Zawgyi

လြန္ခဲ့တဲ့ လက အေမရိကားနဲ႔ အိႏၵိယတို႔မွာ OnePlus 6T ကိုမိတ္ဆက္အျပီးမွာေတာ့ တရုတ္ျပည္တြင္းမွာ စတင္မိတ္ဆက္လိုက္ပါျပီ။ အခုလို တရုတ္ စမတ္ဖုန္း ကုမၸဏီေတြဟာ ျပည္တြင္းထြက္ စမတ္ဖုန္းေတြကို ႏိုင္ငံတကာ ေစ်းကြက္ကို အရင္ဦးဆံုး မိတ္ဆက္ေနတာ စိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။ Huawei ဟာဆိုရင္လည္း သူရဲ႕ Mate 20 Series ကို လန္ဒန္မွာ အရင္ပြဲထုတ္ခဲ့တာပါ။ တရုတ္ျပည္တြင္းမွာ မိတ္ဆက္တဲ့ OnePlus 6T ရဲ႕ ထူးျခားခ်က္ကေတာ့ ႏိုင္ငံတကာ ေစ်းကြက္မွာ မိတ္ဆက္တဲ့ OnePlus 6T အေရာင္ေတြနဲ႔ ထူးျခားကြဲျပားတဲ့ အေရာင္တစ္မ်ိဳးကိုပါ ပြဲထုတ္လိုက္တာပါ။ အဆိုပါ ထူးျခားလွပတဲ့ အေရာင္သစ္တစ္မ်ိဳးကေတာ့ ခရမ္းေရာင္ပါ။

OnePlus 6 နဲ႔ ကြာျခားသြားတဲ့ အခ်က္ကေတာ့ Base Model ေခၚ သိုေလွာင္စြမ္းအား အနိမ့္ဆံုးေမာ္ဒယ္ပါပဲ။ OnePlus 6 မွာ အနိမ့္ဆံုး ေမာ္ဒယ္က RAM 6GB နဲ႔ Internal Storage 64GB ျဖစ္ျပီး အခု OnePlus 6T မွာေတာ့ အနိမ့္ဆံုး ေမာ္ဒယ္က RAM 6GB နဲ႔ Internal Storage 128GB ျဖစ္သြားတာပါပဲ။ တရုတ့္ျပည္တြင္းမွာ Base Model ကို $493 နဲ႔ ေရာင္းခ်ျပီး U.S နဲ႔ အိႏၵိယလို ႏိုင္ငံတကာမွာေတာ့ $520 နဲ႔ေရာင္းခ်ပါတယ္။  RAM ပိုျမင့္တဲ့ RAM 8GB နဲ႔ Internal Storage 128GB ေမာ္ဒယ္ကိုေတာ့ တရုတ္မွာ $522 နဲ႔ေရာင္းခ်ျပီး ႏိုင္ငံတကာမွာေတာ့ $575 နဲ႔ေရာင္းခ်ေနပါျပီ။ ထူးျခားခ်က္ကေတာ့ အေပၚမွာေျပာသြားတဲ့အတုိင္းပဲ ဒုတိယေမာ္ဒယ္ကို Purple လို႔ေခၚတဲ့ ခရမ္းေရာင္နဲ႔ ဝယ္ယူလို႔ရေတာ့မွာပါ။ ဒါေပမယ့္လည္း တရုတ္ျပည္တြင္းမွာပဲ အဆိုပါ အေရာင္အသစ္ကို ဝယ္လို႔ရဦးမွာပါ။

အျမင့္ဆံုး ေမာ္ဒယ္ကေတာ့ RAM 8GB နဲ႔ Internal Storage 256GB ေမာ္ဒယ္ျဖစ္ျပီး Midnight Black အေရာင္တစ္မ်ိဳးတည္းနဲ႔ ဝယ္လို႔ရမွာပါ။ ေစ်းႏွုန္းကေတာ့ တရုတ္ျပည္တြင္းေစ်း $580 ရွိျပီး အေမရိကားမွာေတာ့ $629 ရွိကာ အိႏၵိယမွာေတာ့ $630 ရွိပါတယ္။ OnePlus 6T ကိုအခုကစျပီး Pre-order မွာလို႔ရေနျပီး ႏိုဝင္ဘာ ၁၁ ရက္ကစလို႔ ဝယ္ယူလို႔ရမွာပါ။

