OnePlus 6 ကိုမြင်ရဖို့က သိပ်စောင့်စရာမလိုတော့ပါဘူး။ ဒါပေမယ့် OnePlus က တရားဝင်မကြေညာခင်အချိန်အထိတော့ ကြားထဲမှာ ကောလဟလာတွေ၊ Leak တွေကတော့ တောက်လျောက်ရှိနေမှာပါ။ အခုထွက်လာတဲ့ပုံတွေကတော့ OnePlus 6 ရဲ့နောက်ဆုံး Design လို့ယူဆရပါတယ်။

အခုလို OnePlus က တရားဝင်ထုတ်မပြသေးခင်မှာ ပုံတွေထွက်လာတာကတော့ OnePlus 6 အပေါ် တော်တော်လေးကို စိတ်ဝင်စားမှုမြင့်သွားစေတာ အမှန်ပါပဲ။ OnePlus 6 က ပထမဦးဆုံး Notch ပါတဲ့ OnePlus ဖုန်းဖြစ်လာမယ်ဆိုတာကတော့ OnePlus Fan တွေအားလုံးသိပြီးသားပါ။ ဒါပေမယ့် ဖုန်းကဘယ်လို Design နဲ့လာမလဲဆိုတာကတော့ ဘယ်သူမှအတိအကျမသိသေးပါဘူး။

အခုပေါက်ကြားလာတဲ့ ပုံထဲကအတိုင်း ဖြစ်နိုင်ချေကတော့ များပါတယ်။ Oppo R15 Pro နဲ့ ခပ်ဆင်ဆင်ရှိပေမယ့် OnePlus ရဲ့ဘောင်ထဲမှာရှိနေပါသေးတယ်။ အပေါ်ဖက်မှာတော့ Notch ထည့်ထားတာဖြစ်တဲ့အတွက် အောက်က Bezel ကို ပါးနိုင်သမျှ ပါးအောင်လုပ်ထားတာကို တွေ့ရပါတယ်။ OnePlus ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ Alert Slider ကိုလည်း ပါနေကျနေရာမှာမထည့်ပေးထားပဲ Power Button ရဲ့အပေါ်ကို ပြောင်းထည့်ပေးထားတာတွေ့ရပါတယ်။

Fingerprint Scanner ကိုတော့ နောက်မှာပဲ ထည့်ပေးထားမှာဖြစ်ပါတယ်။ Spec တွေအနေနဲ့ကတော့ Qualcomm Snapdragon 845 နဲ့ 6 GB RAM ကသေခြာပါတယ်။ Display ကိုလည်း FULL HD+ Samsung OLED ကိုပဲဆက်သုံမယ်လို့ ယူဆရပါတယ်။ ဒီတစ်ခေါက် OnePlus 6 ကိုအရင်ကလို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရမလားဆိုတာကတော့ ပြောရခက်ပါတယ်။ ဈေးပိုများဖို့က သေချာနြေ့ပီး ဈေးပိုများတဲ့ အကြောင်းအရင်းကတော့ Camera တွေကြောင့်ဖြစ်မယ်လို့ သတင်းတွေထွက်ထားပါတယ်။ Camera နဲ့ပတ်သက်လို့တော့ Google Pixel 2 နဲ့တောင် ယှဉ်နိုင်မလားဆိုတာပါပဲ။