Zawgyi Font

လြန္ခဲ့တဲ့ နာရီပိုင္းေလာက္ကပဲ Oneplus Website မွာ Game ေလးတစ္ခုေဆာ့လို႔ရေနပါျပီ။ ဘယ္သူမဆိုဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္ျပီး Puzzle Game ေတြကိုေဆာ့ကစားျပီး အေျဖရွာရမွာပါ။ အဆင့္ေပါင္းမ်ားစြာရွိျပီး အခုဆိုရင္ စာလံုးေတြကို အစဥ္လိုက္စီျပီး မွန္ကန္တဲ့ စကားလံုးကို ေျဖေပးရမွာပါ။ Oneplus ဟာ အဆိုပါ ျပိဳင္ပြဲကို လြန္ခဲ့တဲ့ရက္ေတြကတည္းက ေၾကညာခဲ့ျပီး ပထမဆုကို ေဒၚလာေထာင္ေက်ာ္တန္ Gaming PC Set ေပးမယ္လို႔သိရျပီး ဒုတိယဆုန႔ဲ တတိယဆုရတဲ့သူေတြကိုလည္း ဆုၾကီးေတြေပးသြားမယ္လို႔သိရပါတယ္။

Oneplus ဟာ အဆိုပါ Game ကို Google နဲ႔ ပူးေပါင္းျပီးေရးဆြဲခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ဝင္ေရာက္ယွဥ္ျပိဳင္ခ်င္ရင္ေတာ့ Chrome Browser လိုအပ္ျပီး Google Account နဲ႔ Log In ဝင္ထားရမွာပါ။ Google Account နဲ႔မဝင္ထားမိရင္ေတာ့ ေဆာ့လက္စ Level ေတြအကုန္ပ်က္သြားမွာျဖစ္တယ္လို႔သိရပါတယ္။ ဖုန္းေပၚမွာေဆာ့ရမယ့္ Puzzle Game ေတြအျပင္ အျပင္ေလာကမွာပါေဆာ့ရမယ့္ AR Game လိုမ်ိဳးေတြလဲပါဝင္လာႏိုင္တယ္လို႔သတင္းရရွိပါတယ္။ ဒီ Game ကိုတစ္ရက္တည္းလုပ္မွာမဟုတ္ပဲ Level အမ်ားၾကီးေဆာ့ကစားရမွာပါ။

Level တစ္ခုခ်င္းစီမွာ သက္မွတ္ထားတဲ့ အခ်ိန္နဲ႔ ကစားသူအေရအတြက္ရွိျပီး သက္မွတ္ထားတဲ့ အခ်ိန္အတြင္းမွာ သက္မွတ္ထားတဲ့ Winner အေရအတြက္ျပည့္သြားရင္ေတာ့ အဆိုပါ အႏိုင္ရရွိသြားတဲ့ ကစားသမားေတြကပဲေနာက္တစ္ဆင့္တက္ရမွာပါ။ ေလာေလာဆယ္ Admin လည္းေဆာ့ေနျပီး ေနာက္ဆံုးရရွိထားတဲ့ အေျဖ ကေတာ့ “REGAOAY” ပါ။ အဓိပၸါယ္ရွိတဲ့ စကားလံုးအျဖစ္ျပန္စီရင္ “YEAR AGO” လို႔ရေပမယ့္ Google ကိုစေထာင္တဲ့ႏွစ္ကိုေျပာတာလား။ Oneplus စေထာင္တဲ့ႏွစ္ကိုေျပာတာလားမသိပါဘူး။ ႏွစ္မ်ိဳးလံုးစမ္းၾကည့္ေပမယ့္လည္း အေျဖကမမွန္ေသးပါဘူး။ ပရိတ္သတ္ၾကီးလည္း စမ္းေဆာ့ၾကည့္ခ်င္ရင္ Chrome Browser ကေန Oneplus Website ကိုသြားျပီး အဲ့ဒီ Game ေလးကိုဝင္ေရာက္ကစားႏိုင္ပါတယ္။ Game နာမည္ကိုေတာ့ “Crackables” လို႔ေပးထားပါတယ္။

Unicode Version

လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ Oneplus Website မှာ Game လေးတစ်ခုဆော့လို့ရနေပါပြီ။ ဘယ်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး Puzzle Game တွေကိုဆော့ကစားပြီး အဖြေရှာရမှာပါ။ အဆင့်ပေါင်းများစွာရှိပြီး အခုဆိုရင် စာလုံးတွေကို အစဉ်လိုက်စီပြီး မှန်ကန်တဲ့ စကားလုံးကို ဖြေပေးရမှာပါ။ Oneplus ဟာ အဆိုပါ ပြိုင်ပွဲကို လွန်ခဲ့တဲ့ရက်တွေကတည်းက ကြေညာခဲ့ပြီး ပထမဆုကို ဒေါ်လာထောင်ကျော်တန် Gaming PC Set ပေးမယ်လို့သိရပြီး ဒုတိယဆုနဲ့ တတိယဆုရတဲ့သူတွေကိုလည်း ဆုကြီးတွေပေးသွားမယ်လို့သိရပါတယ်။

Oneplus ဟာ အဆိုပါ Game ကို Google နဲ့ ပူးပေါင်းပြီးရေးဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ချင်ရင်တော့ Chrome Browser လိုအပ်ပြီး Google Account နဲ့ Log In ဝင်ထားရမှာပါ။ Google Account နဲ့မဝင်ထားမိရင်တော့ ဆော့လက်စ Level တွေအကုန်ပျက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဖုန်းပေါ်မှာဆော့ရမယ့် Puzzle Game တွေအပြင် အပြင်လောကမှာပါဆော့ရမယ့် AR Game လိုမျိုးတွေလဲပါဝင်လာနိုင်တယ်လို့သတင်းရရှိပါတယ်။ ဒီ Game ကိုတစ်ရက်တည်းလုပ်မှာမဟုတ်ပဲ Level အများကြီးဆော့ကစားရမှာပါ။

Level တစ်ခုချင်းစီမှာ သက်မှတ်ထားတဲ့ အချိန်နဲ့ ကစားသူအရေအတွက်ရှိပြီး သက်မှတ်ထားတဲ့ အချိန်အတွင်းမှာ သက်မှတ်ထားတဲ့ Winner အရေအတွက်ပြည့်သွားရင်တော့ အဆိုပါ အနိုင်ရရှိသွားတဲ့ ကစားသမားတွေကပဲနောက်တစ်ဆင့်တက်ရမှာပါ။ လောလောဆယ် Admin လည်းဆော့နေပြီး နောက်ဆုံးရရှိထားတဲ့ အဖြေ ကတော့ “REGAOAY” ပါ။ အဓိပ္ပါယ်ရှိတဲ့ စကားလုံးအဖြစ်ပြန်စီရင် “YEAR AGO” လို့ရပေမယ့် Google ကိုစထောင်တဲ့နှစ်ကိုပြောတာလား။ Oneplus စထောင်တဲ့နှစ်ကိုပြောတာလားမသိပါဘူး။ နှစ်မျိုးလုံးစမ်းကြည့်ပေမယ့်လည်း အဖြေကမမှန်သေးပါဘူး။ ပရိတ်သတ်ကြီးလည်း စမ်းဆော့ကြည့်ချင်ရင် Chrome Browser ကနေ Oneplus Website ကိုသွားပြီး အဲ့ဒီ Game လေးကိုဝင်ရောက်ကစားနိုင်ပါတယ်။ Game နာမည်ကိုတော့ “Crackables” လို့ပေးထားပါတယ်။