Zawgyi Font Version

OnePlus 6T ဟာ မၾကာခင္ ႏိုဝင္ဘာလထဲမွာပဲ ထြက္ရွိေတာ့မွာျဖစ္ျပီးေတာ့ ခန္႔ခန္းထားတဲ့အတိုင္းပဲ Headphone Jack မပါေတာ့တာေတာ့ ေသခ်ာပါတယ္။ OnePlus 6T ရဲ႕ ေနာက္ဆံုး ေပါက္ၾကားထားတဲ့ Render Image (Graphic နဲ႔ဆြဲထားတဲ့ Image) အရ ဖုန္းေနာက္ဘက္ရဲ႕ အေပၚထိပ္ပိုင္းကိုပဲေဖာ္ျပထားျပီး OnePlus 6 နဲ႔ အေတာ္ေလးဆင္တူပါတယ္။ ဖုန္းရဲ႕ အေျခခံ Design နဲ႔ Camera ႏွစ္လံုးကိုေဒါင္လိုက္ထားတာခ်င္းလည္းတူျပီး OnePlus ရဲ႕ ထံုးစံအတိုင္း T Version ေတြက သူ႔ေရွ႕က Version ေတြနဲ႔ အေနာက္ဘက္ ဒီဇိုင္းတူတာမို႔လို႔ OnePlus 6 နဲ႔ 6T အေနာက္ဘက္ ဒီဇိုင္းေတြက ထပ္တူညီေနတာ ထူးဆန္းတဲ့ ကိစၥေတာ့မဟုတ္ပါဘူး။ ထူးျခားတဲ့အခ်က္ကေတာ့ ေပါက္ၾကားထားတဲ့ Reder Image ေတြမွာ OnePlus 6T ရဲ႕ ေနာက္ေက်ာဘက္ Camera ေတြေအာက္နားမွာ Fingerprint Scanner ကိုမေတြ႔ရေတာ့ပါဘူး။

Fingerprint Scanner မေတြ႔ရေတာ့တဲ့အတြက္ေၾကာင့္ OnePlus 6T မွာ In-Display Fingerprint Scanner သံုးမယ္ဆိုတာေသခ်ာသြားျပီး Vivo V11 မွာသံုးမယ့္ In-Display Fingerprint Scanner နဲ႔အတူတူပါပဲ။ Oppo, Vivo နဲ႔ OnePlus တို႔ဟာ BBK Electronic ကပဲ ပိုင္တာပါ။ အဲ့ဒီ အတြက္ေၾကာင့္ OnePlus 6T မွာ Oppo F9 ရဲ႕ Waterdrop Notch လိုမ်ိဳးနဲ႔ Vivo V11 ရဲ႕ Halo FullView Display လို Selfie Camera ေလးပဲပါတဲ့ Notch ေသးေသးေလးနဲ႔ ထြက္လာမယ္ဆိုတဲ့ သတင္းကလည္း မွန္ကန္ေနႏိုင္ပါတယ္။

OnePlus 6T ကို ႏိုဝင္ဘာလမွာ မိတ္ဆက္မွာျဖစ္ျပီး ထင္ရွားတဲ့ Feature ေတြကေတာ့ Overclocked Snapdragon 845 SoC, Dual RGB Cameras Setup, In-Display Fingerprint Scanner, Water Drop Notch နဲ႔ Super Dash Charge တို႔ပဲျဖစ္ပါတယ္။ Water Resistant ကေနျပီး Water Proof အဆင့္ထိ ေရစိမ္ခံလာႏိုင္မယ္လို႔လဲခန္႔မွန္းရရွိပါတယ္။ XDA Developer ေတြကေတာ့ ေအာက္တိုဘာလ အတြင္းမွာပဲမိတ္ဆက္လာႏိုင္မယ္လို႔ ထင္ၾကပါတယ္။ ကြ်န္ေတာ့ အထင္ေတာ့ OnePlus ရဲ႕ Flagship Killer ဆိုတဲ့ ထံုးတမ္းစဥ္လာအရ ေအာက္တိုဘာလ အတြင္းမွာပဲ Google ရဲ႕ Pixel 3 မိတ္ဆက္ပြဲရွိတဲ့အတြက္ Major Flagship ေတြအကုန္ ထြက္ျပီးမွ ပြဲထုတ္ေလ့ရွိတဲ့ OnePlus အတြက္ေတာ့ ႏိုဝင္ဘာလ ေရာက္မွပဲ OnePlus 6T ကိုပြဲထုတ္လာႏိုင္ပါတယ္။