Ref: Gizmo China

Unicode

လွန်ခဲ့တဲ့ လက အမေရိကားနဲ့ အိန္ဒိယတို့မှာ OnePlus 6T ကိုမိတ်ဆက်အပြီးမှာတော့ တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်လိုက်ပါပြီ။ အခုလို တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေဟာ ပြည်တွင်းထွက် စမတ်ဖုန်းတွေကို နိုင်ငံတကာ ဈေးကွက်ကို အရင်ဦးဆုံး မိတ်ဆက်နေတာ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ Huawei ဟာဆိုရင်လည်း သူရဲ့ Mate 20 Series ကို လန်ဒန်မှာ အရင်ပွဲထုတ်ခဲ့တာပါ။ တရုတ်ပြည်တွင်းမှာ မိတ်ဆက်တဲ့ OnePlus 6T ရဲ့ ထူးခြားချက်ကတော့ နိုင်ငံတကာ ဈေးကွက်မှာ မိတ်ဆက်တဲ့ OnePlus 6T အရောင်တွေနဲ့ ထူးခြားကွဲပြားတဲ့ အရောင်တစ်မျိုးကိုပါ ပွဲထုတ်လိုက်တာပါ။ အဆိုပါ ထူးခြားလှပတဲ့ အရောင်သစ်တစ်မျိုးကတော့ ခရမ်းရောင်ပါ။

OnePlus 6 နဲ့ ကွာခြားသွားတဲ့ အချက်ကတော့ Base Model ခေါ် သိုလှောင်စွမ်းအား အနိမ့်ဆုံးမော်ဒယ်ပါပဲ။ OnePlus 6 မှာ အနိမ့်ဆုံး မော်ဒယ်က RAM 6GB နဲ့ Internal Storage 64GB ဖြစ်ပြီး အခု OnePlus 6T မှာတော့ အနိမ့်ဆုံး မော်ဒယ်က RAM 6GB နဲ့ Internal Storage 128GB ဖြစ်သွားတာပါပဲ။ တရုတ့်ပြည်တွင်းမှာ Base Model ကို $493 နဲ့ ရောင်းချပြီး U.S နဲ့ အိန္ဒိယလို နိုင်ငံတကာမှာတော့ $520 နဲ့ရောင်းချပါတယ်။  RAM ပိုမြင့်တဲ့ RAM 8GB နဲ့ Internal Storage 128GB မော်ဒယ်ကိုတော့ တရုတ်မှာ $522 နဲ့ရောင်းချပြီး နိုင်ငံတကာမှာတော့ $575 နဲ့ရောင်းချနေပါပြီ။ ထူးခြားချက်ကတော့ အပေါ်မှာပြောသွားတဲ့အတိုင်းပဲ ဒုတိယမော်ဒယ်ကို Purple လို့ခေါ်တဲ့ ခရမ်းရောင်နဲ့ ဝယ်ယူလို့ရတော့မှာပါ။ ဒါပေမယ့်လည်း တရုတ်ပြည်တွင်းမှာပဲ အဆိုပါ အရောင်အသစ်ကို ဝယ်လို့ရဦးမှာပါ။

အမြင့်ဆုံး မော်ဒယ်ကတော့ RAM 8GB နဲ့ Internal Storage 256GB မော်ဒယ်ဖြစ်ပြီး Midnight Black အရောင်တစ်မျိုးတည်းနဲ့ ဝယ်လို့ရမှာပါ။ ဈေးနှုန်းကတော့ တရုတ်ပြည်တွင်းဈေး $580 ရှိပြီး အမေရိကားမှာတော့ $629 ရှိကာ အိန္ဒိယမှာတော့ $630 ရှိပါတယ်။ OnePlus 6T ကိုအခုကစပြီး Pre-order မှာလို့ရနေပြီး နိုဝင်ဘာ ၁၁ ရက်ကစလို့ ဝယ်ယူလို့ရမှာပါ။

Ref: Gizmo China