Zawgyi

OnePlus 6T ကို ပြဲထုတ္ထားတာ သိပ္မၾကာေသးေပမယ့္ OnePlus 7 ရဲ႕ ေကာလဟလေတြနဲ႕ သတင္းေပါက္ၾကားခ်က္ေတြကေတာ့ တစ္ေန႕တစ္ျခား ထြက္ေပၚလို႔လာပါၿပီ။ ထြက္သမွ်ဖုန္းတိုင္း ေကာင္းသည္ထက္ေကာင္းလာၿပီး ကင္မရာ အရည္အေသြးဟာလည္း တစ္ျခား Flagship ဖုန္းေတြနဲ႕ ရင္ေပါင္တန္းလာနိုင္တဲ့အတြက္ OnePlus ဟာ နာမည္ႀကီး Brand တစ္ခုျဖစ္လာပါၿပီ။

၂၀၁၉ ဇြန္လေလာက္မွာ ထြက္လာနိုင္တဲ့ OnePlus 7 ကို အခုကတည္းက ေစာင့္ေမွ်ာ္ေနၾကပါၿပီ။ OnePlus 7 မွာ 5G အေထာက္အပံ့စနစ္နဲ႕ အတူ Punch Hole Display ပါဝင္လာမယ္လို႔ သတင္းေတြထြက္ေနတုန္းမွာပဲ OnePlus 7 ရဲ႕ပုံ တစ္ပုံဟာ အင္တာနက္ေပၚမွာ ပ်ံ့ႏွံ႕လို႔ေနပါၿပီ။

ပုံမွာျမင္ရတဲ့အတိုင္းပဲ OnePlus 7 လို႔ယူဆရတဲ့ ဖုန္းတစ္လုံးကို စက္႐ုံသုံး ဖုန္း ကာဗာ တစ္ခုထဲမွာေတြ႕ရပါတယ္။ သူ႕ေဘးမွာေတာ့ OnePlus 6T ကိုယွဥ္ျပထားပါတယ္။ ပုံကိုျမင္တာနဲ႕ တပ္အပ္ေျပာနိုင္တာကေတာ့ OnePlus 7 ဟာ လုံးဝ မ်က္ႏွာျပင္ အျပည့္နဲ႕ ဖုန္းျဖစ္သြားၿပီဆိုတာပါပဲ။ ေမးခြန္းထုတ္စရာကေတာ့ Selfie Camera ကို ဘယ္နားသြားထား ထားလဲ ဆိုတာပါပဲ။ ျဖစ္နိုင္ေျခကေတာ့ VIVO NEX မွာလိုမ်ိဳး Pop Up Selfie Camera နဲ႕ Honor Magic 2 နဲ႕ Mi Mix 3 မွာလို Slider နဲ႕လာနိုင္တာပါ။ တစ္ကယ္လို႔သာ VIVO NEX မွာလို Pop Up Selfie Camera သုံးမယ္ဆို ေမာ္တာအေသးေလးကို မျဖစ္မေန တပ္ဆင္ေပးရမွာပါ။ Mix 3 မွာလို Manual Slider သုံးမယ္ဆိုရင္ေတာ့ အကုန္အက်သက္သာနိုင္ပါတယ္။

OnePlus 7 ရဲ႕ ေအာက္ေျခဘက္ကိုေတာ့ ျမင္ေတြ႕ရျခင္းမရွိတဲ့အတြက္ OnePlus 6T ရဲ႕ Chin ထက္ ပိုေသးသြားလားဆိုတာကိုေတာ့ မသိရပါဘူး။ Stereo Speaker ေတြတပ္ဆင္ေပးသြားနိုင္ၿပီး OnePlus 6T ရဲ႕ အသံပိုင္းဆိုင္ရာ အားနည္းခ်က္ကို ျပင္ဆင္ေပးသြားနိုင္ပါတယ္။

OnePlus 7 ဟာ ဇြန္လအေစာပိုင္းေလာက္မွာ ထြက္ေပၚလာနိုင္ၿပီး ၂၀၁၉ ရဲ႕ Flagship SoC ျဖစ္တဲ့ Snapdragon 855 ကို အသုံးျပဳထားမွာပါ။ 5G အေထာက္အပံ့ေပးတဲ့ ေမာ္ဒယ္တစ္မ်ိဳးပါ မိတ္ဆက္မယ္လို႔သတင္းေတြထြက္ေပၚေနပါေသးတယ္။

