Zawgyi Font Version

မၾကာခင္ ႏိုဝင္ဘာလမွာ မိတ္ဆက္ေတာ့မယ့္ Oneplus 6T မွာ အဓိက အေျပာင္းအလဲ အျဖစ္ ေရစက္ဒီဇိုင္း (Water Drop Design) နဲ႔ Notch ကိုျမင္ေတြ႔ရမွာပါ။ Water Drop Design ဆိုတဲ့ စကားလံုးကို ၾကားဖူးေနၾကမွာပါ။

အခုေနာက္ဆံုးထြက္ထားတဲ့ Oppo ဖုန္းေတြမွာပါလာတဲ့ Notch Design ပါ။ Selfie Camera အတြက္ပဲ Notch ကိုထည့္ထားလို႔ ေရစက္ပံုစံေလးျဖစ္ေနတာပါ။ Oneplus 6T မွာ ေရစက္ပံုစံ Notch သံုးလို႔ Oppo ကိုပံုတူကူးခ်တယ္ထင္ပါလိမ့္မယ္။

အမွန္ေတာ့ Oppo, Vivo နဲ႔ Oneplus ဟာ BBK ဆိုတဲ့ တရုတ္ Electronic Company အုပ္စုၾကီးရဲ႕ လက္ေအာက္ Company အခြဲေတြပါ။ အဲ့ေတာ့သူ႔လက္ေအာက္ Brand တစ္ခုက နည္းပညာနဲ႔ ဒီဇိုင္းကို တစ္ျခား လက္ေအာက္ခံ Brand ေတြကယူသံုးတာ မဆန္းပါဘူး။

Oppo, Vivo နဲ႔ Oneplus အကုန္လံုးမွာ Dirac Audio System ကိုသံုးထားတယ္။ Oppo ရဲ႕ VOOC Fast Charging ကိုပဲ Oneplus မွာ Dash Charge အျဖစ္နာမည္ေျပာင္းျပီးအသံုးျပဳထားတယ္။ အဲ့အတြက္ပဲ Oppo မွာ Trend ျဖစ္ေနတဲ့ Water Drop Notch ကို Oneplus 6T မွာသံုးစြဲလာမယ္ဆိုတဲ့အခ်က္က လံုးဝကိုေသခ်ာေနပါျပီ။

Water Drop Notch ကိုအသံုးျပဳမယ့္ အၾကံဥာဏ္ဟာ သံုးစြဲသူေတြကို စိတ္ေက်နပ္မွုပိုေပးႏိုင္မယ္လို႔သိရပါတယ္။ Notch မွာ Selfie Camera အတြက္ပဲေနရာေပးထားရလို႔ Notification Icon ေတြအတြက္ ေနရာလြတ္ အမ်ားၾကီးရတဲ့အတြက္ အရင္လို Notification Icon ေတြမဆန္႔တဲ့ ျပႆနာမ်ိဳးမၾကံဳရေတာ့ပါဘူး။

Notch လံုးဝမၾကိဳက္တဲ့သူေတြအတြက္လည္း Oneplus 6T မွာ Notch ေဖ်ာက္ထားတဲ့ Feature ကို Default Mode အေနနဲ႔ပါလာမွာပါ။ Snapdragon 855 နဲ႔ေမွ်ာ္လင့္ေနၾကေပမယ့္ Snapdragon 845 နဲ႔ပဲထုတ္လုပ္သြားမွာပါ။

Camera အဆင့္ျမွင့္တင္ေပးထားျပီး Super Dash Charge လို႔ေခၚတဲ့ အျမန္အားသြင္းစနစ္နဲ႔အတူ Battery ပမာဏ 4,000mAh သံုးစြဲသြားမယ္လို႔သိရပါတယ္။ Stereo Speaker ေတြပါဝင္မယ္လို႔ေမွ်ာ္လင့္ေနၾကေပမယ့္ Oneplus 7 မွာပဲ ထည့္သြင္းေပးသြားႏိုင္ပါတယ္။

Oneplus 6 ဟာ ေလာေလာဆယ္မွာ Flagship Killer ဆိုတဲ့ဘြဲ႔ကိုဆက္လက္ျပီး ထိန္းထားႏိုင္ဆဲျဖစ္ျပီး Flagship Killer အစစ္လို႔ေၾကြးေၾကာ္ေနတဲ့ Xiaomi ရဲ႕ Pocophone F1 ေတာင္ အျမန္ႏွုန္းစမ္းသပ္ခ်က္ေတြမွာ Oneplus ကိုမမွီပါဘူး။ Pocophone F1 မွာ Stock Android မသံုးပဲ MIUI သံုးထားလို႔ Oneplus 6 ကိုမမွီတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲေျပာေျပာ Pocophone F1 ဟာ User Experience ေရာ ဒီဇိုင္းပိုင္းမွာပါ Flagship အဆင့္မမွီေသးတဲ့အတြက္ ေလာေလာဆယ္မွာ Oneplus ဟာ Flahship Killer ပါပဲ။

Oneplus 6T ကိုႏိုဝင္ဘာလ အလယ္ေလာက္မွာပြဲထုတ္ႏိုင္ျပီး Midnight Black, Mirror Black နဲ႔ Silk White ဆိုတဲ့ အေရာင္​ သံုးေရာင္​အျပင္​ Red နဲ႔ Blue ဆိုၿပီး Limited Edition အေရာင္ႏွစ္ေရာင္နဲ႔ပါ ရႏိုင္ပါတယ္။ RAM 6GB, 64GB Storage ရယ္၊ RAM 8GB 128GB Storage နဲ႔ RAM 8GB 256GB Storage အထိ Model သံုးမ်ိဳးေရြးခ်ယ္ဝယ္ယူႏိုင္မွာပါ။

