင့္တင္ေပးျပီး ေျပာင္းလဲႏိုင္တာကေတာ့ အမွန္ပါပဲ။ အဲ့အတြက္လည္း Xiaomi ကေန POCO F1 အတြက္ Android Pie Update ထုတ္ေပးခဲ့တာပါ။ အခု အသစ္ထြက္ဗားရွင္းဟာ MIUI 8.11.15 နဲ႔ထြက္တာျဖစ္ပါတယ္။ 8.11.15 ဆိုေပမယ့္ MIUI 8 လို႔ေတာ့ မထင္လိုက္ပါနဲ႔။ Android Pie အေျခခံ MIUI 10 Beta ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Xiaomi အသံုးျပဳသူေတြသိတဲ့အတိုင္း Xiaomi ဖုန္းေတြမွာ Android Update အသစ္လာရင္ ဘာမွ သိပ္မေျပာင္းလဲပဲ System ပိုင္း ေျပာင္းလဲမွုက MIUI Update ေပၚပဲမူတည္ေနတာေၾကာင့္ပါ။ အဲ့အတြက္ Navigation Geature လို Fearure ေတြပါလာမွာမဟုတ္ပဲ MIUI 10 ရဲ႕ ကိုယ္ပိုင္ Interface ကိုပဲေတြ႔ရမွာပါ။ Android Pie Feature ေတြျဖစ္တဲ့ Adaptive Battery Life လိုမ်ိဳး Feature ေတြေတာ့ေတြ႔ရမွာပါ။

POCO F1 ဟာ Android Q ထိ Software အေထာက္အပံ့ရရွိမွာျဖစ္ျပီး Pure Android ကိုအသံုးမျပဳထားတဲ့အတြက္ OnePlus 6 နဲ႔ယွဥ္ရင္ Update ရတာ အရမ္းေနာက္က်ပါတယ္။ အရင္လတုန္းကလည္း POCO F1 အတြက္ Android Pie Beta ထြက္ခဲ့ေပမယ့္ Closed Beta ျဖစ္တဲ့အတြက္ လူတုိင္း အသံုးျပဳလို႔မရခဲ့ပါဘူး။ ဒီ Update ကိုေတာ့ Xiaomi ရဲ႕ MIUI Download Page ကိုသြားျပီး ေဒါင္းလုတ္ဆြဲႏိုင္တယ္။ ျပီးရင္ေတာ့ ဖုန္းရဲ႕ Internal Storage ထဲသြင္းျပီး MIUI Updater App ကေန တစ္ဆင့္ Update ျပဳလုပ္ႏိုင္ပါျပီ။ Beta Version ျဖစ္တဲ့အတြက္ Bug ေလးေတြအနည္းငယ္ပါႏိုင္ေပမယ့္ Open Beta ျဖစ္တဲ့အတြက္ လံုးဝသံုးလို႔ မရတာမ်ိဳးမဟုတ္ပဲ ေန႔စဥ္သံုးလို႔ရတဲ့ အဆင့္ထိေတာ့ ရရမွာပါ။

Ref: XDA

Unicode

Xiaomi ရဲ့ Brand ခွဲဖုန်းတစ်လုံးအဖြစ် ထွက်ရှိလာတဲ့ POCO F1 ဟာ အခုဆိုရင် နောက်ဆုံးထွက် Android Version ဖြစ်တဲ့ Android 9.0 ခေါ် Android Pie Update ကို စမ်းသပ်ဗားရှင်း Beta အဖြစ်တရားဝင်ရရှိပါပြီ။ Xiaomi ဟာ POCO F1 ကို ဘယ်သူမှ ထင်မှတ်ထားခြင်းမရှိတဲ့ ဈေးနဲ့ ရောင်းချခဲ့တာပါ။ Qualcomm ရဲ့ Flagship SoC ဖြစ်တဲ့ Snapdragon 845 အသုံးပြုဖုန်းတစ်လုံးကို Mid-range ဖုန်းတစ်လုံးဈေးနဲ့ ရောင်းချခဲ့တဲ့ အတွက် လူအများရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။ POCO F1 ဟာ OnePlus 6 နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ပြီး Flagship စွမ်းဆောင်ရည်မျိုးကို OnePlus 6 ထက် အများကြီး ပိုနည်းတဲ့ ဈေးနဲ့ ရောင်းချနိုင်ခဲ့တာက POCO F1 ကို ရောင်းအားအများကြီးတက်သွားစေတာပါပဲ။ ဒါပေမယ့်လည်း ဘယ်လိုပဲ OnePlus 6 နဲ့ယှဉ်ပါစေ Build Quality နဲ့ Performance ပိုင်းမှာတော့ OnePlus 6 ကိုမမှီသေးပါဘူး။

