Zawgyi

Galaxy Note 9 အသုံးျပဳသူေတြ အတြက္ သတင္းေကာင္းလာပါၿပီ။ Note 9 အသုံးျပဳသူတစ္ခ်ိဳ႕ဟာ Android Pie အေျခခံ One UI ကို OTA Update အေနနဲ႕ Update ရရွိေနၾကပါၿပီ။ Android Pie အေျခခံျဖစ္တဲ့အတြက္ Android Pie ရဲ႕ အဓိက Feature ေတြျဖစ္တဲ့ Adaptive Battery Life နဲ႕ Adaptive Brightness တို႔အျပင္ Samsung ရဲ႕ မ်ိဳးဆက္သစ္ မိုဘိုင္း ေဆာ့ဖ္ဝဲလ္ျဖစ္တဲ့ One UI ကိုပါ ရရွိမွာပါ။

One UI ဟာ အရင္ Samsung Experience UI ကေန လုံးဝ ကြဲျပားျခားနားသြားၿပီး မ်က္ႏွာျပင္ႀကီးတဲ့ ဖုန္းေတြကို ကိုင္တြယ္ အသုံးျပဳတဲ့ေနရာမွာ ပိုမိုအဆင္ေျပေအာင္ ဒီဇိုင္းျပန္ဆြဲေပးထားပါတယ္။ App Icon အသစ္ေတြလည္း ပါဝင္လာၿပီး ကြဲျပားျခားနားတဲ့ ဖုန္းအသစ္တစ္လုံးကို အသုံးျပဳေနရသလို ခံစားခ်က္မ်ိဳး ေပးစြမ္းနိုင္ပါတယ္။ ဒါ့အျပင္ ဖုန္းရဲ႕ ကိုယ္ထည္ အေရာင္ေပၚမူတည္ၿပီး UI အေရာင္ကို ဖုန္းအေရာင္နဲ႕ လိုက္ဘက္ေအာင္ ခ်ိန္ညွိနိုင္ပါေသးတယ္။

သင္သာ Note 9 အသုံးျပဳေနတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ အခုခ်က္ခ်င္း ဖုန္းရဲ႕ Setting ထဲကေန OTA Update ရ မရစစ္ၿပီး Update ျပဳလုပ္သင့္ပါတယ္။ Update မရေသးရင္လည္း XDA Site ကေနၿပီး ေဒါင္းလုတ္ရယူကာ SD Card ကေန တစ္ဆင့္ Update ျပဳလုပ္နိုင္ပါတယ္။ ဒါေပမယ့္ OTA Update ေတြဟာ နိုင္ငံေပၚလိုက္ၿပီး ဘာသာစကား အေထာက္အပံ့ကြာျခားနိုင္တာေၾကာင့္ Zawgyi Font အခက္အခဲေတြႀကဳံေတြ႕လာနိုင္ပါတယ္။ အဲ့တာေၾကာင့္ Zawgyi Font အသုံးျပဳသူေတြဆိုရင္ ကိုယ့္ဖုန္းအတြက္ OTA Update ရမွသာ Update လုပ္သင့္ပါတယ္။

Ref: XDA

Unicode

Galaxy Note 9 အတွက် Official Android Pie OTA ထွက်ပေါ်လာ

Galaxy Note 9 အသုံးပြုသူတွေ အတွက် သတင်းကောင်းလာပါပြီ။ Note 9 အသုံးပြုသူတစ်ချို့ဟာ Android Pie အခြေခံ One UI ကို OTA Update အနေနဲ့ Update ရရှိနေကြပါပြီ။ Android Pie အခြေခံဖြစ်တဲ့အတွက် Android Pie ရဲ့ အဓိက Feature တွေဖြစ်တဲ့ Adaptive Battery Life နဲ့ Adaptive Brightness တို့အပြင် Samsung ရဲ့ မျိုးဆက်သစ် မိုဘိုင်း ဆော့ဖ်ဝဲလ်ဖြစ်တဲ့ One UI ကိုပါ ရရှိမှာပါ။

One UI ဟာ အရင် Samsung Experience UI ကနေ လုံးဝ ကွဲပြားခြားနားသွားပြီး မျက်နှာပြင်ကြီးတဲ့ ဖုန်းတွေကို ကိုင်တွယ် အသုံးပြုတဲ့နေရာမှာ ပိုမိုအဆင်ပြေအောင် ဒီဇိုင်းပြန်ဆွဲပေးထားပါတယ်။ App Icon အသစ်တွေလည်း ပါဝင်လာပြီး ကွဲပြားခြားနားတဲ့ ဖုန်းအသစ်တစ်လုံးကို အသုံးပြုနေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ကိုယ်ထည် အရောင်ပေါ်မူတည်ပြီး UI အရောင်ကို ဖုန်းအရောင်နဲ့ လိုက်ဘက်အောင် ချိန်ညှိနိုင်ပါသေးတယ်။

သင်သာ Note 9 အသုံးပြုနေတဲ့သူတစ်ယောက်ဆိုရင်တော့ အခုချက်ချင်း ဖုန်းရဲ့ Setting ထဲကနေ OTA Update ရ မရစစ်ပြီး Update ပြုလုပ်သင့်ပါတယ်။ Update မရသေးရင်လည်း XDA Site ကနေပြီး ဒေါင်းလုတ်ရယူကာ SD Card ကနေ တစ်ဆင့် Update ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် OTA Update တွေဟာ နိုင်ငံပေါ်လိုက်ပြီး ဘာသာစကား အထောက်အပံ့ကွာခြားနိုင်တာကြောင့် Zawgyi Font အခက်အခဲတွေကြုံတွေ့လာနိုင်ပါတယ်။ အဲ့တာကြောင့် Zawgyi Font အသုံးပြုသူတွေဆိုရင် ကိုယ့်ဖုန်းအတွက် OTA Update ရမှသာ Update လုပ်သင့်ပါတယ်။

Ref: XDA