Unicode Version

မကြာခင် နိုဝင်ဘာလမှာ မိတ်ဆက်တော့မယ့် Oneplus 6T မှာ အဓိက အပြောင်းအလဲ အဖြစ် ရေစက်ဒီဇိုင်း (Water Drop Design) နဲ့ Notch ကိုမြင်တွေ့ရမှာပါ။ Water Drop Design ဆိုတဲ့ စကားလုံးကို ကြားဖူးနေကြမှာပါ။

အခုနောက်ဆုံးထွက်ထားတဲ့ Oppo ဖုန်းတွေမှာပါလာတဲ့ Notch Design ပါ။ Selfie Camera အတွက်ပဲ Notch ကိုထည့်ထားလို့ ရေစက်ပုံစံလေးဖြစ်နေတာပါ။ Oneplus 6T မှာ ရေစက်ပုံစံ Notch သုံးလို့ Oppo ကိုပုံတူကူးချတယ်ထင်ပါလိမ့်မယ်။

အမှန်တော့ Oppo, Vivo နဲ့ Oneplus ဟာ BBK ဆိုတဲ့ တရုတ် Electronic Company အုပ်စုကြီးရဲ့ လက်အောက် Company အခွဲတွေပါ။ အဲ့တော့သူ့လက်အောက် Brand တစ်ခုက နည်းပညာနဲ့ ဒီဇိုင်းကို တစ်ခြား လက်အောက်ခံ Brand တွေကယူသုံးတာ မဆန်းပါဘူး။

Oppo, Vivo နဲ့ Oneplus အကုန်လုံးမှာ Dirac Audio System ကိုသုံးထားတယ်။ Oppo ရဲ့ VOOC Fast Charging ကိုပဲ Oneplus မှာ Dash Charge အဖြစ်နာမည်ပြောင်းပြီးအသုံးပြုထားတယ်။ အဲ့အတွက်ပဲ Oppo မှာ Trend ဖြစ်နေတဲ့ Water Drop Notch ကို Oneplus 6T မှာသုံးစွဲလာမယ်ဆိုတဲ့အချက်က လုံးဝကိုသေချာနေပါပြီ။

Water Drop Notch ကိုအသုံးပြုမယ့် အကြံဉာဏ်ဟာ သုံးစွဲသူတွေကို စိတ်ကျေနပ်မှုပိုပေးနိုင်မယ်လို့သိရပါတယ်။ Notch မှာ Selfie Camera အတွက်ပဲနေရာပေးထားရလို့ Notification Icon တွေအတွက် နေရာလွတ် အများကြီးရတဲ့အတွက် အရင်လို Notification Icon တွေမဆန့်တဲ့ ပြဿနာမျိုးမကြုံရတော့ပါဘူး။

Notch လုံးဝမကြိုက်တဲ့သူတွေအတွက်လည်း Oneplus 6T မှာ Notch ဖျောက်ထားတဲ့ Feature ကို Default Mode အနေနဲ့ပါလာမှာပါ။ Snapdragon 855 နဲ့မျှော်လင့်နေကြပေမယ့် Snapdragon 845 နဲ့ပဲထုတ်လုပ်သွားမှာပါ။

Camera အဆင့်မြှင့်တင်ပေးထားပြီး Super Dash Charge လို့ခေါ်တဲ့ အမြန်အားသွင်းစနစ်နဲ့အတူ Battery ပမာဏ 4,000mAh သုံးစွဲသွားမယ်လို့သိရပါတယ်။ Stereo Speaker တွေပါဝင်မယ်လို့မျှော်လင့်နေကြပေမယ့် Oneplus 7 မှာပဲ ထည့်သွင်းပေးသွားနိုင်ပါတယ်။

Oneplus 6 ဟာ လောလောဆယ်မှာ Flagship Killer ဆိုတဲ့ဘွဲ့ကိုဆက်လက်ပြီး ထိန်းထားနိုင်ဆဲဖြစ်ပြီး Flagship Killer အစစ်လို့ကြွေးကြော်နေတဲ့ Xiaomi ရဲ့ Pocophone F1 တောင် အမြန်နှုန်းစမ်းသပ်ချက်တွေမှာ Oneplus ကိုမမှီပါဘူး။ Pocophone F1 မှာ Stock Android မသုံးပဲ MIUI သုံးထားလို့ Oneplus 6 ကိုမမှီတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲပြောပြော Pocophone F1 ဟာ User Experience ရော ဒီဇိုင်းပိုင်းမှာပါ Flagship အဆင့်မမှီသေးတဲ့အတွက် လောလောဆယ်မှာ Oneplus ဟာ Flahship Killer ပါပဲ။

Oneplus 6T ကိုနိုဝင်ဘာလ အလယ်လောက်မှာပွဲထုတ်နိုင်ပြီး Midnight Black, Mirror Black နဲ့ Silk White ဆိုတဲ့ အရောင် သုံးရောင်အပြင် Red နဲ့ Blue ဆိုပြီး Limited Edition အရောင်နှစ်ရောင်နဲ့ပါ ရနိုင်ပါတယ်။ RAM 6GB, 64GB Storage ရယ်၊ RAM 8GB 128GB Storage နဲ့ RAM 8GB 256GB Storage အထိ Model သုံးမျိုးရွေးချယ်ဝယ်ယူနိုင်မှာပါ။