Zawgyi

OnePlus ဟာ မၾကာေသးခင္ကမွ Apple ရဲ႕ပြဲနဲ႔တိုက္ေနလို႔ နယူးေယာခ့္ျမိဳ႔မွာ က်င္းပမယ့္ OnePlus 6T ရဲ႕ မိတ္ဆက္ပြဲကို တစ္ရက္ ေရွ႕တိုးခဲ့ပါတယ္။ တရားဝင္မိတ္ မဆက္ေသးခင္မွာပဲ OnePlus 6T ရဲ႕ သတင္းေပါက္ၾကားခ်က္ေတြနဲ႔ ေကာလဟလ ေတြက အင္တာနက္ေပၚမွာ ေနရာတကာ ပ်ံ႕ႏွံ႔လို႔ေနခဲ့ပါတယ္။ OnePlus ကုမၸဏီကိုယ္တိုင္က Teaser ေတြျဖန္႔ ျပိဳင္ပြဲေတြလုပ္ျပီး OnePlus 6T နဲ႔ ပက္သက္တဲ့ အခ်က္အလက္ေတြကို ျဖန္႔ေနခဲ့တာပါ။ အြန္လိုင္းစတိုး တစ္ခ်ိဳ႕မွာလည္း တရားဝင္မိတ္မဆက္ေသးတဲ့ OnePlus 6T ကို Pre-order တင္လို႔ရေနပါျပီ။

လြန္ခဲ့တဲ့ ရက္အနည္းငယ္အၾကာက ဆြီဒင္ ႏိုင္ငံက အြန္လိုင္းစတိုး တစ္ခုမွာ OnePlus 6T ရဲ႕ အကန္႔အသက္နဲ႔ ထုတ္တဲ့ ဗားရွင္းျဖစ္တဲ့ “Ultimate Limited Edition” ကို အလံုးေရ တစ္ရာတိတိ စားရင္းသြင္းထားပါတယ္။ ရိုးရိုး OnePlus 6T ေတာင္မဟုတ္ပဲ အကန္႔အသက္နဲ႔ ထုတ္ထားတဲ့ OnePlus 6T “Ultimate Limited Edition” ကို ဝယ္လို႔ရေနတာပါ။ Pre-order ထင္ရေပမယ့္လည္း အဆိုပါ အြန္လိုင္းစတိုးဟာ OnePlus 6T Ultimate Limited Edition ရဲ႕ ဗူးပံုစံကိုပါ ျပထားတာပါ။ ဗူးအျဖဴေပၚမွာ “OnePlus 6T” နဲ႔ “Ultimate Limited Edition” ဆိုတဲ့ စာသားေတြေဖာ္ျပထားျပီး ေဘးနားမွာေတာ့ OnePlus 6T ရဲ႕ In-Display Fingerprint Scanner ကိုကိုယ္စားျပဳတဲ့ ေရာင္စံု လက္ေဗြရာ ပံုစံေလးကိုျပထားပါတယ္။ အဆိုပါ Ultimate Limited Edition ဟာ ရိုးရိုး OnePlus 6T ထက္ ဒီဇိုင္းပိုင္းေျပာင္းလဲသြားႏုိင္ပါတယ္။ ဒီဇိုင္းပိုင္းကြဲျပားမွုမရွိရင္ေတာင္ ထူးျခားတဲ့ Accessories ေတြထည့္သြင္းေပးထားႏိုင္ပါတယ္။

