Zawgyi

တစ္ေန႔က က်င္းပခဲ့တဲ့ Samsung ရဲ႕ Developer Conference မွာ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းေတြအတြက္ Infinity Flex နည္းပညာနဲ႔အတူ One UI လို႔ေခၚတဲ့ Galaxy ဖုန္းေတြမွာ ေရွ႕ေလ်ာက္အသံုးျပဳသြားမယ့္ User Interface အသစ္ကိုပါ မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ One UI ဟာ လက္ရွိ Samsung ဖုန္းေတြမွာ အသံုးျပဳေနတဲ့ Samsung Experience ကေန လံုးဝကြဲထြက္သြားမယ့္ User Interface Update တစ္ခုျဖစ္ပါတယ္။ Galaxy S9 နဲ႔ Note 9 တို႔အတြက္ ေနာက္ထပ္ထြက္မယ့္ Android Pie မွာ အဆိုပါ One UI ကိုအသံုးျပဳေပးသြားမွာပါ။ အဆိုပါ ပြဲမွာ One UI နဲ႔ ပက္သက္ျပီး Samsung ဘက္က ေၾကညာသြားတာေတြက မရွင္းလင္းပဲ Galaxy S8, S8+ နဲ႔ Note 8 တို႔အတြက္ အဆိုပါ One UI Update ရမယ္လို႔ေတာ့ ေျပာၾကားသြားျခင္းမရွိပါဘူး။

အဆိုပါ Samsung ရဲ႕ ဒီဇိုင္းပိုင္း အၾကီးအက်ယ္ ေျပာင္းလဲမွုလုပ္ထားတဲ့ One UI ဟာ အရင္ Samaung Experience UI နဲ႔ လံုးဝကို မတူေတာ့ပါဘူး။ App Icon ေတြကအစ System ပိုင္းအထိ ေျပာင္းလဲမွုေတြ လုပ္ထားျပီး App ေတြကို လက္တစ္ဖက္တည္းနဲ႔ သံုးလို႔လြယ္ေအာင္ ဒီဇိုင္းဆြဲေပးထားပါတယ္။ UI တစ္ခုလံုးကို Dark Theme နဲ႔လည္း ေျပာင္းလဲအသံုးျပဳႏိုင္လာျပီး Official ပံုေတြအရေတာ့ အေတာ္ေလးကို လွပလာတယ္လို႔ ဆိုႏိုင္ပါတယ္။ ကိုယ္အသံုးျပဳေနတဲ့ Galaxy ဖုန္းရဲ႕ အေရာင္နဲ႔ လိုက္ဖက္မွုရွိမယ့္ Theme ေတြကိုလည္း ရယူေျပာင္းလဲႏိုင္ပါေသးတယ္။ ဒါေပမယ့္လည္း ဝမ္းနည္းစရာ အခ်က္ကေတာ့ အဆိုပါ One UI ကို Galaxy S8, S8+ နဲ႔ Note 8 တို႔အတြက္ေတာ့ရမွာမဟုတ္ပါဘူးလို႔ Samsung ဘက္က ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္တစ္ေယာက္က နာမည္ၾကီး နည္းပညာ ဝဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ Tom’s Guide ကို သတင္းေပးပို႔ခဲ့ပါတယ္။

ဒါေပမယ့္လည္း မရွင္းလင္းေသးတဲ့ အခ်က္တစ္ခုကေတာ့ Samsung ရဲ႕ Developer ပြဲတုန္းက One UI ဟာ Samsung ရဲ႕ေနာက္ထြက္ Android Pie Software ေပၚ အေျခခံထားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Galaxy S8 Series နဲ႔ Note 8 တို႔ဟာလည္း Android Pie Update ရမွာ ေသခ်ာသေလာက္ရွိေနတာေၾကာင့္ One UI ရႏိုင္ေျခ ရွိတယ္လို႔ထင္ႏိုင္ပါတယ္။ အခုလက္ရွိ Samsung ရဲ႕ Flagship ဖုန္းေတြမွာ အသံုးျပဳေနၾကတဲ့ UI ကေတာ့ Samsung Experience 9.5 ျဖစ္ျပီး Android Oreo အေပၚ အေျခခံထားတာပါ။ ျဖစ္ႏိုင္ေျခရွိတာကေတာ့ Galaxy S8, S8+ နဲ႔ Note 8 အပါအဝင္ တစ္ျခား Mid-range Galaxy ဖုန္းအေဟာင္းေတြမွာ Samsung Experience ကိုပဲ ဆက္လက္သံုးစြဲသြားမွာျဖစ္ျပီး ေနာက္ဆံုးထြက္ S9 Series, Note 9 နဲ႔ ေနာက္ထြက္မယ့္ S10 တို႔မွာေတာ့ One UI ကို အသံုးျပဳသြားမွာျဖစ္ပါတယ္။ ဘာျဖစ္လို႔ Galaxy S8 Series အတြက္ One UI ကို မထုတ္ေပးလဲဆိုတာကေတာ့ One UI ဟာ Software နဲ႔ Hardware ႏွစ္ခုကို အခ်ိတ္အဆက္မိမိအသံုးျပဳေပးမွာ ျဖစ္ျပီး Galaxy S8 Series မွာ SoC အေဟာင္းေတြကို အသံုးျပဳထားတာေၾကာင့္ One UI မရေသးတာ ျဖစ္ႏိုင္ပါတယ္။ အနာဂါတ္မွာေတာ့ ရလာမလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: XDA

