ပြီးခဲ့တဲ့ ရက်အနည်းငယ်က OnePlus ဟာ OnePlus 6 ကိုအရောင်အသစ်တစ်မျိုးနဲ့ ထွက်ရှိမယ်ဆိုပြီး ကြော်ငြာခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ OnePlus 6 ဟာ OnePlus 6 ကို အနီရောင်နဲ့ ထွက်ရှိမယ်ဆိုပြီး တရားဝင် ကြေညာလိုက်ပါပြီ။

Source: techsite.com

OnePlus 5T တုန်းက ထွက်ရှိခဲ့တဲ့ အနီရောင်ကိုတော့ Lava Red လို့နာမည်ပေးခဲ့ပေးမယ့် OnePlus 6 ရဲ့အနီရောင်ကိုတော့ ရိုးရိုးပဲ Red လို့နာမည်ပေးထားတာ တွေ့ရပါတယ်။ OnePlus 5T ရဲ့ Lava Red Edition ဟာ အတော်အတန် အောင်မြင်ပြီးတဲ့နောက်မှာ OnePlus ဟာ သူ့ရဲ့ SmartPhone တွေကို SmartPhone လောကမှာ မြင်နေကျ အရောင်တွေထက် ထူးခြားတဲ့အရောင်မျိုးနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေတာ ဖြစ်နိုင်ပါတယ်။ ကြော်ငြာမှာ မြင်ရတဲ့ ပုံအရဆိုရင်တော့ OnePlus 6 Red Edition ဟာ တောက်ပြောင်ချောမွတ်တဲ့ အနီရောင် ပုံစံအဖြစ် ထုတ်လုပ်ထားပြီး လာမယ့် ဇူလိုင် ၁၀ ရက်နေ့မှာ စတင် ဖြန့်ဖြူးရောင်းချမယ်လို့ သိရပါတယ်။

Source: androidauthority.com

8GB RAM နဲ့ Storage 128GB သုံးထားတဲ့ OnePlus 6 Red Edition ဟာ ပုံမှန် OnePlus 6 ရဲ့ဈေးနှုန်း $579 နဲ့သာ ဆက်လက်ရောင်းချမှာ ဖြစ်ပြီး လက်ရှိ OnePlus 6 ရောင်းချနေတဲ့ နိုင်ငံတွေအကုန်လုံးမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။