[Zawgyi]

OnePlus ဟာ လာမယ့္ ၂၀၁၉ မွာ သူတို႔ရဲ႕ 5G စမတ္ဖုန္းကို ထုတ္လုပ္မယ့္အေၾကာင္း အေစာကတည္းက အတည္ျပဳခဲ့ၿပီးၿပီျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီ 5G စမတ္ဖုန္းဟာ ဘာျဖစ္မယ္ဆိုတာကိုေတာ့ ထုတ္ေဖာ္ေၾကညာခဲ့ျခင္း မရွိပါဘူး။

ၿပီးခဲ့တဲ့ ရက္တုန္းက Cnet က OnePlus ရဲ႕ ေျပာေရးဆိုခြင့္ရွိသူနဲ႔ ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ 5G စမတ္ဖုန္းနဲ႔ ပတ္သက္ၿပီး နည္းနည္းပိုသိခဲ့ရပါတယ္။ ၂၀၁၉ ႏွစ္ဦးပိုင္းမွာ ပြဲဦးထြက္လာမယ္လို႔ အေစာပိုင္းသတင္းေဖာ္ျပခ်က္ေတြဟာ ျဖစ္ႏိုင္ေျခပိုၿပီး ရွိလာပါၿပီ။ ၂၀၁၉ ရဲ႕ ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ Mobile World Congress မွာ ေမွာက္ထားတဲ့ ဒီဖဲခ်ပ္ကို လွန္ျပမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဒါေပမယ့္ OnePlus ရဲ႕ ေျပာဆိုခ်က္အရ လာမယ့္ 5G စမတ္ဖုန္းဟာ OnePlus 6T ေနာက္မ်ိဳးဆက္မဟုတ္ဘဲ လုံးဝကို ခြဲထြက္ၿပီး ကြဲျပားျခားနားမယ္လို႔ သိရပါတယ္။ 5G စမတ္ဖုန္းဟာ ကုမၸဏီအတြက္ စာမ်က္ႏွာသစ္ ၊ ကုမၸဏီရဲ႕ ပုံရိပ္ကို ပိုၿပီးႀကီးက်ယ္ေစမယ့္ စမတ္ဖုန္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ OnePlus 7 ဟာ 5G စမတ္ဖုန္း ျဖစ္လာႏိုင္တယ္ဆိုတဲ့ အေစာပိုင္းခန႔္မွန္းခ်က္ေတြကို ေမ့ပစ္လိုက္ရေတာ့မွာ ျဖစ္ပါတယ္။

OnePlus ရဲ႕ စမတ္ဖုန္းေတြဟာ “Flagship killer” ေတြဆိုၿပီး နာမည္ေကာင္းရေနတဲ့အတြက္ အသစ္ထြက္လာမယ့္ 5G စမတ္ဖုန္းရဲ႕ ေဈးႏႈန္းကလည္း စိတ္ဝင္စားစရာ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ 5G စမတ္ဖုန္းဟာ ႐ုတ္တရက္ႀကီး သတ္မွတ္တန္ဖိုး ထိုးတက္သြားတာမ်ိဳး ျဖစ္မလာႏိုင္ဘူးလို႔ ယူဆစရာရွိေပမယ့္ လုံးဝ ကြဲျပားျခားနားမယ္ဆိုတဲ့ စကားေၾကာင့္ ေဈးႀကီးသြားႏိုင္တယ္ လို႔လည္းေတြးထားရမွာ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

OnePlus ဟာ လာမယ့် ၂၀၁၉ မှာ သူတို့ရဲ့ 5G စမတ်ဖုန်းကို ထုတ်လုပ်မယ့်အကြောင်း အစောကတည်းက အတည်ပြုခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ 5G စမတ်ဖုန်းဟာ ဘာဖြစ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ရက်တုန်းက Cnet က OnePlus ရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ 5G စမတ်ဖုန်းနဲ့ ပတ်သက်ပြီး နည်းနည်းပိုသိခဲ့ရပါတယ်။ ၂၀၁၉ နှစ်ဦးပိုင်းမှာ ပွဲဦးထွက်လာမယ်လို့ အစောပိုင်းသတင်းဖော်ပြချက်တွေဟာ ဖြစ်နိုင်ခြေပိုပြီး ရှိလာပါပြီ။ ၂၀၁၉ ရဲ့ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ မှောက်ထားတဲ့ ဒီဖဲချပ်ကို လှန်ပြမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒါပေမယ့် OnePlus ရဲ့ ပြောဆိုချက်အရ လာမယ့် 5G စမတ်ဖုန်းဟာ OnePlus 6T နောက်မျိုးဆက်မဟုတ်ဘဲ လုံးဝကို ခွဲထွက်ပြီး ကွဲပြားခြားနားမယ်လို့ သိရပါတယ်။ 5G စမတ်ဖုန်းဟာ ကုမ္ပဏီအတွက် စာမျက်နှာသစ် ၊ ကုမ္ပဏီရဲ့ ပုံရိပ်ကို ပိုပြီးကြီးကျယ်စေမယ့် စမတ်ဖုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် OnePlus 7 ဟာ 5G စမတ်ဖုန်း ဖြစ်လာနိုင်တယ်ဆိုတဲ့ အစောပိုင်းခန့်မှန်းချက်တွေကို မေ့ပစ်လိုက်ရတော့မှာ ဖြစ်ပါတယ်။

OnePlus ရဲ့ စမတ်ဖုန်းတွေဟာ “Flagship killer” တွေဆိုပြီး နာမည်ကောင်းရနေတဲ့အတွက် အသစ်ထွက်လာမယ့် 5G စမတ်ဖုန်းရဲ့ ဈေးနှုန်းကလည်း စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် 5G စမတ်ဖုန်းဟာ ရုတ်တရက်ကြီး သတ်မှတ်တန်ဖိုး ထိုးတက်သွားတာမျိုး ဖြစ်မလာနိုင်ဘူးလို့ ယူဆစရာရှိပေမယ့် လုံးဝ ကွဲပြားခြားနားမယ်ဆိုတဲ့ စကားကြောင့် ဈေးကြီးသွားနိုင်တယ် လို့လည်းတွေးထားရမှာ ဖြစ်ပါတယ်။

Ref: GSMarena