Unicode

တစ်နေ့က ကျင်းပခဲ့တဲ့ Samsung ရဲ့ Developer Conference မှာ မျက်နှာပြင်ခေါက်ကွေးဖုန်းတွေအတွက် Infinity Flex နည်းပညာနဲ့အတူ One UI လို့ခေါ်တဲ့ Galaxy ဖုန်းတွေမှာ ရှေ့လျောက်အသုံးပြုသွားမယ့် User Interface အသစ်ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ One UI ဟာ လက်ရှိ Samsung ဖုန်းတွေမှာ အသုံးပြုနေတဲ့ Samsung Experience ကနေ လုံးဝကွဲထွက်သွားမယ့် User Interface Update တစ်ခုဖြစ်ပါတယ်။ Galaxy S9 နဲ့ Note 9 တို့အတွက် နောက်ထပ်ထွက်မယ့် Android Pie မှာ အဆိုပါ One UI ကိုအသုံးပြုပေးသွားမှာပါ။ အဆိုပါ ပွဲမှာ One UI နဲ့ ပက်သက်ပြီး Samsung ဘက်က ကြေညာသွားတာတွေက မရှင်းလင်းပဲ Galaxy S8, S8+ နဲ့ Note 8 တို့အတွက် အဆိုပါ One UI Update ရမယ်လို့တော့ ပြောကြားသွားခြင်းမရှိပါဘူး။

အဆိုပါ Samsung ရဲ့ ဒီဇိုင်းပိုင်း အကြီးအကျယ် ပြောင်းလဲမှုလုပ်ထားတဲ့ One UI ဟာ အရင် Samaung Experience UI နဲ့ လုံးဝကို မတူတော့ပါဘူး။ App Icon တွေကအစ System ပိုင်းအထိ ပြောင်းလဲမှုတွေ လုပ်ထားပြီး App တွေကို လက်တစ်ဖက်တည်းနဲ့ သုံးလို့လွယ်အောင် ဒီဇိုင်းဆွဲပေးထားပါတယ်။ UI တစ်ခုလုံးကို Dark Theme နဲ့လည်း ပြောင်းလဲအသုံးပြုနိုင်လာပြီး Official ပုံတွေအရတော့ အတော်လေးကို လှပလာတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Galaxy ဖုန်းရဲ့ အရောင်နဲ့ လိုက်ဖက်မှုရှိမယ့် Theme တွေကိုလည်း ရယူပြောင်းလဲနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဝမ်းနည်းစရာ အချက်ကတော့ အဆိုပါ One UI ကို Galaxy S8, S8+ နဲ့ Note 8 တို့အတွက်တော့ရမှာမဟုတ်ပါဘူးလို့ Samsung ဘက်က ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်က နာမည်ကြီး နည်းပညာ ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Tom’s Guide ကို သတင်းပေးပို့ခဲ့ပါတယ်။

ဒါပေမယ့်လည်း မရှင်းလင်းသေးတဲ့ အချက်တစ်ခုကတော့ Samsung ရဲ့ Developer ပွဲတုန်းက One UI ဟာ Samsung ရဲ့နောက်ထွက် Android Pie Software ပေါ် အခြေခံထားမယ်လို့ ပြောကြားခဲ့ပါတယ်။ Galaxy S8 Series နဲ့ Note 8 တို့ဟာလည်း Android Pie Update ရမှာ သေချာသလောက်ရှိနေတာကြောင့် One UI ရနိုင်ခြေ ရှိတယ်လို့ထင်နိုင်ပါတယ်။ အခုလက်ရှိ Samsung ရဲ့ Flagship ဖုန်းတွေမှာ အသုံးပြုနေကြတဲ့ UI ကတော့ Samsung Experience 9.5 ဖြစ်ပြီး Android Oreo အပေါ် အခြေခံထားတာပါ။ ဖြစ်နိုင်ခြေရှိတာကတော့ Galaxy S8, S8+ နဲ့ Note 8 အပါအဝင် တစ်ခြား Mid-range Galaxy ဖုန်းအဟောင်းတွေမှာ Samsung Experience ကိုပဲ ဆက်လက်သုံးစွဲသွားမှာဖြစ်ပြီး နောက်ဆုံးထွက် S9 Series, Note 9 နဲ့ နောက်ထွက်မယ့် S10 တို့မှာတော့ One UI ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ Galaxy S8 Series အတွက် One UI ကို မထုတ်ပေးလဲဆိုတာကတော့ One UI ဟာ Software နဲ့ Hardware နှစ်ခုကို အချိတ်အဆက်မိမိအသုံးပြုပေးမှာ ဖြစ်ပြီး Galaxy S8 Series မှာ SoC အဟောင်းတွေကို အသုံးပြုထားတာကြောင့် One UI မရသေးတာ ဖြစ်နိုင်ပါတယ်။ အနာဂါတ်မှာတော့ ရလာမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: XDA