စွမ်းဆောင်ရည်ပိုင်းမှာ မမှီဘူးလို့ဆိုပေမယ့် ကိန်းဂဏန်းလေးတွေအရသာ OnePlus 6 ထက်နောက်ကျနေတာပါ။ Build Quality ပိုင်းကိုတော့ ယှဉ်လို့မရပေမယ့် အသုံးပြုထားတဲ့ ပရိုဆက်ဆာ ချင်းက အတူတူပဲမို့လို့ စွမ်းဆောင်ရည်ပိုင်းကို Software ပိုင်းမြှင့်တင်ပေးပြီး ပြောင်းလဲနိုင်တာကတော့ အမှန်ပါပဲ။ အဲ့အတွက်လည်း Xiaomi ကနေ POCO F1 အတွက် Android Pie Update ထုတ်ပေးခဲ့တာပါ။ အခု အသစ်ထွက်ဗားရှင်းဟာ MIUI 8.11.15 နဲ့ထွက်တာဖြစ်ပါတယ်။ 8.11.15 ဆိုပေမယ့် MIUI 8 လို့တော့ မထင်လိုက်ပါနဲ့။ Android Pie အခြေခံ MIUI 10 Beta ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Xiaomi အသုံးပြုသူတွေသိတဲ့အတိုင်း Xiaomi ဖုန်းတွေမှာ Android Update အသစ်လာရင် ဘာမှ သိပ်မပြောင်းလဲပဲ System ပိုင်း ပြောင်းလဲမှုက MIUI Update ပေါ်ပဲမူတည်နေတာကြောင့်ပါ။ အဲ့အတွက် Navigation Geature လို Fearure တွေပါလာမှာမဟုတ်ပဲ MIUI 10 ရဲ့ ကိုယ်ပိုင် Interface ကိုပဲတွေ့ရမှာပါ။ Android Pie Feature တွေဖြစ်တဲ့ Adaptive Battery Life လိုမျိုး Feature တွေတော့တွေ့ရမှာပါ။

POCO F1 ဟာ Android Q ထိ Software အထောက်အပံ့ရရှိမှာဖြစ်ပြီး Pure Android ကိုအသုံးမပြုထားတဲ့အတွက် OnePlus 6 နဲ့ယှဉ်ရင် Update ရတာ အရမ်းနောက်ကျပါတယ်။ အရင်လတုန်းကလည်း POCO F1 အတွက် Android Pie Beta ထွက်ခဲ့ပေမယ့် Closed Beta ဖြစ်တဲ့အတွက် လူတိုင်း အသုံးပြုလို့မရခဲ့ပါဘူး။ ဒီ Update ကိုတော့ Xiaomi ရဲ့ MIUI Download Page ကိုသွားပြီး ဒေါင်းလုတ်ဆွဲနိုင်တယ်။ ပြီးရင်တော့ ဖုန်းရဲ့ Internal Storage ထဲသွင်းပြီး MIUI Updater App ကနေ တစ်ဆင့် Update ပြုလုပ်နိုင်ပါပြီ။ Beta Version ဖြစ်တဲ့အတွက် Bug လေးတွေအနည်းငယ်ပါနိုင်ပေမယ့် Open Beta ဖြစ်တဲ့အတွက် လုံးဝသုံးလို့ မရတာမျိုးမဟုတ်ပဲ နေ့စဉ်သုံးလို့ရတဲ့ အဆင့်ထိတော့ ရရမှာပါ။

Ref: XDA