One Plus 6 ကတော့ One Plus  ကုမ္ပဏီအတွက် ရောင်းအားအကောင်းဆုံးစံချိန်တစ်ခုကိုချိုးလိုက်ပီပဲဖြစ်ပါတယ်။

One Plus 6 ဖုန်းကို စတင်မိတ်ဆက်ပြီး ရက်ပေါင်း ၂၂ ရက်အတွင်း တစ်ကမ္ဘာလုံးမှာ အလုံးရေ ၁ သန်းရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ကုမ္ပဏီကနေတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီရောင်းချခဲ့မှုဟာ ကုမ္ပဏီရဲ့ သမိုင်းမှာ အမြန်ဆုံးရောင်းချခဲ့ရမှုဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်တွေကထွက်ရှိခဲ့တဲ့ One Plus 5 နဲ့ One Plus 5 T တို့ရဲ့သုံးလရောင်းအားစံချိန်ကိုပါချိုးဖျက်ခဲ့တယ်လို့ဆိုပါတယ်။

အခုနောက်ဆုံးထွက်ရှိလာတဲ့  One Plus 6 ကိုအမျိုးအစားသုံးမျိုး ခွဲခြားထားပြီး အနိမ့်ဆုံမော်ဒယ် Ram 6 GB နဲ့ 64 Storage အတွက်ကို $(529) ကျသင့်မှာဖြစ်ပြီးတော့ Ram 8GB နဲ့ 128 Storage အတွက်ကိုတော့ ($579) ကျသင့်မှာဖြစ်ပါတယ်။Ram 8 GB နဲ့ 256 Storage မော်ဒယ်ကတော့ အမြင့်ဆုံးဖြစ်ပြီး ($629) ကျသင့်မှာဖြစ်ပါတယ်။

အခုဈေးနှုန်းတွေဟာ One Plus ကုမ္ပဏီကထွက်ရှိခဲ့ဖူးတဲ့ ဖုန်းအမျိုးအစားတွေထဲမှာ ဈေးနှုန်းအမြင့်ဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားဖုန်းကုမ္ပဏီတွေကထွက်ရှိတဲ့နောက်ဆုံးထွက်ဖုန်းတွေထက်တော့ ဈေးကသက်သာနေဆဲပါ။

ဒီဖုန်းဟာ  ဈေးနှုန်းသက်သာပီးစွမ်းဆောင်ရည်ကောင်းမွန်တာကြောင့် LG ကနေခုနောက်ဆုံးထွက်ခဲ့တဲ့ LG G7 Thin Q နဲ့ Samsung ကနေနောက်ဆုံးထွက်ရှိထားတဲ့ S9 Plus တို့ကိုစွမ်းဆောင်ရည်ပိုင်းမှာအကောင်းဆုံးယှဉ်ပြိုင်နိုင်တယ်လို့ နိုင်ငံတကာဖုန်းလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။

One Plus 6 ကို မြန်မာနိုင်ငံမှာလည်းရရှိနေပြီဖြစ်ပါတယ်။

Photo: www.gsmarena.com