Ref: XDA News

Unicode Version

OnePlus 6T ဟာ မကြာခင် နိုဝင်ဘာလထဲမှာပဲ ထွက်ရှိတော့မှာဖြစ်ပြီးတော့ ခန့်ခန်းထားတဲ့အတိုင်းပဲ Headphone Jack မပါတော့တာတော့ သေချာပါတယ်။ OnePlus 6T ရဲ့ နောက်ဆုံး ပေါက်ကြားထားတဲ့ Render Image (Graphic နဲ့ဆွဲထားတဲ့ Image) အရ ဖုန်းနောက်ဘက်ရဲ့ အပေါ်ထိပ်ပိုင်းကိုပဲဖော်ပြထားပြီး OnePlus 6 နဲ့ အတော်လေးဆင်တူပါတယ်။ ဖုန်းရဲ့ အခြေခံ Design နဲ့ Camera နှစ်လုံးကိုဒေါင်လိုက်ထားတာချင်းလည်းတူပြီး OnePlus ရဲ့ ထုံးစံအတိုင်း T Version တွေက သူ့ရှေ့က Version တွေနဲ့ အနောက်ဘက် ဒီဇိုင်းတူတာမို့လို့ OnePlus 6 နဲ့ 6T အနောက်ဘက် ဒီဇိုင်းတွေက ထပ်တူညီနေတာ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ထူးခြားတဲ့အချက်ကတော့ ပေါက်ကြားထားတဲ့ Reder Image တွေမှာ OnePlus 6T ရဲ့ နောက်ကျောဘက် Camera တွေအောက်နားမှာ Fingerprint Scanner ကိုမတွေ့ရတော့ပါဘူး။

Fingerprint Scanner မတွေ့ရတော့တဲ့အတွက်ကြောင့် OnePlus 6T မှာ In-Display Fingerprint Scanner သုံးမယ်ဆိုတာသေချာသွားပြီး Vivo V11 မှာသုံးမယ့် In-Display Fingerprint Scanner နဲ့အတူတူပါပဲ။ Oppo, Vivo နဲ့ OnePlus တို့ဟာ BBK Electronic ကပဲ ပိုင်တာပါ။ အဲ့ဒီ အတွက်ကြောင့် OnePlus 6T မှာ Oppo F9 ရဲ့ Waterdrop Notch လိုမျိုးနဲ့ Vivo V11 ရဲ့ Halo FullView Display လို Selfie Camera လေးပဲပါတဲ့ Notch သေးသေးလေးနဲ့ ထွက်လာမယ်ဆိုတဲ့ သတင်းကလည်း မှန်ကန်နေနိုင်ပါတယ်။

OnePlus 6T ကို နိုဝင်ဘာလမှာ မိတ်ဆက်မှာဖြစ်ပြီး ထင်ရှားတဲ့ Feature တွေကတော့ Overclocked Snapdragon 845 SoC, Dual RGB Cameras Setup, In-Display Fingerprint Scanner, Water Drop Notch နဲ့ Super Dash Charge တို့ပဲဖြစ်ပါတယ်။ Water Resistant ကနေပြီး Water Proof အဆင့်ထိ ရေစိမ်ခံလာနိုင်မယ်လို့လဲခန့်မှန်းရရှိပါတယ်။ XDA Developer တွေကတော့ အောက်တိုဘာလ အတွင်းမှာပဲမိတ်ဆက်လာနိုင်မယ်လို့ ထင်ကြပါတယ်။ ကျွန်တော့ အထင်တော့ OnePlus ရဲ့ Flagship Killer ဆိုတဲ့ ထုံးတမ်းစဉ်လာအရ အောက်တိုဘာလ အတွင်းမှာပဲ Google ရဲ့ Pixel 3 မိတ်ဆက်ပွဲရှိတဲ့အတွက် Major Flagship တွေအကုန် ထွက်ပြီးမှ ပွဲထုတ်လေ့ရှိတဲ့ OnePlus အတွက်တော့ နိုဝင်ဘာလ ရောက်မှပဲ OnePlus 6T ကိုပွဲထုတ်လာနိုင်ပါတယ်။

Ref: XDA News