Zawgyi
OnePlus 6T ဟာ ၂၀၁၈ခုႏွစ္ ေမလတုန္းက ထြက္ရွိခဲ့တဲ့ OnePlus 6 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ မၾကာခင္ မိတ္ဆက္လာႏိုင္ဖြယ္ရွိတဲ့ OnePlus 6T ရဲ႕ ဒီဇိုင္း ကာလာ အေနအထားေတြဟာ အြန္လိုင္းကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။
ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ OnePlus 6T မွာ In-display Fingerprint Sensor နဲ႔ Triple-camera Setup တို႔ ပါဝင္လာႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Waterdrop Display Notch လည္း အသုံးျပဳထားႏိုင္တဲ့အတြက္ OnePlus 6T ဟာ မၾကာေသးမီက မိတ္ဆက္ထားတဲ့ Oppo R17 Pro လို ဒီဇိုင္းမ်ိဴးနဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ ႐ုရွားႏိုင္ငံ အေျခစိုက္ Eurasian Economic Commission (EEC) ရဲ႕ အသိအမွတ္ျပဳ လက္မွတ္အရ OnePlus 6 ရဲ႕ ေမာ္ဒယ္နံပါတ္ဟာ A6000 ျဖစ္ပါတယ္။ မၾကာေသးမီကလည္း EEC ကေနတစ္ဆင့္ ေမာ္ဒယ္နံပါတ္ A6013 အမည္ရွိ စမတ္ဖုန္းရဲ႕ အခ်က္အလက္မ်ား ေပၚထြက္လာပါေသးတယ္။ အဆိုပါ စမတ္ဖုန္းဟာ OnePlus 6T ျဖစ္ႏိုင္ေၾကာင္း ကြၽမ္းက်င္သူေတြက သုံးသပ္ထားပါတယ္။
OnePlus 6T ကို ေအာက္တိုဘာလ အေစာပိုင္းေလာက္မွာ စတင္မိတ္ဆက္ႏိုင္ဖြယ္ရွိၿပီး ေစ်းႏႈန္းကေတာ့ ကန္ေဒၚလာ ၅၅၀ (ျမန္မာေငြ ၈သိန္းခြဲ ဝန္းက်င္) က်သင့္ႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။
Ref: gadgets.ndtv
Unicode
In-display Fingerprint Sensor နဲ့ နောက်ကျောဘက် ကင်မရာ ၃လုံးပါဝင်နိုင်ဖွယ်ရှိတဲ့ OnePlus 6T
OnePlus 6T ဟာ ၂၀၁၈ခုနှစ် မေလတုန်းက ထွက်ရှိခဲ့တဲ့ OnePlus 6 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မကြာခင် မိတ်ဆက်လာနိုင်ဖွယ်ရှိတဲ့ OnePlus 6T ရဲ့ ဒီဇိုင်း ကာလာ အနေအထားတွေဟာ အွန်လိုင်းကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် OnePlus 6T မှာ In-display Fingerprint Sensor နဲ့ Triple-camera Setup တို့ ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Waterdrop Display Notch လည်း အသုံးပြုထားနိုင်တဲ့အတွက် OnePlus 6T ဟာ မကြာသေးမီက မိတ်ဆက်ထားတဲ့ Oppo R17 Pro လို ဒီဇိုင်းမျိူးနဲ့ ပွဲထွက်လာနိုင်ပါတယ်။ ရုရှားနိုင်ငံ အခြေစိုက် Eurasian Economic Commission (EEC) ရဲ့ အသိအမှတ်ပြု လက်မှတ်အရ OnePlus 6 ရဲ့ မော်ဒယ်နံပါတ်ဟာ A6000 ဖြစ်ပါတယ်။ မကြာသေးမီကလည်း EEC ကနေတစ်ဆင့် မော်ဒယ်နံပါတ် A6013 အမည်ရှိ စမတ်ဖုန်းရဲ့ အချက်အလက်များ ပေါ်ထွက်လာပါသေးတယ်။ အဆိုပါ စမတ်ဖုန်းဟာ OnePlus 6T ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
OnePlus 6T ကို အောက်တိုဘာလ အစောပိုင်းလောက်မှာ စတင်မိတ်ဆက်နိုင်ဖွယ်ရှိပြီး စျေးနှုန်းကတော့ ကန်ဒေါ်လာ ၅၅၀ (မြန်မာငွေ ၈သိန်းခွဲ ဝန်းကျင်) ကျသင့်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref: gadgets.ndtv