အဆိုပါ အြန္လိုင္းစတိုးဟာ OnePlus 6T ရဲ႕ တစ္ကယ့္ အစစ္ Ultimate Limited Edition ကိုရထားတာ ျဖစ္ႏိုင္ရဲ႕လားဆိုျပီးေတာ့ ေမးခြန္းထုတ္စရာေတာ့ ရွိပါတယ္။ ဖုန္းရဲ႕ဗူးကိုသာ ျပထားျပီး ဖုန္းရဲ႕ ကိုယ္ထည္ဒီဇိုင္းကိုျပထားျခင္းမရွိပဲ တစ္ျခား အေသးစိတ္ အခ်က္အလက္ေတြျဖစ္တဲ့ RAM နဲ႔ Storage ပမာဏေတြကို ေဖာ္ျပထားျခင္းမရွိတဲ့အတြက္ အဆိုပါ ဗူးဒီဇိုင္းက အတုၾကီးျဖစ္ေနႏိုင္ပါတယ္။ ဒါေပမယ့္လည္း အဆိုပါ အြန္လိုင္းစတိုးဘက္က အေသအခ်ာ Pre-order လက္ခံထားျပီး အလံုးေရ တစ္ရာတိတိ ရွိေနတယ္လို႔ ေသခ်ာေျပာထားတဲ့အတြက္ တစ္ကယ့္ အစစ္ OnePlus 6T ရဲ႕ Limited Edition ရွိေနတာ ျဖစ္ႏိုင္ျပီး အေသးစိတ္ အခ်က္အလက္ေတြထုတ္မျပႏိုင္တာနဲ႔ ခ်က္ခ်င္းမေရာင္းခ်ႏိုင္တာကေတာ့ OnePlus 6T ကို တရားဝင္မိတ္မဆက္ခင္ သတင္းေပါက္ၾကားမွာမို႔ ကုမၸဏီဘက္က အခ်က္အလက္ေတြကို ေဖာ္ျပခြင့္မေပးေသးတာျဖစ္ႏိုင္ပါတယ္။

OnePlus 6T မွာ အရင္ OnePlus 6 လိုပဲ Snapdragon 845 SoC အသံုးျပဳေပးထားျပီး Limited Edition မွာေတာ့ RAM 8GB နဲ႔အထက္ပါလာႏိုင္ျပီး Storage ကလည္း 256GB နဲ႔အထက္ ရွိႏုိင္ပါတယ္။ OnePlus ဟာ သူရဲ႕ OnePlus ဖုန္းေတြကို Limited Edition လို႔ေခၚတဲ့ ဒီဇိုင္းပိုင္းျပန္လည္ ဆန္းသစ္ထားတဲ့ ဗားရွင္းေတြနဲ႔ ထုတ္လုပ္ေလ့ရွိျပီး မၾကာေသးခင္ကမွ OnePlus 6 ကို နာမည္ၾကီး Marvel Studio နဲ႔ေပါင္းျပီး Avengers Edition အျဖစ္ထုတ္ခဲ့ပါေသးတယ္။ Star Wars နဲ႔လည္းေပါင္းျပီး Limited Edition ဖုန္းေတြထုတ္ခဲ့တဲ့အတြက္ အခုရရွိထားတဲ့ OnePlus 6T ရဲ႕ Ultimate Limited Edition သတင္းဟာ မွန္ကန္ႏိုင္ပါတယ္။

Ref: Gizmo China

Unicode

OnePlus ဟာ မကြာသေးခင်ကမှ Apple ရဲ့ပွဲနဲ့တိုက်နေလို့ နယူးယောခ့်မြို့မှာ ကျင်းပမယ့် OnePlus 6T ရဲ့ မိတ်ဆက်ပွဲကို တစ်ရက် ရှေ့တိုးခဲ့ပါတယ်။ တရားဝင်မိတ် မဆက်သေးခင်မှာပဲ OnePlus 6T ရဲ့ သတင်းပေါက်ကြားချက်တွေနဲ့ ကောလဟလ တွေက အင်တာနက်ပေါ်မှာ နေရာတကာ ပျံ့နှံ့လို့နေခဲ့ပါတယ်။ OnePlus ကုမ္ပဏီကိုယ်တိုင်က Teaser တွေဖြန့် ပြိုင်ပွဲတွေလုပ်ပြီး OnePlus 6T နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို ဖြန့်နေခဲ့တာပါ။ အွန်လိုင်းစတိုး တစ်ချို့မှာလည်း တရားဝင်မိတ်မဆက်သေးတဲ့ OnePlus 6T ကို Pre-order တင်လို့ရနေပါပြီ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက ဆွီဒင် နိုင်ငံက အွန်လိုင်းစတိုး တစ်ခုမှာ OnePlus 6T ရဲ့ အကန့်အသက်နဲ့ ထုတ်တဲ့ ဗားရှင်းဖြစ်တဲ့ “Ultimate Limited Edition” ကို အလုံးရေ တစ်ရာတိတိ စားရင်းသွင်းထားပါတယ်။ ရိုးရိုး OnePlus 6T တောင်မဟုတ်ပဲ အကန့်အသက်နဲ့ ထုတ်ထားတဲ့ OnePlus 6T “Ultimate Limited Edition” ကို ဝယ်လို့ရနေတာပါ။ Pre-order ထင်ရပေမယ့်လည်း အဆိုပါ အွန်လိုင်းစတိုးဟာ OnePlus 6T Ultimate Limited Edition ရဲ့ ဗူးပုံစံကိုပါ ပြထားတာပါ။ ဗူးအဖြူပေါ်မှာ “OnePlus 6T” နဲ့ “Ultimate Limited Edition” ဆိုတဲ့ စာသားတွေဖော်ပြထားပြီး ဘေးနားမှာတော့ OnePlus 6T ရဲ့ In-Display Fingerprint Scanner ကိုကိုယ်စားပြုတဲ့ ရောင်စုံ လက်ဗွေရာ ပုံစံလေးကိုပြထားပါတယ်။ အဆိုပါ Ultimate Limited Edition ဟာ ရိုးရိုး OnePlus 6T ထက် ဒီဇိုင်းပိုင်းပြောင်းလဲသွားနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကွဲပြားမှုမရှိရင်တောင် ထူးခြားတဲ့ Accessories တွေထည့်သွင်းပေးထားနိုင်ပါတယ်။