Ref: Gizmo China

Unicode

OnePlus 6T ကို ပွဲထုတ်ထားတာ သိပ်မကြာသေးပေမယ့် OnePlus 7 ရဲ့ ကောလဟလတွေနဲ့ သတင်းပေါက်ကြားချက်တွေကတော့ တစ်နေ့တစ်ခြား ထွက်ပေါ်လို့လာပါပြီ။ ထွက်သမျှဖုန်းတိုင်း ကောင်းသည်ထက်ကောင်းလာပြီး ကင်မရာ အရည်အသွေးဟာလည်း တစ်ခြား Flagship ဖုန်းတွေနဲ့ ရင်ပေါင်တန်းလာနိုင်တဲ့အတွက် OnePlus ဟာ နာမည်ကြီး Brand တစ်ခုဖြစ်လာပါပြီ။

၂၀၁၉ ဇွန်လလောက်မှာ ထွက်လာနိုင်တဲ့ OnePlus 7 ကို အခုကတည်းက စောင့်မျှော်နေကြပါပြီ။ OnePlus 7 မှာ 5G အထောက်အပံ့စနစ်နဲ့ အတူ Punch Hole Display ပါဝင်လာမယ်လို့ သတင်းတွေထွက်နေတုန်းမှာပဲ OnePlus 7 ရဲ့ပုံ တစ်ပုံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လို့နေပါပြီ။

ပုံမှာမြင်ရတဲ့အတိုင်းပဲ OnePlus 7 လို့ယူဆရတဲ့ ဖုန်းတစ်လုံးကို စက်ရုံသုံး ဖုန်း ကာဗာ တစ်ခုထဲမှာတွေ့ရပါတယ်။ သူ့ဘေးမှာတော့ OnePlus 6T ကိုယှဉ်ပြထားပါတယ်။ ပုံကိုမြင်တာနဲ့ တပ်အပ်ပြောနိုင်တာကတော့ OnePlus 7 ဟာ လုံးဝ မျက်နှာပြင် အပြည့်နဲ့ ဖုန်းဖြစ်သွားပြီဆိုတာပါပဲ။ မေးခွန်းထုတ်စရာကတော့ Selfie Camera ကို ဘယ်နားသွားထား ထားလဲ ဆိုတာပါပဲ။ ဖြစ်နိုင်ခြေကတော့ VIVO NEX မှာလိုမျိုး Pop Up Selfie Camera နဲ့ Honor Magic 2 နဲ့ Mi Mix 3 မှာလို Slider နဲ့လာနိုင်တာပါ။ တစ်ကယ်လို့သာ VIVO NEX မှာလို Pop Up Selfie Camera သုံးမယ်ဆို မော်တာအသေးလေးကို မဖြစ်မနေ တပ်ဆင်ပေးရမှာပါ။ Mix 3 မှာလို Manual Slider သုံးမယ်ဆိုရင်တော့ အကုန်အကျသက်သာနိုင်ပါတယ်။

OnePlus 7 ရဲ့ အောက်ခြေဘက်ကိုတော့ မြင်တွေ့ရခြင်းမရှိတဲ့အတွက် OnePlus 6T ရဲ့ Chin ထက် ပိုသေးသွားလားဆိုတာကိုတော့ မသိရပါဘူး။ Stereo Speaker တွေတပ်ဆင်ပေးသွားနိုင်ပြီး OnePlus 6T ရဲ့ အသံပိုင်းဆိုင်ရာ အားနည်းချက်ကို ပြင်ဆင်ပေးသွားနိုင်ပါတယ်။

OnePlus 7 ဟာ ဇွန်လအစောပိုင်းလောက်မှာ ထွက်ပေါ်လာနိုင်ပြီး ၂၀၁၉ ရဲ့ Flagship SoC ဖြစ်တဲ့ Snapdragon 855 ကို အသုံးပြုထားမှာပါ။ 5G အထောက်အပံ့ပေးတဲ့ မော်ဒယ်တစ်မျိုးပါ မိတ်ဆက်မယ်လို့သတင်းတွေထွက်ပေါ်နေပါသေးတယ်။

Ref: Gizmo China