[Zawgyi]

နာမည္ၾကီးဖုန္းေတြကေတာ့ ထြက္ခါနီးေလေလ မ်က္စိေဒါက္ေထာက္ၾကည့္တဲ့သူေတြ မ်ားလာေလေလ Leak ေတြ တစ္ခုျပီးတစ္ခု ထြက္လာေလေလပါ။ ဒီလို Leak သတင္းေတြ ထြက္တဲ့ေနရာမွာ နာမည္ၾကီးတစ္ေယာက္ေတာ့ OnePlus 7 Flagship ဖုန္းအသစ္ရဲ႔ပံုကို သူ႔ရဲ႕ တြစ္တာအေကာင့္မွာ တင္ထားခဲ့ပါတယ္။

တင္လိုက္တဲ့ပံုေလးက OnePlus 7 က Slider ဖုန္းအေနနဲ႔ ထြက္လာမယ့္ပံုစံမ်ိဳးပါ။ အဲဒီ Slider နဲ႔ပံုကိုတင္ျပီး ေနာက္ထပ္ကိုထပ္တင္လုိက္တဲ့ပံုေလးကေတာ့ Notch မပါတဲ့ Screen နဲ႔ အေပၚကေနထြက္လာတဲ့ Pop-Up Selfie Camera နဲ႔ ပံုပါပဲ။

ပံုမွာေတာ့ ဖုန္းရဲ႕ ေဘာင္ Bezel ၄ဘက္လံုးက ေတာ္ေတာ္ၾကီးကိုပါးေနတာေတြ႔ရျပီး အေပၚဘက္ Bezel ကလည္း Selfie Camera တလံုး ထားလုိ႔ရေလာက္ေအာင္ ေနရာမရိွေတာ့ PopUp Camera နဲ႔ ထြက္လာမယ္လို႔ ယူဆရပါတယ္။

ဖုန္းရဲ႕ ညာဘက္အေပၚေထာင့္ေလးမွာေတာ့ “Alert Slider” လို ခလုတ္ေလးနဲ႔ Power Key နဲ႔ ရိွေနတာျဖစ္ျပီး ဖုန္းရဲ႕ဘယ္ဘက္မွာေတာ့ အသံအတိုးအေလွ်ာ့ခလုတ္ေတြ ရိွပါတယ္။ ဘာပဲေနေန Notch လံုးဝမပါတဲ့ Screen အျပည့္ဆိုတဲ့ Feeling ကို အျပည့္အဝေပးစြမ္းႏုိင္မွာပါ။

Oppo ရဲ႕ Brand သက္သက္အေနနဲ႔ ခြဲထြက္ေနတဲ့ OnePlus အေနနဲ႔ OPPO နဲ႔တူတူ ဒီဇုိင္းေတြထပ္ေနတာက သိပ္အဆန္းေတာ့လည္း မဟုတ္ေတာ့ပါဘူး။ OnePlus 6 တုန္းကလည္း OPPO R15 Plus လို Notch နဲ႔ျဖစ္ျပီး OnePlus 6T က်ေတာ့လည္း OPPO R17Pro လို Waterdrop Notch နဲ႔ ထြက္လာခဲ့ပါတယ္။ အခုလည္း OPPO R19 Pro ကို တရုတ္ႏုိင္ငံမွာ မိတ္ဆက္ေတာ့မယ္လို႔ သတင္းေတြၾကားေနရေတာ့ Notch မပါတဲ့ Display နဲ႔ Pop-Up Selfie Camera နဲ႔ OnePlus 7 ကို ျမင္ရမယ့္ အလားအလာပါပဲ။

လာမယ့္ Mobile World Congress (MWC) 2019 မွာ OnePlus ကေန 5G ရႏုိင္တဲ့စမတ္ဖုန္းကို မိတ္ဆက္ျပသမွာျဖစ္ျပီး အေပၚမွာျပထားတဲ့ပံုကလည္း OnePlus 7 ရဲ႕ 5G Prototype ေမာ္ဒယ္လ္ျဖစ္ဖိို႔ မ်ားပါတယ္။ တကယ္ပဲ အဲလိုပံုစံနဲ႔သာထြက္လာရင္ ထ,က မယ့္သူ ဘယ္ႏွေယာက္မ်ား ရိွႏုိင္ေလာက္မလဲ?