အဆိုပါ အွန်လိုင်းစတိုးဟာ OnePlus 6T ရဲ့ တစ်ကယ့် အစစ် Ultimate Limited Edition ကိုရထားတာ ဖြစ်နိုင်ရဲ့လားဆိုပြီးတော့ မေးခွန်းထုတ်စရာတော့ ရှိပါတယ်။ ဖုန်းရဲ့ဗူးကိုသာ ပြထားပြီး ဖုန်းရဲ့ ကိုယ်ထည်ဒီဇိုင်းကိုပြထားခြင်းမရှိပဲ တစ်ခြား အသေးစိတ် အချက်အလက်တွေဖြစ်တဲ့ RAM နဲ့ Storage ပမာဏတွေကို ဖော်ပြထားခြင်းမရှိတဲ့အတွက် အဆိုပါ ဗူးဒီဇိုင်းက အတုကြီးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ အွန်လိုင်းစတိုးဘက်က အသေအချာ Pre-order လက်ခံထားပြီး အလုံးရေ တစ်ရာတိတိ ရှိနေတယ်လို့ သေချာပြောထားတဲ့အတွက် တစ်ကယ့် အစစ် OnePlus 6T ရဲ့ Limited Edition ရှိနေတာ ဖြစ်နိုင်ပြီး အသေးစိတ် အချက်အလက်တွေထုတ်မပြနိုင်တာနဲ့ ချက်ချင်းမရောင်းချနိုင်တာကတော့ OnePlus 6T ကို တရားဝင်မိတ်မဆက်ခင် သတင်းပေါက်ကြားမှာမို့ ကုမ္ပဏီဘက်က အချက်အလက်တွေကို ဖော်ပြခွင့်မပေးသေးတာဖြစ်နိုင်ပါတယ်။

OnePlus 6T မှာ အရင် OnePlus 6 လိုပဲ Snapdragon 845 SoC အသုံးပြုပေးထားပြီး Limited Edition မှာတော့ RAM 8GB နဲ့အထက်ပါလာနိုင်ပြီး Storage ကလည်း 256GB နဲ့အထက် ရှိနိုင်ပါတယ်။ OnePlus ဟာ သူရဲ့ OnePlus ဖုန်းတွေကို Limited Edition လို့ခေါ်တဲ့ ဒီဇိုင်းပိုင်းပြန်လည် ဆန်းသစ်ထားတဲ့ ဗားရှင်းတွေနဲ့ ထုတ်လုပ်လေ့ရှိပြီး မကြာသေးခင်ကမှ OnePlus 6 ကို နာမည်ကြီး Marvel Studio နဲ့ပေါင်းပြီး Avengers Edition အဖြစ်ထုတ်ခဲ့ပါသေးတယ်။ Star Wars နဲ့လည်းပေါင်းပြီး Limited Edition ဖုန်းတွေထုတ်ခဲ့တဲ့အတွက် အခုရရှိထားတဲ့ OnePlus 6T ရဲ့ Ultimate Limited Edition သတင်းဟာ မှန်ကန်နိုင်ပါတယ်။

Ref: Gizmo China