Source: GizmoChina

[Unicode]

နာမည်ကြီးဖုန်းတွေကတော့ ထွက်ခါနီးလေလေ မျက်စိဒေါက်ထောက်ကြည့်တဲ့သူတွေ များလာလေလေ Leak တွေ တစ်ခုပြီးတစ်ခု ထွက်လာလေလေပါ။ ဒီလို Leak သတင်းတွေ ထွက်တဲ့နေရာမှာ နာမည်ကြီးတစ်ယောက်တော့ OnePlus 7 Flagship ဖုန်းအသစ်ရဲ့ပုံကို သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ထားခဲ့ပါတယ်။

တင်လိုက်တဲ့ပုံလေးက OnePlus 7 က Slider ဖုန်းအနေနဲ့ ထွက်လာမယ့်ပုံစံမျိုးပါ။ အဲဒီ Slider နဲ့ပုံကိုတင်ပြီး နောက်ထပ်ကိုထပ်တင်လိုက်တဲ့ပုံလေးကတော့ Notch မပါတဲ့ Screen နဲ့ အပေါ်ကနေထွက်လာတဲ့ Pop-Up Selfie Camera နဲ့ ပုံပါပဲ။

ပုံမှာတော့ ဖုန်းရဲ့ ဘောင် Bezel ၄ဘက်လုံးက တော်တော်ကြီးကိုပါးနေတာတွေ့ရပြီး အပေါ်ဘက် Bezel ကလည်း Selfie Camera တလုံး ထားလို့ရလောက်အောင် နေရာမရှိတော့ PopUp Camera နဲ့ ထွက်လာမယ်လို့ ယူဆရပါတယ်။

ဖုန်းရဲ့ ညာဘက်အပေါ်ထောင့်လေးမှာတော့ “Alert Slider” လို ခလုတ်လေးနဲ့ Power Key နဲ့ ရှိနေတာဖြစ်ပြီး ဖုန်းရဲ့ဘယ်ဘက်မှာတော့ အသံအတိုးအလျှော့ခလုတ်တွေ ရှိပါတယ်။ ဘာပဲနေနေ Notch လုံးဝမပါတဲ့ Screen အပြည့်ဆိုတဲ့ Feeling ကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။

Oppo ရဲ့ Brand သက်သက်အနေနဲ့ ခွဲထွက်နေတဲ့ OnePlus အနေနဲ့ OPPO နဲ့တူတူ ဒီဇိုင်းတွေထပ်နေတာက သိပ်အဆန်းတော့လည်း မဟုတ်တော့ပါဘူး။ OnePlus 6 တုန်းကလည်း OPPO R15 Plus လို Notch နဲ့ဖြစ်ပြီး OnePlus 6T ကျတော့လည်း OPPO R17Pro လို Waterdrop Notch နဲ့ ထွက်လာခဲ့ပါတယ်။ အခုလည်း OPPO R19 Pro ကို တရုတ်နိုင်ငံမှာ မိတ်ဆက်တော့မယ်လို့ သတင်းတွေကြားနေရတော့ Notch မပါတဲ့ Display နဲ့ Pop-Up Selfie Camera နဲ့ OnePlus 7 ကို မြင်ရမယ့် အလားအလာပါပဲ။

လာမယ့် Mobile World Congress (MWC) 2019 မှာ OnePlus ကနေ 5G ရနိုင်တဲ့စမတ်ဖုန်းကို မိတ်ဆက်ပြသမှာဖြစ်ပြီး အပေါ်မှာပြထားတဲ့ပုံကလည်း OnePlus 7 ရဲ့ 5G Prototype မော်ဒယ်လ်ဖြစ်ဖို့ များပါတယ်။ တကယ်ပဲ အဲလိုပုံစံနဲ့သာထွက်လာရင် ထ,က မယ့်သူ ဘယ်နှယောက်များ ရှိနိုင်လောက်မလဲ?

Source: GizmoChina